【 နိုင်ငံတကာ 】 အစ္စရေးက အီရန်ကို လက်စားချေရန် ဆုံးဖြတ်ထားဟု အစ္စရေးရောက် ကင်မရွန်ပြော

【 နိုင်ငံတကာ 】 အစ္စရေးက အီရန်ကို လက်စားချေရန် ဆုံးဖြတ်ထားဟု အစ္စရေးရောက် ကင်မရွန်ပြော

တဲလ်အဗစ်၊ ဧပြီ - ၁၈
 
အစ္စရေးသည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို လက်စားချေရန် ပြတ်ပြတ် သားသား ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အစ္စရေးသို့ရောက်နေသည့် ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေးဗစ် ကင်မရွန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သောကြောင့် ဒေသတွင်း တင်းမာမှုမြင့်မားလာမည်ဆိုသည့် ပြင်းထန်သော သတိပေးချက်လည်း ဖြစ်လာခဲ့ပါတယ်။
 
အီရန်က စနေနေ့ညတွင် အစ္စရေးကို ဒုံးကျည်နှင့် ဒရုန်းရာချီ ပစ်ခတ်တိုက်ခိုက်ပြီးနောက် အင်အားကြီးနိုင်ငံများသည် အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားမှု ပိုမိုကျယ်ပြန့်လာမည်ကို တားဆီးရန် ကြိုးစားနေကြပါတယ်။
 
အီရန်သည် အစ္စရေးကို လက်ဝေခံများဖြင့်သာ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် ယခုတစ်ကြိမ်သည် ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုဖြစ်ပါတယ်။
 
ဗိုလ်ချုပ် ၂ ဦးနှင့် အီရန်အရာရှိအများအပြားသေဆုံးစေသည့် အစ္စရေးက ဒမတ်စကတ်ရှိ အီရန်သံရုံးကို ဧပြီလ ၁ ရက်နေ့ တိုက်ခိုက်မှုအတွက် အီရန်က အစ္စရေးကို  လက်တုံ့ပြန်ခြင်းဖြစ်ပါတယ်။
 
အစ္စရေးနှင့် အီရန် ကျောထောက်နောက်ခံပြု ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ တိုက်ခိုက်မှုသည် ၆ လအတွင်းရောက်လာပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံးတွင် တိုက်ခိုက်မှုများ ပျံ့နှံ့လာသောကြောင့် သံတမန်များသည် အစ္စရေးနှင့် အီရန် စစ်ဖြစ်မည့် အခြေအနေကို ရှောင်လွှဲရန် ကြိုးစားနေကြပါတယ်။
 
အီရန်က စနေနေ့တွင် ပစ်ခတ်သည့် ဒုံးကျည်များနှင့် ဒရုန်းအများစုကို အစ္စရေးနှင့် မဟာမိတ်များက ပစ်ချခဲ့ပြီး သေဆုံးမှုမရှိဘဲ အသေးစားပျက်စီးမှုသာရှိခဲ့ပါတယ်။
 
သို့သော် ၎င်းတို့၏ စစ်တားဆီးနိုင်စွမ်းကို ပြသရန် လက်စားချေရမည်ဟု အစ္စရေးက ပြောခဲ့ပါတယ်။
 
“အစ္စရေးက အရေးယူဖို့ ဆုံးဖြတ်ထားကြောင်း ထင်ရှားတယ်” ဟု ကင်မရွန်က သတင်းထောက် များကို ဂျေရုဆလင်ခရီးစဉ်အစောပိုင်းတွင် ပြောပါတယ်။
 
“တင်းမာမှု မမြင့်မားအောင်လုပ်ဖို့ ကျနော်တို့ မျှော်လင့်ရုံပဲ တတ်နိုင်တယ်” သတင်းထောက်များကို သူကပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters