【 နိုင်ငံတကာ 】 AUKUS သည် ပစိဖိတ်တွင် နျူကလီးယားပြန့်ပွားမှု အန္တရာယ်ဖြစ်စေဟု တရုတ်ပြော

【 နိုင်ငံတကာ 】 AUKUS သည် ပစိဖိတ်တွင် နျူကလီးယားပြန့်ပွားမှု အန္တရာယ်ဖြစ်စေဟု တရုတ်ပြော

ပေကျင်း၊ ဧပြီ - ၂၁
 
AUKUS လုံခြုံရေးစာချုပ်အတွင်းမှ အနောက်အင်အားကြီးနိုင်ငံများသည် ပစိဖိတ်တောင်ပိုင်းတွင် သွေးကွဲမှုနှင့် နျူကလီးယား ပျံ့နှံ့မှုဖြစ်စေနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက စနေနေ့တွင် စွပ်စွဲလိုက်ပါတယ်။
 
ပေကျင်းနှင့် ပါပူဝါ နယူးဂီနီအကြား ဆက်ဆံရေး ခိုင်မာစေရန် ယခုရက်သတ္တပတ်ကုန်တွင် သွား ရောက်သည့် ခရီးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက AUKUS သဘောတူစာချုပ်ကိုဝေဖန်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်က သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ထောက်ပံ့မည့်ကိစ္စကို ဝေဖန်လိုက်ပါတယ်။
 
သုံးပွင့်ဆိုင် AUKUS သဘောတူစာချုပ်သည် ဒေသတွင်း နျူကလီးယားလက်နက် တားမြစ်သည့် တောင်ပစိဖိတ်သဘောတူညီချက်ကို ချိုးဖောက်ကြောင်း ဝမ်ယိက ပေါ့မိုစဘီတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။
 
AUKUS သည် နျူကလီးယား ပျံ့နှံ့မည့် အန္တရာယ်ရှိကြောင်းလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပါပူဝါ နယူးဂီနီနိုင်ငံခြားရေးဝန်ကြီး ဂျပ်စတင် သက်ချန်ကိုနှင့် တွေ့ဆုံပြီးနောက်သတင်းထောက်များကို ပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - RTL