【 နိုင်ငံတကာ 】 အမေရိကန်နှင့် ရုရှားတို့၏ အစ္စရေး-ဟားမတ်စ် အဆိုပြုချက်များ လုံခြုံရေးကောင်စီတွင် ရှုံးနိမ့်

【 နိုင်ငံတကာ 】 အမေရိကန်နှင့် ရုရှားတို့၏ အစ္စရေး-ဟားမတ်စ် အဆိုပြုချက်များ လုံခြုံရေးကောင်စီတွင် ရှုံးနိမ့်

နယူးယောက်၊ အောက်တိုဘာ - ၂၆

အမေရိကန်က ရေးဆွဲသည့် ဆုံးဖြတ်ချက်မူကြမ်းကို အင်္ဂါနေ့တွင် ရုရှားနှင့် တရုတ်က ဗီတိုဖြင့်ပယ်ချပြီး မော်စကို၏ မူကြမ်းသည် လုံလောက်သော ထောက်ခံမဲ မရသောကြောင့် အစ္စရေး-ဟားမတ်စ် စစ်ပွဲနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရန် ပျက်ကွက်ခဲ့ပါတယ်။

မဲခွဲဆုံးဖြတ်ခြင်းကို ဆိုင်းငံ့ထားပြီး ဘုံသဘောတူညီချက်ရရန် ပြင်သစ်က ကြိုးစားနေသည့်တိုင် ထိုအင်အားကြီးပြိုင်ဘက်များသည် မအောင်မြင်နိုင်သည့် ဆုံးဖြတ်ချက်မူကြမ်းများကိုသာ ဆက်လက်တင်ပြနေပါတယ်။

လွန်ခဲ့သောအပတ်က ဗီတိုအာဏာကျင့်သုံးခဲ့သည့် အမေရိကန်ပြည်ထောင်စုက ဂါဇာသို့ လူသားချင်းစာနာမှု အကူအညီများ ဝင်ရောက်ခွင့်ရရေးအတွက် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံတကာဥပဒေ မူဘောင်အတွင်းမှ နိုင်ငံအားလုံး၏ ၎င်းတို့ကိုယ် ၎င်းတို့ ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံသည့် ဆုံးဖြတ်ချက်ကို တင်ပြပါတယ်။

အမေရိကန်ပြည်ထောင်စု ဦးဆောင်သည့် မူကြမ်းသည် အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို မတောင်းဆိုပေ။

ရုရှား၏ မူကြမ်းက ချက်ခြင်း ရေရှည် အပြည့်အဝ လေးစားလိုက်နာသည့် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုပြီး အရပ်သားများကို အကြမ်းဖက်မှုများအားလုံးကို ရှုတ်ချခဲ့ပါတယ်။

အမေရိကန် မူကြမ်းကို နိုင်ငံဆယ်နိုင်ငံက ထောက်ခံသော်လည်း ရုရှားနှင့် တရုတ်က ဗီတိုဖြင့် ပယ်ချခဲ့ပါတယ်။အာရပ်အုပ်စုကို ကိုယ်စားပြုသည့် အာရပ်စော်ဘွားများနိုင်ငံက ထိုမူကြမ်းကို ကန့်ကွက်ပြီး ဘရာဇီးနှင့် မိုဇမ်ဘစ်က မဲမပေးဘဲ နေပါတယ်။

လုံခြုံရေးကောင်စီတွင် အကျပ်အတည်းကျရောက်နေသော ကုလသမဂ္ဂအထွေထွေညီလာခံက ထိုကိစ္စကို ကြာသပတေးနှင့် သောကြာနေ့များတွင် ဆွေးနွေးရန် စီစဉ်ထားပါတယ်။

အထွေထွေညီလာခံတွင် မည်သူမျှ ဗီတိုကျင့်သုံးခွင့်မရှိသော်လည်း ၎င်း၏ဆုံးဖြတ်ချက်များကို လိုက်နာရန် တာဝန်မရှိပေ။သို့သော် အာရပ်နိုင်ငံများသည် ယခုအပတ်အတွင် မဲခွဲနိုင်သည့် ဆုံးဖြတ်ချက်ကို ဆောင်ရွက်နေကြောင်း သံတမန်များ ပြောပါတယ်။

Linko
Ref - Malaymail