【 နိုင်ငံတကာ 】 ၀ဂ္ဂနာအကြီးအကဲ ပရီဂိုရှင် သေဆုံးပြီဆိုတာကို ရုရှားအာဏာပိုင်များက အတည်ပြု

【 နိုင်ငံတကာ 】 ၀ဂ္ဂနာအကြီးအကဲ ပရီဂိုရှင် သေဆုံးပြီဆိုတာကို ရုရှားအာဏာပိုင်များက အတည်ပြု

မော်စကို၊ ဩဂုတ် - ၂၇ 
 
၀ဂ္ဂနာအကြီးအကဲ ပရီဂိုရှင် ပြီးခဲ့သည့် သီတင်းပတ်က လေယာဉ်ပျက်ကျမှုတွင်ပါဝင်ခဲ့ပြီး သေဆုံးသွားပြီဆိုတာကို မော်စကိုက တနင်္ဂနွေနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ 
 
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သူ ၁၀ ဦး၏ မျိုးရိုးဗီဇစမ်းသပ်မှု ရလဒ်များကို အတည်ပြုပြီးနောက် ပရီဂိုရှင် သေဆုံးပြီဆိုတာကို ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုခဲ့တာလို့  ပြောကြားခဲ့ပါတယ်။
 
ရုရှားစစ်တပ်ကို ပုန်ကန်မှုပြုလုပ်ခဲ့ပြီး နှစ်လအကြာမှာ ၎င်းတို့ဟာ မော်စကိုမြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၈၀ အကွာ Tver အနီး ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအဖြစ် စာရင်းသွင်းခံထားရတာဖြစ်ပါတယ်။
 
ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ထိပ်တန်းအရာရှိတချို့နဲ့ အတူ မစ္စတာပရီဂိုရှင် လိုက်ပါလာခဲ့တယ်လို့ ရုရှားရဲ့ အရပ်ဘက်လေကြောင်းအာဏာပိုင်က ယခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
 
စုံစမ်းစစ်ဆေးရေးကော်မတီမှ ဆယ်ယူရရှိထားသော အလောင်းများဟာ “ပျံသန်းမှုဖော်ပြချက်နှင့် ကိုက်ညီပါတယ်” လို့ အတည်ပြုခဲ့ပါတယ်။ 
 
အသက် ၆၂ နှစ်အရွယ် မစ္စတာပရီဂိုရှင်ဟာ  လေယာဉ်ပျက်ကျမှုမတိုင်မီ နှစ်လတိတိက  မော်စကိုကို မအောင်မြင်သော ပုန်ကန်မှုတစ်ရပ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
 
သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံတော်သစ္စာဖောက်မှုဟု ပြစ်တင်ရှုတ်ချသည့် ပုန်ကန်မှုအတွင်း ကြေးစားတပ်ဖွဲ့ခေါင်းဆောင်အဖွဲ့မှ တိုက်ခိုက်ရေးသမားများဟာ မော်စကိုမြို့မှ ကီလိုမီတာ ၂၀၀ အတွင်း ရောက်ရှိလာခဲ့ကြပါတယ်။ 
 
တစ်ချိန်က သူ့ရဲ့ ထိပ်တန်းလူယုံတစ်ဦးဖြစ်သည့် မစ္စတာပရီဂိုရှင်ကို ဘီလာရုစ်သို့ ပူတင်က အလျင်အမြန် နှင်ထုတ်ခဲ့ပါတယ်။
 
Linko
Ref - National