【 နိုင်ငံတကာ 】 အသံထက် ၁၀ ဆအထိ မြန်သော ဒုံးကျည်နည်းပညာတွင် တရုတ်က အမေရိကန်ထက် သာလွန်

【 နိုင်ငံတကာ 】 အသံထက် ၁၀ ဆအထိ မြန်သော ဒုံးကျည်နည်းပညာတွင် တရုတ်က အမေရိကန်ထက် သာလွန်

ဝါရှင်တန်၊ အောက်တိုဘာ - ၂၅

တရုတ်သိပ္ပံပညာရှင်များသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ဟိုက်ပါဆိုးနစ် ဒုံးကျည် နည်းပညာတွင် အမေရိကန်စစ်တပ် လက်ရှိနည်းပညာထက် များစွာသာလွန်သည့် စမ်းသပ်မှုသစ်တစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

တရုတ်သိပ္ပံပညာရှင်များသည် waverider လေယာဉ်များအတွက် အထူးမျက်နှာပြင်တစ်ခု ထုတ်လုပ်ခဲ့ပါတယ်။ထို့ကြောင့် တရုတ်သည် အမေရိကန်ပြည်ထောင်စုထက် ရှေ့တန်းရောက်သွားသည်ဟု တောင်တရုတ်ပင်လယ် နံနက်ခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။

ဟိုက်ပါဆိုးနစ် ဒုံးကျည်များသည် အသံထက် ၅ ဆမှ ၁၀ အထိမြန်သည့် အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်သည့် လက်နက်များဖြစ်ပါတယ်။

ထိုပစ္စည်းကို ပေကျင်းရှိ တရုတ်အာကာသလေကြောင်းနှင့် လေကြောင်းဒိုင်းနမစ် အကယ်ဒမီ (CAAA) မှ သိပ္ပွံပညာရှင်များ ထုတ်လုပ်ပြီး မကြာသေးမီက စမ်းသပ်ခဲ့ပါတယ်။ထိုပါးလွှာသည့် မျက်နှာပြင်သုံးပစ္စည်းသည် အပူချိန်ကို အလျင်အမြန်စုပ်ယူနိုင်ပြီး waveriders လေယာဉ်တွင် မကြာသေးမီက စမ်းသပ်မှုအတွင်း အသုံးပြုခဲ့ပါတယ်။ထိုစမ်းသပ်မှုသည် လုံးဝအောင်မြင်သည်ဟု CAAA ဒုညွန်ကြားရေးမှူး အိုက်ဘန်ချန်းက ပြောသော်လည်း စမ်းသပ်မှုလုပ်သည့် အချိန်နှင့် နေရာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

တရုတ်သိပ္ပံပညာရှင်များ ထုတ်လုပ်လိုက်သည့် အပူကာကွယ်ရေးနည်းပညာသည် ပြန်လည်အသုံးပြုနိုင်ကာ ပိုမိုဝေးကွာ ပိုမိုမြန်ဆန်သည့် ဟိုက်ပါဆိုးနစ် ဒုံးကျည်များ၊ ယာဉ်များနှင့် လေယာဉ်များ ခေတ်ကို ပေါ်ပေါက်စေနိုင်ပြီး လက်ရှိနည်းပညာကို စံချိန်ချိုးလိုက်ခြင်းဖြစ်ပါတယ်။

Linko
Ref - newsweek