【 နိုင်ငံတကာ 】 အမေရိကန် သေနင်္ဂဗျူဟာ အသိုက်အဝန်းနှင့် ဝမ်ယိ တွေ့ဆုံဆွေးနွေး

【 နိုင်ငံတကာ 】 အမေရိကန် သေနင်္ဂဗျူဟာ အသိုက်အဝန်းနှင့် ဝမ်ယိ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ - ၂၉ 
 
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန် သေနင်္ဂဗျူဟာ အသိုက်အဝန်းနှင့် ဝါရှင်တန်ဒီစီတွင် စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 
 
အမေရိကန်ပြည်ထောင်စုသို့ သူ၏ခရီးစဉ်အတွင်း တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့သည် တန်းတူညီမျှမှု အပြန်အလှန်လေးစားမှု သဘောထားဖြင့် ဘုံစိုးရိမ်ပူပန်များအပေါ် နက်ရှိုင်းပြီး အပြုသဘောဆောင်ကာ အရေးပါသည့် သေနင်္ဂဗျူဟာ ဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း ဝမ်က ပြောပါတယ်။
 
တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်တိုးတက်ရေးအတွက် နှစ်ဘက်လုံးက အပြုသဘောဆောင်သည့် သတင်းစကားများ ပူးတွဲပေးပို့ခဲ့ကြောင်း သူကပြောပါတယ်။ 
 
နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုအမျိုးမျိုးနှင့် ဖြေရှင်းရမည့် ပြဿနာအများအပြားရှိနေသော်လည်း အဓိကနိုင်ငံများအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းကို ထိန်းသိမ်းထားခြင်းသည် အကျိုးရှိပြီး လိုအပ်သည်ဟု သူက ပြောပါတယ်။ 
 
ဆန်ဖရန်စစ္စကိုတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား အစည်းအဝေးအတွက် ပူးတွဲအားထုတ်ရန် နှစ်ဘက်သဘောတူကြပါတယ်။တစ်ချိန်တည်းတွင် ဆန်ဖရန်စစ္စကိုသို့သွားရာလမ်းသည် ချောမွေ့သောလမ်းမဟုတ်သလို အလိုအလျောက်မောင်းနှင်ခြင်းကို အားကိုးနိုင်မည်မဟုတ်ကြောင်း ဝမ်က ပြောခဲ့ပါတယ်။  
 
ထိုကိစ္စအောင်မြင်စေရန် နှစ်ဘက်အနေဖြင့် ဘာလီသို့ စိတ်အားထက်သန်စွာပြန်လည်သွားရောက်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ ဘုံသဘောတူညီချက်ကို အမှန်တကယ် အကောင်အထည်ဖော်ကာ ကြားဝင်စွက်ဖက်မှုများ အဆုံးသတ်ပြီး အတားအဆီးများ ကျော်လွှားကာ သဘောတူညီချက်မြှင့်တင်ပြီး ရလဒ်တိုးပွားအောင်လုပ်ရမည်ဖြစ်ကြောင်းလည်း ဝမ်က ပြောခဲ့ပါတယ်။ 
 
ဝမ်နှင့်ဆွေးနွေးပွဲကို အက်စပင်လုံခြုံရေး အုပ်စုက အိမ်ရှင်အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။ တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ရေး ဆုံးဖြတ်ချက်အတွက် ပါဝင်ဆွေးနွေးသူများကို ဝမ်က အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းပြောပါတယ်။ 
 
ဝမ်က ပါဝင်ဆွေးနွေးသူများကို တရုတ်နိုင်ငံသို့ ပိုမိုလာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပြီး အမေရိကန်ပြည်ထောင်စုမှ လူတန်းစားအလွှာစုံအနေဖြင့် တရုတ်အပေါ် နားလည်မှုမြှင့်တင်ရာတွင် အပြုသဘော ဆက်လက်ပါဝင်ရန် တိုက်တွန်းခဲ့ပါတယ်။
 
ခိုင်မာတည်ငြိမ် ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေးတိုးတက်မှုအတွက် အသိဉာဏ်ပညာများ ပိုမိုထည့်သွင်းကြရန်လည်း ဝမ်က ၎င်းတို့ကို တောင်းဆိုခဲ့ပါတယ်။ 
 
ပါဝင်ဆွေးနွေးသူများက တည်ငြိမ်သော အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 
 
တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများကို ဖြေရှင်းရာတွင် အဓိကအခန်းမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ၎င်းတို့ပြောခဲ့ပါတယ်။  
 
အမေရိကန် သေနင်္ဂဗျူဟာ အသိုက်အဝန်းသည် တရုတ်-အမေရိကန် ထိတွေ့ဆက်ဆံမှု ကျဆုံးရေး သဘောတရားကို လက်မခံဘဲ နှစ်ဘက်အနေဖြင့် နယ်ပယ်အသီးသီးတွင် တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရန်၊ ပူးပေါင်းဆောင်ရွက်ရေး အားပေးရန်၊ အပြန်အလှန်ခရီးလည်ပတ်ဖလှယ်ရန်၊ နားလည်မှုနှင့် တွက်ချက်မှု မှားယွင်းခြင်းကို တားဆီးရန် ဆန္ဒရှိကြောင်း ပြောပါတယ်။
 
ပထဝီနိုင်ငံရေး ပဋိပက္ခများနှင့် ကမ္ဘာ့နိုင်ငံရေး ဖရိုဖရဲအခြေအနေများ ရင်ဆိုင်နေရချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ဆက်သွယ်ရေး တောင့်တင်းအောင်လုပ်ရန်နှင့် ကမ္ဘာ့စိန်ခေါ်မှုများကို ပူးတွဲကိုင်တွယ်ရန် လိုအပ်ကြောင်း ၎င်းတို့က ပြောခဲ့ပါတယ်။
 
ဝမ်သည် တရုတ်-အမေရိကန် စစ်ဘက်အပြန်အလှန်ဆက်ဆံရေး၊ ဘဏ္ဍာရေး၊ သိပ္ပံနှင့် နည်းပညာ၊ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊ ဈေးကွက်ဝင်ရောက်နိုင်ခြင်း၊ အရှေ့အလယ်ပိုင်းအခြေအနေနှင့် ယူကရိန်း အကျပ်အအတည်းတို့ကိုလည်း တက်ရောက်သူများနှင့် ဆွေးနွေးခဲ့ပါတယ်။ 
 
Linko
Ref - CMG