【 နိုင်ငံတကာ 】 အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွင် အင်ဒိုနီးရှားက ပဋိပက္ခသစ်များကို သတိပေး

【 နိုင်ငံတကာ 】 အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွင် အင်ဒိုနီးရှားက ပဋိပက္ခသစ်များကို သတိပေး

ဂျကာတာ၊ စက်တင်ဘာ - ၈

ဂျကာတွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးချိန်တွင် အမေရိကန် ဒုတိယသမ္မတ ကင်မလာ ဟားရစ်၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့အပါအဝင် ခေါင်းဆောင်များအား ပြင်းထန်လာသော အားပြိုင်မှုများကို သတိပေးလိုက်ပါတယ်။

“ပဋိပက္ခသစ်တွေ တင်းမာမှုသစ်တွေ မဖန်တီးဖို့ ခေါင်းဆောင်တိုင်းမှာ တန်းတူညီမျှတဲ့ တာဝန်ရှိပြီး တစ်ချိန်တည်းမှာပဲ ပူလောင်တဲ့ တင်းမာမှုတွေ လျှော့ချဖို့ တာဝန်ရှိတယ်” ဟု အရှေ့တောင်အာရှနိုင်ငံများအသင်း ဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ကြာသပတေးနေ့တွင် ထိပ်သီးအစည်းအဝေးပိတ်ပွဲတွင် ပြောခဲ့ပါတယ်။

“သဘောထားကွဲလွဲမှုတွေကို ကျနော်တို့စီမံခန့်ခွဲမှု မလုပ်နိုင်ရင် ကျနော်တို့ ပျက်စီးပြီဆိုတာ ကျနော်အာမခံတယ်” ဟု သူကပြောပါတယ်။

တရုတ်ဝန်ကြီးချုပ် လီက အင်အားကြီးများအနေဖြင့် စစ်အေးတိုက်ပွဲသစ်ကို ရှောင်ရှားရေးအတွက် သဘောထားကွဲလွဲမှုများကို စီမံခန့်ခွဲရန် လီက သတိပေးပြီး တစ်ရက်အကြာတွင် ဝါရှင်တန်နှင့် ပေကျင်းတို့ကို အထက်ပါထိပ်သီးဆွေးနွေးပွဲက တွေ့ဆုံစေခဲ့ပါတယ်။လာမည့်အပတ်တွင် သမ္မတရှီတက်ရောက်ခြင်းမရှိသည့် နယူးဒေလီတွင် ယခုအပတ်အတွင်း ကျင်းပမည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ ယခုအစည်းအဝေး ကျင်းပခြင်းဖြစ်ပါတယ်။

ထိုင်ဝမ်မှသည် မော်စကိုနှင့်ဆက်ဆံရေး၊ ပစိဖိတ်ဒေသတွင် သြဇာလွှမ်းမိုးမှု အားပြိုင်ခြင်းအထိ ပြဿနာအများအပြားအပေါ် တင်းမာမှုများကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုမှ အရာရှိများအကြား အပြန်အလှန်ဆက်ဆံမှုကို အနီးကပ်စောင့်ကြည့်နေပါတယ်။

ဟားရစ်သည် ရုရှား၏ တရားမဝင်သော ယူကရိန်းကျူးကျော်မှုများ၊ တောင်နှင့် အရှေ့တရုတ်ပင်လယ်များမှ ရေကြောင်းစိန်ခေါ်မှုများ၊ မြောက်ကိုရီးယားဒုံးကျည်အစီအစဉ်၏ ကြီးထွားလာသော ခြိမ်းခြောက်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရင့်က သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

သို့သော် ခေါင်းဆောင်များ၏ ထုတ်ပြန်ကြေညာချက်တွင် ရေကြောင်းကိစ္စ (သို့မဟုတ်) ယူကရိန်းစစ်အကြောင်း မပါဝင်ပေ။

ခေါင်းဆောင်များ၏ ကြေညာချက်တွင် တောင်တရုတ်ပင်လယ်ကိစ္စ ဖော်ပြခြင်းကို ကန့်ကွက်ခံရကြောင်း အရှေ့တော်အာရှ သံတမန်တစ်ဦးပြောပါတယ်။

“တရုတ်က ကန့်ကွက်တယ်။အခုထုတ်ပြန်ချက်က ညှိနှိုင်းထားတဲ့ ထုတ်ပြန်ချက်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ စာပိုဒ်ကလည်း ဒီလိုပဲ ရုရှားက ကန့်ကွက်လို့ ပါမလာဘူး” ဟု ထိုသံတမန်က ပြောပါတယ်။

Linko
Ref - Gulf Times