【 နိုင်ငံတကာ 】 အစ္စရေးသံရုံးမှ ဝန်ထမ်းတစ်ဦး နေ့ခင်းဘက် ပေကျင်းလမ်းပေါ်မှ ဓားဖြင့် တိုက်ခိုက်ခံရ

【 နိုင်ငံတကာ 】 အစ္စရေးသံရုံးမှ ဝန်ထမ်းတစ်ဦး နေ့ခင်းဘက် ပေကျင်းလမ်းပေါ်မှ ဓားဖြင့် တိုက်ခိုက်ခံရ

ပေကျင်း၊ အောက်တိုဘာ - ၁၄

ပေကျင်းရှိ အစ္စရေးသံရုံးဝန်ထမ်းတစ်ဦး လမ်းပေါ်၌ နေ့ခင်းဘက် ဓားဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့ရာ ၎င်းဖြစ်ပွားမှုတွင် ဘယ်အရာက လှုံ့ဆော်ခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆိုပါတယ်။

အဆိုပါဝန်ထမ်းသည် ဆေးရုံတွင် အခြေအနေတည်ငြိမ်မှုရှိကြောင်း အစ္စရေးသံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Bloomberg News သို့ ပြောကြားခဲ့ပြီး သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

ယခင်က Twitter ဟု လူသိများသော X တွင် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခု၌ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို ပြသထားပါတယ်။

ဗီဒီယိုတွင် အဖြူရောင်ဝတ်ထားသည့် အမျိုးသားက တစ်ဖက်လူကို အကြိမ်ပေါင်းများစွာ ဓားဖြင့်ထိုးတာကို ပြခဲ့ပါတယ်။

လမ်းကို အပေါ်စီးမှမြင်ရသော အဆောက်အအုံတစ်ခုမှ တစ်ယောက်က ရိုက်ကူးထားသည့် ၎င်းဗီဒီယိုဖိုင်တွင် အကြမ်းဖက်ခံရသူသည် နောက်ပိုင်းတွင် ဘေးကင်းရာသို့ ရွှေ့သွားပြီး တိုက်ခိုက်သူမှာ ထွက်ပြေးသွားတာကို ပြသထားပါတယ်။

လမ်းဘေးတွင် ရိုက်ကူးထားသော သီးခြားဗီဒီယိုတစ်ခုတွင် သွေးစွန်းနေသော တိုက်ခိုက်ခံရသူအား ကူညီနေသူများကို ပြသထားပါတယ်။

၎င်းက တရုတ်ဘာသာဖြင့် “ငါက အစ္စရေးသံရုံးက” ဟု ပြောနေသည့် အသံကို ကြားရပါတယ်။

“မကြာခင် လူနာတင်ယာဉ်လာတော့မယ်” လို့ အင်္ဂလိပ်လို အခြားတစ်ယောက်က ပြောခဲ့ပါတယ်။

X တွင် ဗီဒီယိုများကို တင်ခဲ့သူသည် သောကြာနေ့ ညနေခင်းထိ  မက်ဆေ့ချ်များကို တုံ့ပြန်ခြင်းမရှိပေ။ယင်းဖြစ်ရပ်မှာ ဂါဇာရှိ အကျပ်အတည်းနှင့် ဆက်စပ်နေသည်ဟု အရိပ်အယောင်မရှိပေ။

သို့ရာတွင် တိုက်ခိုက်သူအနေဖြင့် ၎င်း၏ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ ဥပဒေအရ အပြစ်ပေးခံရမည်ဟု Global Times သတင်းစာ၏ အယ်ဒီတာဟောင်း Hu Xijin က တရုတ်ဆိုရှယ်မီဒီယာ Weibo တွင် ပြောကြားခဲ့ပါတယ်။

Linko
Ref - Bloomberg News