【 နိုင်ငံတကာ 】 Houteng Reef သို့ ဖိလစ်ပိုင်ဝင်ရောက်မှုနှင့်ပတ်သက်၍ တရုတ်ပင်လယ်စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား

【 နိုင်ငံတကာ 】 Houteng Reef သို့ ဖိလစ်ပိုင်ဝင်ရောက်မှုနှင့်ပတ်သက်၍ တရုတ်ပင်လယ်စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား

ပေကျင်း၊ ဧပြီ - ၇

တရုတ်ပင်လယ်စောင့်ကြပ်ရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က ဧပြီလ ၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံသည် သင်္ဘောများစွာကို စည်းရုံးပြီး တရုတ်နိုင်ငံ၊ နန်ရှားကျွန်းစုရှိ Houteng Reef အနီး ရေပြင်တွင် တရားမဝင် လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုဖြစ်စဉ်အပေါ် တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ ဖြေရှင်းကာ ဆောင်ရွက်မှုများသည် စံကိုက်ပြီး ပရော်ဖက်ရှင်နယ်ကျကြောင်းလည်း Gan Yu က ပြောပါတယ်။

ထို့အပြင် ပြောရေးဆိုခွင့်ရှိသူ Gan Yu က တရုတ်နိုင်ငံသည် Houteng Reef အပါအဝင် နန်ရှားကျွန်းစုနှင့် ကပ်လျက် ရေပြင်များအပေါ် မငြင်းသာသော အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားပြီး ဖိလစ်ပိုင် အစိုးရသင်္ဘောများသည် “ငါးဖမ်းခြင်း ကာကွယ်ရေး” ဟူသော အလံကို ကိုင်ဆောင်ပြီး တရားမဝင် ကျူးကျော်ရန်စမှုများ ပြုလုပ်ခဲ့ကာ တောင်ပင်လယ် တည်ငြိမ်မှုကို ဆက်တိုက်ဖျက်ဆီးခဲ့ကြောင်း၊ တရုတ်ပင်လယ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံ၏ တရားစီရင်ပိုင်ခွင့်အောက်ရှိ ရေပြင်တွင် ပုံမှန်ဥပဒေကျင့်သုံးရေးကိုဆောင်ရွက်မည်ဖြစ်ပြီး ပိုင်နက်အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။