【 နိုင်ငံတကာ 】 အိန္ဒိယမှာ ရထားတွဲ မီးလောင်သဖြင့် ကိုးဦးသေဆုံး

【 နိုင်ငံတကာ 】 အိန္ဒိယမှာ ရထားတွဲ မီးလောင်သဖြင့် ကိုးဦးသေဆုံး

နယူးဒေလီ၊ ဩဂုတ် - ၂၆ 
 
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ရထားတွဲတစ်စင်း ရပ်ထားရာမှ ခရီးသည်တစ်ဦး လက်ဖက်ရည်သောက်ရန် ကြိုးစားစဉ် မီးလောင်မှုတစ်ခု စနေနေ့က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူကိုးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
 
ရထားတွဲမှဖြုတ်ထားသော ရထားတွဲသည် တောင်ပိုင်း တမီလ်နာဒူးပြည်နယ်ရှိ Madurai မီးရထားဝင်းအတွင်း ရပ်ထားပြီး အရုဏ်မတက်မီ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ 
 
“ပုဂ္ဂလိက ခရီးသွားအော်ပရေတာတစ်ခုက ကြိုတင်မှာထားတဲ့ ရထားတွဲတစ်ခုပါပဲ။တစ်စုံတစ်ယောက်က လက်ဖက်ရည်သောက်ဖို့ ကြိုးစားတာကနေ မီးလောင်ကျွမ်းခဲ့တာပါ” လို့ မာဒူရိုင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ဆာလီ သာလာပါသီက AFP သို့ ပြောကြားခဲ့ပါတယ်။
 
“ကိုးဦးသေဆုံးပြီး သုံးဦးက အမျိုးသမီးဖြစ်ပါတယ်။ဒဏ်ရာရသူ အခြားကိုးဦးရှိပေမယ့် သူတို့ရဲ့ ဒဏ်ရာက အသက်အန္တရာယ်မရှိပါဘူး” လို့ ပြောပါတယ်။
 
အလောင်းများကို ယခုအချိန်အထိ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းကဆက်လက်ပြောခဲ့ပါတယ်။
 
ရထားပြတင်းပေါက်များမှ ကြီးမားသော မီးတောက်များ လျှံထွက်လာသည်ကို ဗီဒီယိုဖိုင်တွင် တွေ့ရပါတယ်။
 
အချို့သော ခရီးသည်များမှာ မီးလောင်ပေါက်ကွဲမှုမှ အချိန်မီ လွတ်မြောက်နိုင်ခဲ့ပါတယ်။
 
ခရီးသည်များသည် ပေါက်ကွဲသွားသည့် ဓာတ်ငွေ့ဗူးကို တရားမဝင် ခိုးသွင်းခဲ့ပြီး ဓာတ်ငွေ့ဗူးကို အသုံးပြုရန် ကြိုးစားစဉ် ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။ 
 
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရထားလမ်းကွန်ရက်များထဲမှ တစ်ခုဖြစ်ပြီး ဘေးအန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပြီး အဆိုးဆုံးမှာ ၁၉၈၁ ခုနှစ်တွင် ဘီဟာပြည်နယ်ရှိ တံတားတစ်ခုအား ခုတ်မောင်းစဉ် အောက်ဘက်ရှိ မြစ်ထဲသို့ ပြုတ်ကျခဲ့ပြီး လူပေါင်း ၈၀၀ သေဆုံးခဲ့ပါတယ်။
 
ပြီးခဲ့သည့် ဇွန်လကလည်း အိုဒီရှားပြည်နယ်တွင် ရထားသုံးစင်းတိုက်မိသဖြင့် လူ ၃၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ 
 
Linko
Ref - AFP