【 နိုင်ငံတကာ 】 အရည်အသွေးမြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုကို ထောက်ကူရန် သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှု တရုတ် ဦးစားပေးမည်

【 နိုင်ငံတကာ 】 အရည်အသွေးမြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုကို ထောက်ကူရန် သိပ္ပံနည်းပညာ တီထွင်ဆန်းသစ်မှု တရုတ် ဦးစားပေးမည်

ပေကျင်း၊ အောက်တိုဘာ - ၁၈

အရည်အသွေးမြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုကို ပူးတွဲအကောင်အထည်ဖော်ရန် အဓိကခြေလှမ်းများအနက် တစ်ခုအဖြစ် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာ တီထွင်ဆန်းသစ်မှုကို ဆက်လက်ရှေ့တန်းတင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီက ပေကျင်းတွင် ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

တတိယအကြိမ်မြောက် ခါးပတ်လမ်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အဖွင့်မိန့်ခွန်းတွင် ရှီက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်း သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံချက်ကို ဆက်လက်အကောင်အထည်ဖော်ပြီး ပထမဆုံးအကြိမ် သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ခါးပတ်လမ်းညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း ရှီက ပြောခဲ့ပါတယ်။

တရုတ်သည် အခြား ခါးပတ်လမ်း မိတ်ဆွေများနှင့် ပူးတွဲတည်ဆောက်သည့် ဓာတ်ခွဲခန်းအရေအတွက်ကို လာမည့် ၅ နှစ်အတွင်း ၁၀၀ အထိ တိုးချဲ့ကာ အခြားနိုင်ငံများမှ လူငယ်သိပ္ပံပညာရှင်များ တရုတ်တွင် ကာလတိုအစီအစဉ်များ လုပ်ကိုင်ရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သူက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ယခုနှစ်ဖိုရမ်တွင် ဉာဏ်ရည်တု စီမံအုပ်ချုပ်ရေး ကမ္ဘာ့အစီအစဉ်ကို တင်ပြမည်ဖြစ်ပါတယ်။

“အခြားနိုင်ငံတွေနဲ့ ဖလှယ်တွေ့ဆုံဆွေးနွေးမှု တိုးမြှင့်ဖို့နဲ့ ကမ္ဘာမှာ ခိုင်မာ၊ စနစ်ကျ၊ လုံခြုံတဲ့ ဉာဏ်ရည်တု တိုးတက်စေဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်က အဆင်သင့်ရှိတယ်” ဟု ရှီက ပြောပါတယ်။

ခါးပတ်လမ်း မိတ်ဆွေနိုင်ငံများအကြား ပြည်သူချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိုလည်း ရှီ အလေးထား ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ခါးပတ်လမ်း မိတ်ဆွေနိုင်ငံများနှင့် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးမှုမြှင့်တင်ရေးအတွက် Liangzhu ဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်းလည်း ရှီက ပြောပါတယ်။

တည်ထောင်ပြီးဖြစ်သော ပိုးလမ်း နိုင်ငံတကာဇာတ်သဘင်များအဖွဲ့ချုပ်၊ ပိုးလမ်း နိုင်ငံတကာအနုပညာပွဲတော်၊ ပိုးလမ်းပြတိုက်များ နိုင်ငံတကာမဟာမိတ်အဖွဲ့ချုပ်၊ ပိုးလမ်း ပန်းချီပြခန်းများ နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် ပိုလမ်း နိုင်ငံတကာစာကြည့်တိုက်များအဖွဲ့တို့အပြင် တရုတ်နိုင်ငံသည် ပိုးလမ်းမြို့ကြီးများ နိုင်ငံတကာခရီးသွားလုပ်ငန်းမဟာမိတ်ကိုလည်း ထူထောင်သွားမည်ဖြစ်သည်ဟု ရှီက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် တရုတ်အစိုးရ ပိုးလမ်းပညာတော်သင်အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သူက မှတ်ချက်ချခဲ့ပါတယ်။

Linko
Ref - Xinhua