【 နိုင်ငံတကာ 】 အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ အာဆီယံတို့ တက်ရောက်

【 နိုင်ငံတကာ 】 အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ အာဆီယံတို့ တက်ရောက်

ဂျကာတာ၊ စက်တင်ဘာ ၇

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၁၈ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို  အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ဆိုပါတယ်။

အမေရိကန်ဒုသမ္မတ ကင်မလာ ဟားရစ်စ်၊ တရုတ်ဝန်ကြီးချုပ် လီချန်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗက်ဗော့တို့မှာ  ဂျကာတာတွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဘေးဆွယ်အစည်းအဝေးအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးကို အာဆီယံခေါင်းဆောင်များအပြင် တောင်ကိုရီးယားသမ္မတ၊ ဂျပန်၊ အိန္ဒိယ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့မှ ဝန်ကြီးချုပ်များလည်း တက်ရောက်ခဲ့ကြပါတယ်။

ဂျိုကိုဝီဟု လူသိများသော အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်း၏ အဖွင့်အမှာစကားတွင် တက်ရောက်ကြသည့် ခေါင်းဆောင်များကို “ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ဖန်တီးရန် ကြီးမားသောတာဝန်ရှိသည်” ဟု သတိပေးခဲ့ပါတယ်။

ပဋိပက္ခသစ်များကို ဆန့်ကျင်ရေးအတွက် ခြေလှမ်းများလှမ်းရန် တိုက်တွန်းပြီး အေးခဲနေသော လေထုထဲတွင် နှင်းခဲအရည်ပျော်ဖို့  တွေ့ဆုံဆွေးနွေးမှုများအတွက် နေရာတစ်ခုဖန်တီးရန်နှင့် ရှိရင်းစွဲကွဲပြားမှုများကို ပေါင်းကူးရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

“အာဆီယံက ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုဗဟိုချက်အဖြစ် သတ်မှတ်ပြီး အာဆီယံဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်” လို့ ဂျိုကိုဝီက နိုင်ငံပေါင်း ၁၈ နိုင်ငံက အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Linko
Ref - Anadolu Agency