【 နိုင်ငံတကာ 】 BRI အတွက် နောက်ထပ် ‘ရွှေဆယ်စုနှစ်’ သို့ ခရီးသစ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှီ အလေးထားမည်

【 နိုင်ငံတကာ 】 BRI အတွက် နောက်ထပ် ‘ရွှေဆယ်စုနှစ်’ သို့ ခရီးသစ်တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှီ အလေးထားမည်

ပေကျင်း၊ အောက်တိုဘာ - ၁၉

Belt and Road Initiative (BRI) ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖိုရမ်သို့ တက်ရောက်လာသော ဧည့်သည်တော်များအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပဏာမခြေလှမ်းအတွက် နောက်ထပ် “ရွှေဆယ်စုနှစ်” ဟုခေါ်သည့် ကြိုးပမ်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့သည်။

“Belt and Road ပူးပေါင်းဆောင်ရွက်မှုသည် ၎င်း၏ပထမဆယ်စုနှစ်အတွင်း ခိုင်မာပြီးရလဒ်များ ဖြစ်ထွန်းကာ အခုအခါ လှုပ်ရှားရှင်သန်မှု အပြည့်အဝရရှိနေပြီဖြစ်ပါတယ်။နောက်ထပ် ရွှေဆယ်စုနှစ်ဆီသို့ ခရီးသစ်ဆီသို့ ကျနော်တို့ စိတ်အားထက်သန် တက်ကြွမှုနဲ့ စတင်ရမယ်” ဟု ရှီက နိုင်ငံတကာခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများပါဝင်သည့် ဧည့်သည်တော်များ ပြည်သူ့ခန်းမဆောင်တွင် ဧည့်ခံကျွေးမွေးစဉ် ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် တတိယအကြိမ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ခါးပတ်လမ်းညီလာခံသို့ တက်ရောက်လာသော ဧည့်သည်တော်များကို  တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သမ္မတ ရှီနှင့် ဇနီး ဖုန်လိယွမ်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

ထိုညီလာခံသို့ နိုင်ငံပေါင်း ၁၄၀ ကျော်နှင့်  နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပါတယ်။တက်ရောက်ရန် စာရင်းသွင်းထားသည့် ကိုယ်စားလှယ်ပေါင်း ၄၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ကြီးမားသော ပြောင်းလဲမှုများဖြစ်နေသည့် ကမ္ဘာတွင် ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် မြင့်မားသော မျှော်လင့်ချက်ဖြင့် ရှီသည် တက်ရောက်လာသူအားလုံးနှင့် ပူးပေါင်းကာ အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်ရေး မူကြမ်းသစ် ရေးဆွဲမည်ဖြစ်ပါတယ်။ရှီသည် ဖွင့်ပွဲအခမ်းအနားတက်ရောက်ကာ အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။

အခမ်းအနားတွင် ရှီသည် ကမ္ဘာ့စိန်ခေါ်မှုကြီးများကို သတိပြုရင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားပြောပြီး ကမ္ဘာ့အဓိကစိန်ခေါ်မှုများကို မီးမောင်းထိုးပြမည်ဖြစ်ပါတယ်။

“ဒီနေ့ ကမ္ဘာက ငြိမ်းချမ်းတည်ငြိမ်မှုမရှိဘူး။ကမ္ဘာ့စီးပွားရေးက အကျဘက်ကို ဖိအားပေးခံနေရတယ်။ကမ္ဘာ့တိုးတက်မှုက စိန်ခေါ်မှုအများအပြား ရင်ဆိုင်နေရတယ်။ဒီလိုပြောပေမယ့် ငြိမ်းချမ်းရေး၊ တိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အကျိုးစီးပွားရဲ့ သမိုင်းလမ်းကြောင်းကို ရပ်တန့်မရဘဲ၊ ကျနော်တို့ ပြည်သူတွေရဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝပိုင်ဆိုင်ရေး ရည်မှန်းချက်က အရင်လိုပဲ ခိုင်မာပြီး နိုင်ငံအားလုံး ဘုံတိုးတက်ကြွယ်ဝ ချမ်းသာရေးက အဓိကကျတယ်ဆိုတဲ့ ကျနော်တို့ယုံကြည်ချက်က မတွန့်ဆုတ်ဘူး” ဟု ရှီက ပြောခဲ့ပါတယ်။

Belt and Road ပူးပေါင်းဆောင်ရွက်မှုသည် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေရန် ရည်မှန်းကာ မျှော်လင့်ချက် သတင်းစကားပေးပို့ကြောင်း မှတ်ချက်ချပြီး ရှီက ယခုမျိုးဆက် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ယနေ့ခေတ်နှင့် နောင်လာနောက်သား မျိုးဆက်သစ်များအတွက် အကျိုးဖြစ်ထွန်းစေရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း ရှီက တိုက်တွန်းပြောခဲ့ပါတယ်။

“ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ ကျနော်တို့ ဆုံးဖြတ်ထားသမျှ ကာလပတ်လုံး ခေတ်ကိုကိုယ်စားပြုတဲ့ စိတ်ဓာတ်ကို ထင်ဟပ်ပြီး ကျနော်တို့ ပူးပေါင်းအားထုတ်မှုကတစ်ဆင့် လူသားထုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးမယ့် အရည်အသွေးမြင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်မှုမှာ အောင်ပွဲသစ်တွေရလာမှာဖြစ်တယ်” ဟု ရှီက ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တွင် ရှီသည် ခါးပတ်လမ်းအစီအစဉ်ဟုခေါ်သည့် ပိုးလမ်းစီးပွားရေး ရပ်ဝန်းနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းမ ပူးတွဲတည်ဆောက်ရေးကို အဆိုပြုခဲ့ပါတယ်။ထိုအချိန်မှစတင်ပြီး ခါးပတ်လမ်းအစီအစဉ် စိတ်ကူးမှ လက်တွေ့၊ ရည်မှန်းချက်မှ ပကတိအရှိတရား ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံသည် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂၀၀ ကျော်ကို တိုက်ကြီး ၅ တိုက်မှ နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်နှင့် လက်မှတ်ရေးထိုးကာ အရေးပါသော စီမံကိန်းများနှင့် သေးငယ်သော်လည်း ထိရောက်သော စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုရင်း BRI သည် ထောင်ပေါင်းများစွာသော လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အကောင်အထည်ဖော်ပြီး ခိုင်မာကြီးမားသော ရလဒ်များဖြစ်စေခဲ့ကြောင်း ရှီက ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှု၊ အပြန်အလှန်လေ့လာခြင်းနှင့် အပြန်အလှန် အကျိုးစီးပွားတို့ဖြင့် ပုံဖော်ထားသည့် ပိုးလမ်းစိတ်ဓာတ်ကို ဆုပ်ကိုင်ပြီး တရုတ်နှင့် ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်သော နိုင်ငံများသည် ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေးကို အကျိုးပြုရန်၊ နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအတွက် စင်မြင့်များ တည်ဆောက်ရန်၊ လွန်ခဲ့သော ဆယ်နှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု အရှိန်အဟုန်မြင့်မားစေရန် အတူတကွလုပ်ဆောင်ခဲ့ကြောင်း ရှီက ပြောခဲ့ပါတယ်။

BRI အောက်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့် BRI မိတ်ဆွေနိုင်ငံများအကြား ပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၉.၁ ထရီလီယံရှိပြီး နှစ်စဉ် ပျှမ်းမျှ ၆.၄ ရာခိုင်နှုန်း တိုးတက်နေပါတယ်။တရုတ်နှင့် မိတ်ဆွေနိုင်ငံများအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုသည် ထိုကာလအတွင်း ဒေါ်လာ ၃၈၀ ဘီလီယံဖိုးရှိပြီး တရုတ်မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၄၀ ဘီလီယံ ပါဝင်ပါတယ်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဒေါ်လာ ၁ ထရီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှုရှိသော BRI ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ၃၀၀၀ ကျော် အကောင်အထည်ဖော်ခဲ့ပါတယ်။ရထားလမ်းများ၊ တံတားများနှင့် ပိုက်လိုင်းများကဲ့သို့သော အဆိုပါပရောဂျက်အများအပြားသည် အာရှတိုက်ရှိ ဒေသခွဲများအပြင် အာရှ၊ ဥရောပနှင့် အာဖရိကတိုက်ကြီးများကို ချိတ်ဆက်ပေးသည့် အခြေခံအဆောက်အဦကွန်ရက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။

Belt and Road ပူးပေါင်းဆောင်ရွက်မှု၏ မည်သည့်အောင်မြင်မှုမျှ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ခြင်းကြောင့်မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံများမှ အစိုးရများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော နိုင်ငံများမှ ပြည်သူများသည် ကြိုးစားအားထုတ်မှု၊ ဉာဏ်ပညာနှင့် သတ္တိရှိမှုတို့က ဖန်တီးပေးခြင်းဖြစ်ကြောင်း ရှီ အလေးထား ပြောခဲ့ပါတယ်။

“Belt and Road ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေအားလုံးကို ဂုဏ်ပြုဖို့ အခုလိုအခွင့်အလမ်းကို ကျနော်တို့ အသုံးချကြပါစို့” ဟု ရှီက ပြောခဲ့ပါတယ်။

Linko
Ref - Xinhua