【 နိုင်ငံတကာ 】 အမေရိကန် နျူကလီးယား ဗုံးကြဲလေယာဉ်များနှင့်ပတ်သက်၍ မြောက်ကိုရီးယားက သတိပေးချက် ထုတ်ပြန်

【 နိုင်ငံတကာ 】 အမေရိကန် နျူကလီးယား ဗုံးကြဲလေယာဉ်များနှင့်ပတ်သက်၍ မြောက်ကိုရီးယားက သတိပေးချက် ထုတ်ပြန်

ဆိုးလ်၊ အောက်တိုဘာ - ၂၂
 
မကြာသေးမီက ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းတွင် အမေရိကန် နျူကလီးယားဗုံးကြဲလေယာဉ်များ ဖြန့်ကြက်ချထားမှုကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ယင်းလေယာဉ်သည် အမှန်တကယ် ပဋိပက္ခဖြစ်ပွား ချိန်တွင် ၎င်း၏ “ဖျက်ဆီးပစ်ရန် ပထမဆုံးပစ်မှတ်” ဖြစ်လာမည်ဟု သတိပေးခဲ့ပါတယ်။
 
နိုင်ငံပိုင် Korean Central News Agency (KCNA) မှ သောကြာနေ့တွင် အများပြည်သူသို့ ထုတ်ပြန်သည့် ထင်မြင်ချက်များတွင် ယခုသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားတွင် B-52 Stratofortress ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ဖြန့်ချထားမှုကို ပြုံယမ်းက ပြစ်တင်ရှုတ်ချခဲ့ပြီး ဝါရှင်တန်၏ “စစ်ရေးရန်စမှုများသည် ပို၍အန္တရာယ်များသည့်အဆင့်သို့ ပြောင်းလဲသွားကြောင်း” ဟု ကြေညာခဲ့ပါတယ်။ 
 
တပ်ဖြန့်မှုနှင့် တောင်ကိုရီးယား တပ်ဖွဲ့ဝင်များပါဝင်သည့် နောက်ဆက်တွဲ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ “ဒါဟာ နျူကလီးယားစစ်ပွဲကိုဖြစ်စေဖို့ အမေရိကန်ရဲ့ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်မှုတစ်ခုပဲ” ဟု ထုတ်ပြန်ခဲ့ပါတယ်။
 
“ကိုရီးယားကျွန်းဆွယ်ဟာ စစ်ဖြစ်နေဆဲဆိုတဲ့ အခြေအနေကို အမေရိကန် သတိမပြုမိတဲ့အတွက် ရန်သူကို ပံပိုးပေးတဲ့ ရန်သူ၏ နယ်မြေက ဗျူဟာမြောက်အရာတွေမှန်သမျှ ဖျက်ဆီးခြင်းမှာ ဒါဟာ ပထမဆုံးပစ်မှတ်ဖြစ်လာမယ်” လို့ ပြောခဲ့ပါတယ်။
 
အင်္ဂါနေ့က ဆိုးလ်သို့ လေယာဉ်တင်သင်္ဘောရောက်ပြီးနောက် B-52 ၏ ထင်ရှားသော သရုပ်ပြမှုကို ပင်တဂွန်က ပြုလုပ်ခဲ့ရာ F-22 နှင့် F-16 တိုက်လေယာဉ်များ အပါအဝင် အခြားသော အမေရိကန်စစ်လေယာဉ်များက မိုးပျံလမ်းတွင် ဆင်းသက်ခြင်းမှတစ်ဆင့် သရုပ်ပြခဲ့ပါတယ်။
 
အမေရိကန်လေတပ်၏ ပစိဖိတ်ဒေသတွင်း လှုပ်ရှားဆောင်ရွက်မှုသည် ဝါရှင်တန်၏ “အင်ဒို-ပစိဖိတ်ဒေသ၏ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ကတိကဝတ်များ” ကို ပြသခြင်းနှင့် တောင်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေးကိုလည်း မြှင့်တင်ခြင်းဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 
 
Linko
Ref - Outhkoreanews