【 နိုင်ငံတကာ 】 အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်တို့နှင့်ပတ်သက်သည့် တရုတ်အပေါ် စွပ်စွဲချက်များကို သံအမတ် တုံ့ပြန်

【 နိုင်ငံတကာ 】 အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွင် ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်တို့နှင့်ပတ်သက်သည့် တရုတ်အပေါ် စွပ်စွဲချက်များကို သံအမတ် တုံ့ပြန်

ဝါရှင်တန်၊ စက်တင်ဘာ - ၈

မေး။ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်ကိုယ်စားလှယ်က ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်ကိစ္စမှာ တရုတ်ကို စွပ်စွဲချက်တွေပြုလုပ်တယ်။တရုတ်က ဘယ်လိုတုံ့ပြန်မလဲ။

ဖြေ။ အမေရိကန်ကိုယ်စားလှယ်ရဲ့ စွပ်စွဲချက်က အခြေအမြစ်မရှိသလို အချက်အလက်မှန်နဲ့လည်း မကိုက်ညီဘူး။ကျနော်တို့က အခိုင်အမာဆန့်ကျင်ပြီး လက်မခံဘူး။အမေရိကန်ပြည်ထောင်စုကို ပြင်းထန်တဲ့ သတိထောက်စာ ပေးပို့ထားပြီးဖြစ်တယ်။

ထိုင်ဝမ်ကိစ္စက ပြည်ပစွက်ဖက်မှုခွင့်မပြုတဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်ဖြစ်တယ်ဆိုတာကို အလေးထားပြောပါရစေ။ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုက ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေး လှုပ်ရှားမှုတွေနဲ့ သူတို့ရရှိနေတဲ့ ပြည်ပအကူအညီတွေကြောင့်ဖြစ်တယ်။ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်မှု ထိထိရောက်ရောက် ထိန်းသိမ်းဖို့ ထိုင်ဝမ်လွတ်လပ်ရေးကို အခိုင်အမာဆန့်ကျင်ဖို့ လိုတယ်။အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်တစ်နိုင်ငံတည်းမူနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင်ကို တင်းကျပ်စွာ လိုက်နာပြီး ထိုင်ဝမ်ပြဿနာကို တရုတ်ပြည်တွင်းရေးစွက်မှုအတွက် အသုံးပြုမှု ရပ်ဆိုင်းဖို့နဲ့ ရေလက်ကြားငြိမ်းချမ်းတည်ငြိမ်မှုအတွက် ခိုင်မာတဲ့လုပ်ရပ်တွေလုပ်ဖို့နဲ့ တခြားဟာတွေမလုပ်ဖို့ ကျနော်တို့တိုက်တွန်းတယ်။

ဒေသတွင်းကမဟုတ်တဲ့ နိုင်ငံအချို့ဟာ တောင်တရုတ်ပင်လယ်မှာ ပြဿနာရှာနေတယ်၊ ထိပ်တိုက်တွေ့အောင် လှုံ့ဆော်နေတယ်၊ ငြိမ်းချမ်းရေးကို အန္တရာယ်ကျရောက်အောင်လုပ်နေတယ်။ဒါကို တရုတ်က အမြဲတမ်းဆန့်ကျင်တယ်။တရုတ်နဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ကျင့်ဝတ်နဲ့ပတ်သက်တဲ့ ညှိနှိုင်းမှုတိုးတက်ရေး အားထုတ်မှုတွေ လုပ်နေတယ်။ဒေသပြင်ပက နိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်မှာ စည်းကမ်းသတ်မှတ်ဖို့နဲ့ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းဖို့ ဒေသတွင်းနိုင်ငံတွေရဲ့ အားထုတ်မှုကို လေးစားဖို့လိုတယ်။

အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ ဖြစ်ခဲ့တာတွေက ဒေသတွင်းတိုးတက်မှု ဗဟိုချက်တစ်ခု ပူးပေါင်းတည်ထောင်ဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုနဲ့ ချစ်ကြည်ရင်းနှီးတဲ့ တိုင်ပင်ဆွေးနွေးမှုကတစ်ဆင့် ပူးပေါင်းဆောင်ရွက်ရေး တောင့်တင်းအောင်လုပ်ရေးမှာ နိုင်ငံအများစုက ယုံကြည်ကြောင်း ပြသနေတယ်။အမေရိကန်ပြည်ထောင်စုက ပူးပေါင်းဆောင်ရွက်ရေးပတ်ဝန်းကျင် ပျက်စီးအောင်လို့ ဒီဆွေးနွေးပွဲရဲ့ ဦးတည်ချက်ကနေ ရည်ရွယ်ချက်ရှိရှိ သွေဖီတယ်။ဒါဟာ ဒေသတွင်းက ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်နေတယ်။  

အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးနဲ့ တည်ငြိမ်မှုကို နှောက်ယှက်ဖျက်ဆီးနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍကို ဒါကပြသလိုက်တာဖြစ်တယ်။အမေရိကန်ပြည်ထောင်စုက လုပ်လိုက်တဲ့ အလုပ်ဟာ အမေရိကန်ပြည်ထောင်စုကို အကျည်းတန်စေပြီး ဆန့်ကျင်ခံရစေတယ်။

Linko
Ref - US.china-embassy