【 နိုင်ငံတကာ 】 အာဖရိကတိုက်ရှိ ကလေးငယ်များအတွက် ရာသီဥတုဖောက်ပြန်မှုအန္တရာယ် မြင့်မားနေသည်ဟု ကုလဆို

【 နိုင်ငံတကာ 】 အာဖရိကတိုက်ရှိ ကလေးငယ်များအတွက် ရာသီဥတုဖောက်ပြန်မှုအန္တရာယ် မြင့်မားနေသည်ဟု ကုလဆို

နိုင်ရိုဘီ၊ စက်တင်ဘာ - ၂

အာဖရိကတိုက်ရှိ ကလေးများသည် ရာသီဥတုဖောက်ပြန်မှု၏ အကျိုးသက်ရောက်နိုင်ခြေအရှိဆုံးများထဲတွင် ပါဝင်နေပြီး ကမ္ဘာ့ရာသီဥတုရန်ပုံငွေတွင် အသက်အငယ်ဆုံးများအတွက် ရန်ပုံငွေ၏ ၂.၄ ရာခိုင်နှုန်းသာ လျာထားကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် သောကြာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ နိုင်ရိုဘီတွင် ကျင်းပမည့် အာဖရိကရာသီဥတု ထိပ်သီးအစည်းအဝေးမတိုင်မီ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကလေးများကို ရာသီဥတုအကျပ်အတည်းနှင့် လိုက်လျောညီထွေဖြစ်အောင်၊ ရှင်သန်ပြီး ရာသီဥတုအကျပ်အတည်းကို တုံ့ပြန်ရန် လိုအပ်သော အကူအညီအတွက် ရာသီဥတုဆိုင်ရာ ငွေကြေးစီးဆင်းမှုများကြောင့်  ကလေးငယ်များအား ဆိုးရွားစွာလျစ်လျူရှုထားကြောင်း ပြောကြားခဲ့ပါတယ်။

အာဖရိက အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ (UNICEF) ၏ လက်ထောက်ညွှန်ကြားရေးမှူး လီကီ ဗန်ဒီဝီးလ်က အာဖရိကလူ့အဖွဲ့အစည်း၏ အသက်အငယ်ဆုံးအဖွဲ့ဝင်များသည် ရာသီဥတုဖောက်ပြန်မှု၏ ပြင်းထန်သော သက်ရောက်မှုများကို ခံနေရသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“သူတို့ဟာ ဇီဝကမ္မဆိုင်ရာ အားနည်းချက်နဲ့ မရှိမဖြစ်လိုအပ်သော လူမှုရေးဝန်ဆောင်မှုများကို လက်လှမ်းမီမှု အနည်းဆုံးဖြစ်ပါတယ်။ဒီအဖွဲ့အတွက် ရန်ပုံငွေထောက်ပံ့မှုကို ပိုအားကောင်းတဲ့ အာရုံစူးစိုက်မှုကိုမြင်ဖို့လိုတယ်။ဒါကြောင့် သူတို့ဟာ ရာသီဥတုဒဏ်ကြောင့်ဖြစ်တဲ့ အနှောက်အယှက်တွေကို တစ်သက်လုံးရင်ဆိုင်ရဖို့ဖြစ်နေတယ်” ဟု ဗန်ဒီဝီးလ်က ဆိုပါတယ်။

ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချဒ်၊ နိုင်ဂျီးရီးယား၊ ဂီနီ၊ ဆိုမာလီယာနှင့် ဂီနီဘစ်ဆောတို့တွင် နေထိုင်သည့် ကလေးများသည် အန္တရာယ်အများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။  

ကလေးငယ်များအတွက် အဓိက ကမ္ဘာ့ရာသီဥတုရန်ပုံငွေ၏ ၂.၄ ရာခိုင်နှုန်းမျှသာရှိရာ ကလေးတုံ့ပြန်မှုဆိုင်ရာ လှုပ်ရှားမှုများအတွက် တစ်နှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၇၁ သန်းသာ ပံ့ပိုးကူညီခြင်းအဖြစ် ခွဲခြားမြင်နိုင်ပါတယ်။

Linko
Ref - CMG