【 နိုင်ငံတကာ 】 အမေရိကန်က ရုရှားကိုစစ်တိုက်လျှင် လုံးဝကွဲပြားခြားနားသော စစ်နှင့် ရင်ဆိုင်ရမည်ဟု ပူတင်ပြော

【 နိုင်ငံတကာ 】 အမေရိကန်က ရုရှားကိုစစ်တိုက်လျှင် လုံးဝကွဲပြားခြားနားသော စစ်နှင့် ရင်ဆိုင်ရမည်ဟု ပူတင်ပြော

မော်စကို၊ အောက်တိုဘာ - ၁၆

အမေရိကန်ပြည်ထောင်စုက တရုတ်နှင့် ရုရှားတို့ကို စစ်တိုက်ရန် ပြင်ဆင်နေလျှင် အဓိပ္ပာယ်မဲ့လုပ်ရပ်သာဖြစ်ပြီး မော်စကိုနှင့်ဖြစ်မည့် စစ်သည် ယူကရိန်းစစ်ပွဲနှင့် လုံးဝကွဲပြားခြားနားမည်ဖြစ်ကြောင်း အနောက်နိုင်ငံများကို သတိပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှ အဓိကပါတီ ၂ ခုလုံးပါဝင်ပြီး ကွန်ဂရက်က ခန့်အပ်သည့် အဖွဲ့တစ်ဖွဲ့က ဝါရှင်တန်အနေဖြင့် သမားရိုးကျတပ်များကို ချဲ့ထွင်ကာ မဟာမိတ်များနှင့် ဆက်ဆံရေး ခိုင်မာအောင်လုပ်ပြီး နျူကလီးယားလက်နက်များခေတ်မီရေးအစီအစဉ်ကို အဆင့်မြှင့်တင်ကာ မော်စကိုနှင့် ပေကျင်းတို့နှင့် တစ်ပြိုင်နက်ဖြစ်ပွားမည့် စစ်အတွက် ပြင်ဆင်သင့်ကြောင်း ပြောကြားပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပါတယ်။

ဗလာဒီမာ ပူတင်က အမေရိကန်ပြည်ထောင်စုသည် AUKUS လုံခြုံရေး မဟာမိတ်ဖွဲ့ကာ ပေကျင်းနှင့် တင်းမာမှု မြှင့်တင်ပြီး ရုရှားနှင့် တရုတ်တို့သည် စစ်ရေးမဟာမိတ် မတည်ဆောက်ကြောင်း ပြောခဲ့ပါတယ်။

“ဒါတွေက ကျန်းမာတဲ့လူတွေရဲ့ ကျန်းမာတဲ့ အတွေးအခေါ်လို့ ကျနော်မထင်ဘူး။အမေရိကန်ပြည်ထောင်စုက ရုရှားနဲ့ စစ်အတွက် ပြင်ဆင်နေတယ်လို့ပြောတာ၊ ကျနော်တို့အားလုံး စစ်ပြင်ဆင်နေတယ်လို့ပြောတာဟာ ရှေးဟောင်းအယူအဆဖြစ်တဲ့ “ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်ပြင်ဆင်ထား” ဆိုတဲ့ အယူအဆကြောင့်ဖြစ်တယ်” ဟု ပူတင်က ပြောခဲ့ပါတယ်။

“ဒါပေမဲ့ ကျနော်တို့ ငြိမ်းချမ်းရေးလိုချင်တယ်” ဟု ပူတင်က ရယ်မောပြောဆိုပြီး၊ “ရုရှားနဲ့ တရုတ်နဲ့ တစ်ပြိုင်တည်းတိုက်မယ်ဆိုတာ ဟာသပဲ။အလေးအနက်ပြောတာလို့ ကျနော်မထင်ဘူး။သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ခြောက်လှန့်နေတာလို့ ထင်တယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ရုရှားကိုတိုက်လိုပါက ထိုစစ်ပွဲသည် ယူကရိန်းစစ်ပွဲနှင့် လုံးဝမတူသည့် စစ်ပွဲဖြစ်မည်ဟုလည်း ပူတင် ပြောခဲ့ပါတယ်။

Linko
Ref - Hindustan Times