【 နိုင်ငံတကာ 】 အရှေ့အလယ်ပိုင်း စိုးရိမ်မှု လျော့ကျသောကြောင့် စတော့ဈေးပြန်တက်ပြီး ရွှေနှင့် ရေနံ ဈေးကျ

【 နိုင်ငံတကာ 】 အရှေ့အလယ်ပိုင်း စိုးရိမ်မှု လျော့ကျသောကြောင့် စတော့ဈေးပြန်တက်ပြီး ရွှေနှင့် ရေနံ ဈေးကျ

တိုကျို၊ ဧပြီ - ၂၃

ကမ္ဘာ့စတော့များသည် ဆုံးရှုံးမှုအချို့ကို တနင်္လာနေ့တွင် ပြန်လည်ရရှိပြီး ရွှေဈေးသည် တစ်နှစ်တာအတွင်း အများဆုံး ကျဆင်းကာ အစိုးရငွေတိုက်စာချုပ်များနှင့် ရေနံနှင့်အတူ ကျဆင်းခဲ့ပါတယ်။

ပိုမိုကျယ်ပြန့်သည့် အရှေ့အလယ်ပိုင်း ပဋိပက္ခကို စိုးရိမ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ မူလက ကာကွယ်သည့် အနေအထားမှ ပြန်လှည့်လာသောကြောင့် ထိုသို့ ဈေးအတက်အကျများ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

လာမည့်အပတ်တွင် ကော်ပိုရိတ်လုပ်ငန်းများသည် ဝင်ငွေကြေညာမည်ဖြစ်ပြီး S&P 500 မှ ကုမ္ပဏီ ၁၅၈ ခုနှင့် STOXX 600 မှ ကုမ္ပဏီ ၁၇၃ ခုတို့သည် ပထမ ၃ လပတ်အတွက် ရလဒ်များကို ယခုအပတ်တွင် ကြေညာမည်ဖြစ်ကြောင်း LSEG Workspace မှ စာရင်းများအရ သိရပါတယ်။

ထိုအခြေအနေတွင် ရှယ်ယာဈေးများ တနင်္လာနေ့တွင် တက်လာပြီး STOXX 600 သည် ဝ.၄ ရာခိုင်နှုန်း တက်လာပြီး S&P 500 က ဝ.၆ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။

ဂျပန်ပြင်ပမှ အာရှ-ပစိဖိတ်အတွက် MSCI အညွှန်းကိန်း သည် ဝ.၈၇ ရာခိုင်နှုန်း တက်လာသည်။ထိုဈေးများအားလုံးသည် သောကြာနေ့တွင် ကျဆင်းနေပါတယ်။

သောကြာနေ့က စိုးရိမ်မှုများ ပြောင်းပြန်ဖြစ်လာသောကြောင့် ရွှေဈေး သည် ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်အောင်စလျှင် ၂၃၄၁.၉ ဒေါ်လာသာရှိခဲ့ပါတယ်။

တစ်နှစ်ကျော်ကာလအတွင်း အမြင့်မားဆုံး ရာခိုင်နှုန်းဖြင့် ကျဆင်းခြင်းဖြစ်သည်။သို့သော် ဧပြီ ၁၂ ရက်နေ့က စံချိန်တင်ဈေးဖြစ်သည့် ၂၄၃၁.၂၉ ဒေါ်လာနှင့် သိပ်မကွာခြားလှသေးပေ။

စိုးချစ်
သတင်းရင်းမြစ် - Reuters