【 နိုင်ငံတကာ 】 အိမ်ထောင်စုများကို ထောက်ပံ့ရေး ဒေါ်လာ ၁၃.၅ ဘီလီယံတန် အစီအစဉ်ကို ထိုင်းအစိုးရ အတည်ပြု

【 နိုင်ငံတကာ 】 အိမ်ထောင်စုများကို ထောက်ပံ့ရေး ဒေါ်လာ ၁၃.၅ ဘီလီယံတန် အစီအစဉ်ကို ထိုင်းအစိုးရ အတည်ပြု

ဘန်ကောက်၊ ဧပြီ - ၂၄

ထိုင်းဘတ် ၅၀၀ ဘီလီယံ (ဒေါ်လာ ၁၃.၅ ဘီလီယံ) တန် ဒစ်ဂျစ်တယ်ဝေါလက် ထောက်ပံ့ရေး မူဝါဒကို ထိုင်းအစိုးရက အင်္ဂါနေ့တွင် အတည်ပြုလိုက်သည်ဟု ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင် ပြောသောကြောင့် အာဏာရ ဖွေထိုင်းပါတီ၏ အဓိကမူဝါဒအတွက် နောက်ဆုံးအခက်အခဲကို ဖယ်ရှားလိုက်ခြင်းပင်ဖြစ်ပါတယ်။

ထိုအစီအစဉ်အရ ထိုင်းနိုင်ငံသား သန်း ၅၀ ကို လာမည့် ၆ လအတွင်း ၎င်းတို့လူမှုအသိုက်အဝန်းများတွင် သုံးစွဲရန် ဘတ်တစ်သောင်း (၂၇၀ ဒေါ်လာ) ပေးမည်ဖြစ်ပါတယ်။

အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သည့် ထိုင်းနိုင်ငံသည် မိသားစုကြွေးမြီ မြင့်မားခြင်းကို ရင်ဆိုင်နေရချိန်တွင် စီးပွားရေးတိုးတက်မှုဖြစ်စေရန် ရည်ရွယ်တာဖြစ်ပါတယ်။

ထိုအစီအစဉ်သည် ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၁.၂ မှ ၁.၈ ရာခိုင်နှုန်းအထိ တိုးလာစေမည်ဟု မျှော်လင့်ကြောင်း ထိုင်းအစိုးရပြောခွင့်ရသူ ချိုင် ဝါချာရွန်ကဲက သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters