【 နိုင်ငံတကာ 】 “အသိုင်းအဝိုင်းငယ်” နှင့် ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ရန် ဆန့်ကျင်ဟု တရုတ်ဆို

【 နိုင်ငံတကာ 】 “အသိုင်းအဝိုင်းငယ်” နှင့် ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ရန် ဆန့်ကျင်ဟု တရုတ်ဆို

ပေကျင်း၊ ဧပြီ - ၉

ဧပြီလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်  ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း ဂျပန်နှင့် ဖိလစ်ပိုင်ခေါင်းဆောင်တို့က အမေရိကန်နှင့် ၃ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေးကို ကျင်းပပြီး ကာကွယ်ရေးဆက်ဆံမှုကို ပိုခိုင်မာစေ ရန် စီစဉ်ထားခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ရှင်းလင်းပြောကြားမှုတေွ ပြုလုပ်ခဲ့ပါတယ်။

“မည်သည့်နိုင်ငံမဆို ပြုလုပ်သည့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှသည် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေးအတွက် အကျိုးပြုသင့်ကြောင်း၊  “အသိုင်းအဝိုင်းငယ်” နှင့် ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ရန် ဆန့်ကျင်ကြောင်း” မော်နင်က ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါတယ်။