【 နိုင်ငံတကာ 】 အစ္စရေး၏ ဂါဇာထိုးစစ်ရပ်ရန် မွတ်ဆလင်ကမ္ဘာတွင် ဆန္ဒပြ

【 နိုင်ငံတကာ 】 အစ္စရေး၏ ဂါဇာထိုးစစ်ရပ်ရန် မွတ်ဆလင်ကမ္ဘာတွင် ဆန္ဒပြ

အစ္စတန်ဘူလ်၊ အောက်တိုဘာ - ၂၁

ဂျာကာတာမှ တူးနစ်အထိ ဆန္ဒပြသူများသည် အစ္စရေးက ဂါဇာကို လေကြောင်းမှ ၂ ပတ်ကြာ တိုက်ခိုက်မှုပြုလုပ်ရန် သောကြာနေ့တွင် ဆန္ဒပြကြသည်။

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၁၀၀ ကျော်ပြီဖြစ်ကြောင်း အာဏာပိုင်များ ပြောကြားခဲ့ပါတယ်။

အစ္စရေးသည် ဟားမတ်စ်ကို အမြစ်ဖြတ်ရန် ရည်ရွယ်ပြီး သေးငယ်ကျပ်သိပ်သော ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်နေပါတယ်။ဟားမတ်စ်သည် အစ္စရေးမြို့များကို အောက်တိုဘာလ ၇ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်သောကြောင့် လူ ၁၄၀၀ သေဆုံးခဲ့ပါတယ်။

အနောက်နိုင်ငံအစိုးရများသည် အစ္စရေးစစ်ဆင်ရေးကို ထောက်ခံကြောင်း ပြောသော်လည်း မွတ်ဆလင်နိုင်ငံများက ချက်ခြင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုနေပြီး ထိုနိုင်ငံများမှ ပြည်သူများက ဂါဇာမှအခြေအနေများကို ဒေါသထွက်ပြီး ပါလက်စတိုင်းများနှင့် ရပ်တည်ကြောင်း ပြောခဲ့ပါတယ်။

ဂါဇာမှ ဆေးရုံတစ်ရုံကို တိုက်ခိုက်မှုအတွင်း လူရာချီသေဆုံးကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ကြေညာပြီးနောက် ဒေသတွင်းတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါတယ်။ထိုလေကြောင်းတိုက်ခိုက်မှုကို အစ္စရေးကလုပ်ခြင်းဖြစ်ကြောင်း ဟားမတ်စ်က ပြောပါတယ်။

အစ္စရေးကမူ ထိုပေါက်ကွဲမှုသည် ဟားမတ်စ်ဒုံးကျည်တစ်စင်း မအောင်မြင်ဘဲ ပေါက်ကွဲခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

၁၉၉၄ ခုနှစ်တွင် အစ္စရေးနှင့် ငြိမ်းချမ်းရေးလုပ်ခဲ့သော်လည်း ပါလက်စတိုင်းအနွယ်ဝင် လူများစုရှိသော ဂျော်ဒန်နိုင်ငံ မြို့လယ်တွင် လူ ၆၀၀၀ ဆန္ဒပြပွဲကျင်းပပြီး အစ္စရေးသံရုံးအနီး ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

အစ္စရေး သံတမန်ဆက်ဆံရေး အပြည့်အဝရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် တူရကီနှင့် အီဂျစ်တွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြပါတယ်။

အစ္စတန်ဘူလ်မှ ဘီရာဇစ်ဗလီတွင် လူ ၂၀၀၀ ခန့် စုရုံးပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ရုပ်ပုံတူကို မီးရှို့ကာ ပါလက်စတိုင်းအလံများ ဝှေ့ယှမ်းကြပါတယ်။အချို့က လူမျိုးတုံးသတ်ဖြတ်မှုရပ်၊ အကြမ်းဖက်သမား အစ္စရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပါတယ်။

အီဂျစ်တွင် ဆန္ဒပြသူထောင်ပေါင်းများစွာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အယ်လ်အက်ဇာဗလီတွင် စုဝေးပြီး “အာရပ်စစ်တပ် ဘယ်ရောက်နေလဲ” ဟု အော်ဟစ်ကြပါတယ်။အချို့က တာရီယာရင်ပြင်တွင် စုဝေးခဲ့ကြပါတယ်။

အချို့က အစ္စရေးကို စစ်ရေးအရ အရေးယူရန် တောင်းဆိုပြီး အချို့က အာရပ်နိုင်ငံများအနေဖြင့် ဂါဇာကို ဗုံးကြဲတိုက်ခိုက်မှုရပ်ရန် အခြားနည်းဖြင့်လုပ်သင့်သည်ဟု ပြောခဲ့ကြပါတယ်။

Linko
Ref - Reuters