【 နိုင်ငံတကာ 】 အစ္စရေး-ဆော်ဒီတို့၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်ရန် ရည်ရွယ်၍ ဟားမတ်စ် တိုက်ခိုက်ဟု ဘိုင်ဒင် ဆို

【 နိုင်ငံတကာ 】 အစ္စရေး-ဆော်ဒီတို့၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်ရန် ရည်ရွယ်၍ ဟားမတ်စ် တိုက်ခိုက်ဟု ဘိုင်ဒင် ဆို

ဝါရှင်တန်၊ အောက်တိုဘာ - ၂၂ 
 
အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားကြား သံတမန်ရေး မပြေလည်စေရန်အတွက် ဟားမတ်စ်က ၎င်း၏ မကြုံစဖူး တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။
 
အစ္စရေး-ဆော်ဒီ ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများကို နှောင့်ယှက်ရန် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ဟားမတ်စ်က လုပ်ဆောင်ခဲ့ကြောင်း သောကြာနေ့က ဝါရှင်တန်ရှိ မဲဆွယ်ပွဲ ရန်ပုံငွေပွဲတစ်ခုတွင် ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။
 
“ဘယ်လိုထင်လဲ ? ဆော်ဒီတို့က အစ္စရေးကို အသိအမှတ်ပြုချင်ကြတယ်… အရှေ့အလယ်ပိုင်းကို ပေါင်းစည်းဖို့ ဆန္ဒရှိတယ်” လို့ ဘိုင်ဒင်က ပြောကြားခဲ့ပြီး ပါလက်စတိုင်းအုပ်စုတွေက “ဆော်ဒီတွေနဲ့ အစ္စရေး အတူထိုင်တော့မယ်လို့” သိကြောင်း အလှူရှင်များကို ပြောခဲ့ပါတယ်။ 
 
ဟားမတ်စ်၏ အောက်တိုဘာ ၇ တိုက်ခိုက်မှုအပြီး အစ္စရေးက ဂါဇာကမ်းမြှောင်ကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အစ္စရေးနှင့် ဆွေးနွေးမှုများကို ဆော်ဒီအာဏာပိုင်များက ခေတ္တရပ်ထားပြီးနောက် ပုံမှန်ပြန်လည်လုပ်ဆောင်မည့် အလားအလာမှာ “ရှင်သန်ဆဲ” ဖြစ်သော်လည်း အချိန်ယူရမည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က CBS ၏ 60 Minutes တွင် ဘိုင်ဒင်က ပြောခဲ့ပါတယ်။
 
အနည်းဆုံး လူပေါင်း ၄၁၃၇ ဦး သေဆုံးခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ပါလက်စတိုင်းတို့၏ ကံကြမ္မာကို စိုးရိမ်ကြောင်း ရီယာဒ်ကပြောခဲ့ပါတယ်။ 
 
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းတို့နှင့် အစ္စရေးကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ၂၀၂၀ ခုနှစ်က အမေရိကန်မှ ကြားဝင်ဆောင်ရွက်ပေးသော အာဘရာဟမ်သဘောတူညီချက်ကို ဆော်ဒီအာရေဗျက ထောက်ခံခဲ့သော်လည်း ယခုအချိန်အထိ အစ္စရေးကို အသိအမှတ်မပြုသေးပေ။
 
ဘိုင်ဒင် အစိုးရအဖွဲ့သည် အရှေ့အလယ်ပိုင်းရှိ အင်အားအကြီးဆုံး မဟာမိတ်နှစ်နိုင်ငံဖြစ်သည့် အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့ကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် တွန်းအားပေးခဲ့ပြီး မကြာသေးမီလများအတွင်း နှစ်ဖက်အကြား ဆက်ဆံရေးနွေးထွေးလာမည့် လက္ခဏာများ ရှိခဲ့ပါတယ်။ 
 
Linko
Ref - AL JAZEERA