【 နိုင်ငံတကာ 】 အယ်လ်နီညိုကြောင့် ချီလီတွင် ယခုနွေရာသီအပူချိန် မြင့်တက်လာဖွယ်ရှိ

【 နိုင်ငံတကာ 】 အယ်လ်နီညိုကြောင့် ချီလီတွင် ယခုနွေရာသီအပူချိန် မြင့်တက်လာဖွယ်ရှိ

ဆန်တီယေဂို၊ အောက်တိုဘာ - ၁၃

အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်း နွေရာသီတွင် ချီလီမှာ ပျမ်းမျှအပူချိန်ထက် ပိုမိုမြင့်မားသော အပူချိန်ကို ရင်ဆိုင်ရဖွယ်ရှိကြောင်း တရားဝင်ခန့်မှန်းချက်များအရ သိရပါတယ်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ချီလီနိုင်ငံ မိုးလေဝသညွှန်ကြားမှုဦးစီးဌာန ရာသီဥတုဝန်ဆောင်မှုရုံးအကြီးအကဲ ကတ်တာလီနာကရိုတီက ၂၀၁၅ ခုနှစ်မှစ၍ အပူချိန် သိသိသာသာမြင့်တက်လာနေရာ ယခုအယ်လ်နီညိုမှာ ပိုမိုပူနွေးလာဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့နွေရာသီက နိုင်ငံရဲ့အလယ်ပိုင်းဒေသမှာ ၁၉၅၀ ကစရင် အပူဆုံးဖြစ်ခဲ့တယ်။လာမယ့် နွေရာသီမှာလည်း ဒီအတိုင်း ဆက်ဖြစ်နိုင်ဖို့ရှိတယ်” လို့ ကရိုတီကဆိုပြီး ၎င်းက ဆက်၍ အယ်လ်နီညိုဟာ ၂၀၂၄ ခုနှစ် ဆောင်းဦးရာသီထိရှိနေမယ်လို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။

“ဒါကြောင့် ဒီနွေရာသီမှာ ပိုပူလာဖို့ ဖြစ်နိုင်ခြေ များနေပါတယ်” လို့လည်း သူက ဆိုပါတယ်။

မျှော်မှန်းထားသည် အမြင့်ဆုံးအပူချိန်အတွက် အတိအကျ ကိန်းဂဏန်းတွေ မတွေ့ရသေးပေမယ့် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ကမ္ဘာ့တောင်ပိုင်း နွေဦးမှာ အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်များ ပိုများမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။

ရာသီဥတုဖောက်ပြန်ခြင်းနှင့် အယ်လ်နီညိုဟာ ပြင်းထန်သော အပူရှိန်၏ အဓိကမောင်းနှင်အားဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပြီး ယခုနှစ်အတွင်း ၎င်းအကျိုးသက်ရောက်မှုကို အထူးစိုးရိမ်နေကြတယ် ဆိုပါတယ်။

ချီလီနိုင်ငံ၌ အမြင့်ဆုံးအပူချိန်မှာ ပြီးခဲ့သည့် နွေရာသီက နိုင်ငံတစ်ဝန်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော နေရာဖြစ်သည့် မြို့တော်နှင့် တောင်ဘက် အလယ်ပိုင်းကြားမှာ ဖြစ်ခဲ့ပါတယ်။

ချီလီနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော် မိုးခေါင်ရေရှားမှုကို ခံစားနေရတာဖြစ်ပါတယ်။

Linko
Ref - CMG