【 နိုင်ငံတကာ 】 အီးယူအထူးကိုယ်စားလှယ် ဂျိုးဇက်ဘော်ရယ်လ် အိုဒက်ဆာသို့ အံ့အားသင့်ဖွယ်ရောက်ရှိလာ

【 နိုင်ငံတကာ 】 အီးယူအထူးကိုယ်စားလှယ် ဂျိုးဇက်ဘော်ရယ်လ် အိုဒက်ဆာသို့ အံ့အားသင့်ဖွယ်ရောက်ရှိလာ

အိုဒက်ဆာ၊ အောက်တိုဘာ - ၁ 
 
EU နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဇက်ဘော်ရယ်လ်ဟာ စက်တင်ဘာ ၃၀ ရက်က  မကြေညာတဲ့ အလည်အပတ်ခရီးစဉ်အဖြစ် အိုဒက်ဆာသို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ 
 
အဆိုပါကြေညာချက်ကို နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အီးယူအဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဇက်ဘော်ရယ်လ်က ဆိုရှယ်မီဒီယာဖြစ်တဲ့ တွစ်တာ (X) မှာ တင်ခဲ့တာဖြစ်ပါတယ်။
 
“အိုဒက်ဆာဟာ လှပတဲ့ သမိုင်းဝင်မြို့ဖြစ်ပါတယ်။တောက်ပထင်ရှားတဲ့ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ကြောင့်  သတင်းထိပ်ဆုံးမှာရှိနေသင့်တယ်။ယင်းအစား ပူတင်က စစ်ပွဲအတွက် မကြာခဏပစ်မှတ်အဖြစ် အမှတ်အသားဖြစ်နေတယ်” လို့ ပြောခဲ့ပါတယ်။ 
 
ရုရှား၏ ရိုင်းစိုင်းစွာဖျက်ဆီးခြင်းသက်ရောက်မှုရှိသောနေရာများ တည်ငြိမ်ရေးအတွက် အီးယူက ထောက်ခံကြောင်း” ဘော်ရယ်လ်က ရေးခဲ့ပါတယ်။
 
ဒွန်နက်ခ်၊ လူဟန်ခ်နပ်၊ ဇာပိုရီဇာဟီးယားနှင့် ခါဆန်ဒေသများရှိ အချို့နေရာများကို ရုရှားက တရားမဝင်သိမ်းယူခဲ့သည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။
 
“ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ရန်နှင့် ၎င်း၏ပိုင်နက်နယ်မြေကို အပြည့်အဝပြန်လည်ရယူရန် ယူကရိန်းတွင် အခွင့်အရေးရှိသည်” ဟု ဘော်ရယ်လ်က အလေးနက်ထား ပြောကြားခဲ့ပါတယ်။ 
 
Linko
Ref - Newarab