【 နိုင်ငံတကာ 】 အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်စီးနင်းမှု စတင်

【 နိုင်ငံတကာ 】 အစ္စရေးတပ်ဖွဲ့ဝင်များ ဂါဇာကမ်းမြောင်သို့ ဝင်ရောက်စီးနင်းမှု စတင်

တဲလ်အဗစ်၊ အောက်တိုဘာ - ၁၄

တင့်ကားများဖြင့် ကျောထောက်နောက်ခံပြုထားသော အစ္စရေးတပ်ဖွဲ့များသည် ဟားမတ်စ်ကို ၎င်းတို့အစိုးရက စစ်ကြေညာပြီးကတည်းက ဝိုင်းရံထားသော ဂါဇာကမ်းမြှောင်သို့ ပထမဆုံး ဝင်ရောက်စီးနင်းမှု စတင်ခဲ့ရာ တစ်ပတ်ကြာ ဗုံးကြဲတိုက်ခိုက်မှုများနှင့် ဂါဇာ၏ မြောက်ပိုင်းတစ်ဝက်ကို ရွှေ့ပြောင်းရန် စစ်တပ်က အမိန့်ပေးပြီးနောက် လူဦးရေထူထပ်သော ပါလက်စတိုင်းနယ်မြေအပေါ် ဖိအားပေးမှုကို အရှိန်မြှင့်လိုက်ပြီဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်များသည် ဒုံးကျည်များသိမ်းယူရန်နှင့် ဟားမတ်စ်မှ ဖမ်းဆီးထားသော အစ္စရေးဓားစာခံများအကြောင်း သဲလွန်စများကို ရှာဖွေနေပြီး ဂါဇာကိုထိန်းချုပ်ထားတဲ့ ၎င်းစစ်သွေးကြွအဖွဲ့မှာ မကြာခင်မှာပဲ ဆုတ်ခွာသွားခဲ့ပါတယ်။

သို့သော် သောကြာနေ့က စီးနင်းမှုများသည် အစ္စရေးက ဂါဇာတွင် ၎င်း၏ ကျယ်ပြန့်သော မြေပြင်အစိတ်အပိုင်းအားလုံးကို သိမ်းယူရန် ကျူးကျော်မှုဆီသို့ နီးကပ်လာနေသည့် လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

အစ္စရေးစစ်တပ်က ဂါဇာမြို့အပါအဝင် ဂါဇာမြောက်ပိုင်းမှ နေထိုင်သူများကို “၎င်းတို့အတွက် ဘေးကင်းစေရန်နှင့် လုံခြုံစေရန်အတွက် ဂါဇာတောင်ပိုင်းသို့ ပြောင်းရွှေ့ရန်” သတိပေးခဲ့သည်ကို သောကြာနေ့တွင် အတည်ပြုခဲ့ပါတယ်။

ဂါဇာမြို့တော်တွင် စစ်ရေးအရ စစ်ဆင်ရေးများပြုလုပ်ရန် စီစဉ်ထားသည်ဟု ဆိုပြီး ၎င်းဒေသနေထိုင်သူများကို နောက်ထပ်ကြေညာချက်မထုတ်မချင်း ပြန်လာခွင့်မပြုဟု ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂.၃ သန်း၏ ထက်ဝက်နီးပါးဖြစ်သည့် လူ ၁.၁ သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်အတွက် အစ္စရေးက ၂၄ နာရီသာ အချိန်ပေးထားကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။အလားတူအမိန့်မှာ ကုလသမဂ္ဂအရာရှိများနှင့် ကုလသမဂ္ဂစာသင်ကျောင်းများ၊ ဘေးရှောင်စခန်းများနှင့် ဆေးခန်းများတွင် ခိုလှုံနေကြသော ထောင်နှင့်ချီသောလူများလည်း သက်ဆိုင်သည်ဟု ဆိုပါတယ်။

အမိန့်အပြီးတွင် ထောင်နှင့်ချီသော ပါလက်စတိုင်းတို့သည် ထရပ်ကား၊ မော်တော်ဆိုင်ကယ်၊ မြည်းတွန်းလှည်း (သို့မဟုတ်) လူပြည့်ကျပ်နေသော ကားဖြင့် တောင်ဘက်သို့ ဦးတည်သွားကြပါတယ်။

ဂါဇာမြောက်ပိုင်းမှ ထွက်ခွာရန် ကြိုးပမ်းစဉ် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၄၀ သေဆုံးပြီး ၁၅၀ ဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အစ္စရေး၏ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးမှုသည် လူတစ်သန်းကျော်အတွက် ဆိုးရွားသည့် အကျိုးဆက်များနှင့်အတူ ထိတ်လန့်ဖရိုဖရဲမှုများကို ဖြစ်စေနိုင်ကြောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများက သတိပေးထားပါတယ်။

Linko
Ref - TheGlobeandmail