【 နိုင်ငံတကာ 】 ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးစစ်တပ် ပြန်လည်ဖွဲ့စည်းရေးအတွက် သမ္မတ ရှီကျင့်ဖျင် အမိန့်ပေး

【 နိုင်ငံတကာ 】 ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးစစ်တပ် ပြန်လည်ဖွဲ့စည်းရေးအတွက် သမ္မတ ရှီကျင့်ဖျင် အမိန့်ပေး

ပေကျင်း၊ ဧပြီ - ၂၁
 
ဆိုက်ဘာစစ်ရေးအပါအဝင် စစ်ရေးစွမ်းရည် တာဝန်ခံသည့် တပ်များကို သက်ရောက်စေသည့် လှုပ်ရှားမှုအဖြစ် ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြန်လည်ဖွဲ့စည်းမှုကို တရုတ်သမ္မတ ရှီကျင့်ဖျင် အမိန့်ပေးလိုက်ပါတယ်။
 
တရုတ်နိုင်ငံသည် အာကာသ၊ ဆိုက်ဘာ၊ နိုင်ငံရေးနှင့် အီလက်ထရွန်းနစ် စစ်ရေးစွမ်းရည်များကို မြှင့်တင်ရန် လွန်ခဲ့သော ၈ နှစ်ကျော်က ချမှတ်သည့် သေနင်္ဂဗျူဟာ အထောက်အကူပြုတပ်ဖွဲ့ကို ဖျက်သိမ်းမည်ဖြစ်သည်ဟု တရားဝင် ဆင်ဟွာသတင်းဌာနက ဧပြီ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့ပါတယ်။
 
ထိုတပ်ဖွဲ့အစား ရှီက သတင်းအချက်အလက် အထောက်အကူပြု တပ်ဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ယခင်က သေနင်္ဂဗျူဟာ အထောက်အကူပြုတပ်ဖွဲ့အောက်မှ အာကာသလေကြောင်းနှင့် ဆိုက်ဘာတပ်ဖွဲ့သည် သတင်းအချက်အလက် အထောက်အကူပြုတပ်ဖွဲ့နှင့် အပြိုင် ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ပြောပါတယ်။
 
စစ်တပ်အပေါ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုကို ထပ်လောင်းအတည်ပြုပြီး ရှီက ထိုတပ်ဖွဲ့သစ် သည် ဆိုက်ဘာသတင်းအချက်အလက်စနစ် တည်ဆောက်အသုံးပြုရေး ညှိနှိုင်းရာတွင် အဓိကအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောပါတယ်။
 
ယခုဖျက်သိမ်းလိုက်သည့် သေနင်္ဂဗျူဟာ အထောက်အကူပြုတပ်ဖွဲ့ နိုင်ငံရေးမှူး လီဝေသည် သတင်းအချက်အလက် အထောက်အကူပြု တပ်ဖွဲ့တွင် အလားတူ တာဝန်ယူမည်ဖြစ်ပါတယ်။ 
 
သူက ရှီ၏ ညွှန်ကြားချက်ကို ပြတ်ပြတ်သားသား လိုက်နာမည်ဖြစ်ကြောင်း ပြောပါတယ်။သတင်းအချက်အလက် အထောက်အကူပြုတပ်ဖွဲ့ တပ်မှူးသစ်သည် ဘီရီဖြစ်ကြောင်း CCTV က ကြေညာပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Straitstimes