【 နိုင်ငံတကာ 】 အိမ်နီးချင်းနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများကို ဖြေရှင်းရန် ဆန္ဒရှိကြောင်း တရုတ်ကဆို

【 နိုင်ငံတကာ 】 အိမ်နီးချင်းနိုင်ငံများနှင့် ရေပိုင်နက်အငြင်းပွားမှုများကို ဖြေရှင်းရန် ဆန္ဒရှိကြောင်း တရုတ်ကဆို

ပေကျင်း၊ စက်တင်ဘာ - ၃ 
 
အိမ်နီးချင်းနိုင်ငံတွေနဲ့ တအုံ့နွေးနွေးဖြစ်နေတဲ့ ရေပိုင်နက်အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုကနေ ဖြေရှင်းဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။
 
“တရုတ်နိုင်ငံဟာ သက်ဆိုင်ရာနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ကွဲပြားမှုများကို ဖြေရှင်းဖို့ အမြဲတမ်းဆန္ဒရှိပြီး ရေကြောင်းဆိုင်ရာ အခြေအနေကို စီမံခန့်ခွဲဖို့ ထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်” ဟု ပေကျင်း၏ ထိပ်တန်းသံတမန် ဝမ်ယိကို ကိုးကားပြီး တရုတ်ပြည်တွင်းထုတ် အင်္ဂလိပ်ဘာသာဖြင့်  နေ့စဉ်သတင်းစာ Global Times က တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့ပါတယ်။ 
 
ဝမ်သည် စနေနေ့က Global Town Hall 2023 အဖြစ် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာမှာ ထိုသို့ပြောခဲ့တာဖြစ်ပါတယ်။
 
မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံအများအပြားမှ တုံ့ပြန်မှုများ ထွက်ပေါ်လာသည့် တရုတ်မြေပုံအသစ် “China Standard Map Edition 2023” ကို ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအကြာတွင် ၎င်း၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
 
တရုတ်နိုင်ငံ၏ ထင်ရှားသော U-shaped မျဉ်းကြောင်းမြေပုံသည် ကမ္ဘာ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ရေလမ်းများထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် ကုန်သွယ်မှုဒေါ်လာ ၃ ထရီလီယံကျော်ရှိသည့် တောင်တရုတ်ပင်လယ်၏ ၉၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားပါတယ်။
 
“တောင်တရုတ်ပင်လယ်မှာ ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်ဖို့ ဒေသပြင်ပက တပ်ဖွဲ့တချို့ရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှာမဟုတ်ဘူး” ဟု ဝမ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခမျိုးဆွဲချကာ ယူကရိန်းအကျပ်အတည်းမျိုး အာရှမှာ ဘယ်တော့မှထပ်မဖြစ်သင့်ဘူးလို့ ပြောပြီး ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ ဒေသတွင်းလုံခြုံရေးကို မြှင့်တင်သင့်တယ်လို့ သူကပြောပါတယ်။
 
အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ မြေပုံအသစ်တွင် ဖော်ပြထားသည့်အတိုင်း ပေကျင်း၏ တောင်းဆိုမှုကို အသိအမှတ်မပြုကြောင်း မလေးရှားက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။
 
တရုတ်က ၎င်း၏ “ခွဲထွက်ပြည်နယ်” ဟု သတ်မှတ်သည့် ထိုင်ဝမ်ကလည်း မြေပုံအသစ်ကို ကန့်ကွက်ခဲ့ပါတယ်။
 
Linko
Ref - Anadolu Agency