အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟို(NRPC)နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(KNPP)တို့တွေ့ဆုံ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟို(NRPC)နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(KNPP)တို့တွေ့ဆုံ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟို(NRPC)နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(KNPP)တို့ယနေ့နံနက်ပိုင်းကနေပြည်တော်၊အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင်တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဦးတက်ရောက်အဖွင့်အမှာစကားပြောကြားရာမှာ “KNPP အပါအဝင် NCA လက်မှတ်မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး NCA အောက်မှာ ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်းပြီးတော့ ဒေသအကျိုးစီးပွားတွေကို ထိထိရောက်ရောက်ဖော်ဆောင်နိုင်ဖို့ အားလုံးရည်မှန်း ထားတဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ဖော်ဆောင်နိုင်ဖို့အတွက် အစိုးရအနေနဲ့ လမ်းဖွင့်ထားသလို ဆွေးနွေး ညှိနှိုင်းမှုတွေကိုလည်းစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ရာမှာ KNPP အဖွဲ့ဟာဖြင့်ရင် ယခင်အစိုးရ လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အစမှာပင် ပါဝင်ခဲ့တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ဒီ NCA စာချုပ် ဖြစ်တည်မှုမှာလည်း KNPP အဖွဲ့ဟာ အဓိက နေရာက ပါဝင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

 UNFC ရဲ့ နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ဖြစ်တဲ့ DPM မှာ KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က အဖွဲ့ခေါင်းဆောင်အဖြစ်ပါဝင်ပြီး အစိုးရနဲ့ NCA ရေးထိုးနိုင်ဖို့အတွက် UNFC အဆိုပြုချက် ၉ ချက်ကို ညှိနှိုင်းရာမှာလည်း အားလုံးနီးပါး သဘောတူ နိုင်မယ့် အခြေအနေအထိ ဒါအခြေအနေေ ကာင်းတွေ ရရှိခဲ့ပါတယ်။ သို့သော်လည်းပဲ UNFC က မွန်အမျိုးသား ပါတီ NLSP နဲ့ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LDU အဖွဲ့တို့ NCA မှာ ပါဝင် လက်မှတ် ရေးထိုးခဲ့ ကြပြီး တော့ KNPP အနေနဲ့တော့ NCA လမ်းကြောင်းမှာ မပါဝင်နိုင်သေးပဲနဲ့ အခု အစိုးရနဲ့ ဒါ ဆက်လက် ညှိနှိုင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ KNPP အနေနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ DPM ကာလ အပါအဝင် တွေ့ဆုံမှုပေါင်း ကျွန်တော်တို့ဒါ ၂၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

 တွေ့ဆုံမှုတိုင်းမှာလည်း ရလာဒ်ကောင်းတွေ အပြန်အလှန် နားလည်ယုံကြည်မှုတွေ တိုးတက် ရရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မလို့ KNPP အနေနဲ့ အခု အစိုးရနဲ့ယခုထက်ပိုမိုပြီးတော့ နီးကပ်တဲ့ ဆက်ဆံရေးနဲ့ ရှေ့တစ်လှမ်းတိုးပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အပြည့်အဝ ပါဝင်ဖို့ကိုလည်း ကျွန်တော်တို့ အလေးအနက်ထားတိုက်တွန်းလိုပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ NCA ရေးထိုးရေး ကိစ္စ၊ ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့စီးပွားရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရာမှာ ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာတွေကို ဒီကနေ့ အလေးပေးပြီး ဆွေးနွေးကြ မှာဖြစ်ပါတယ်။ အခုအချိန်မှာ KNPP အနေနဲ့ NCA မှာ ပါဝင်လာပြီဆိုရင် ဒေသတွင်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစိုးရနဲ့ ယခင်ကထက် ပိုမိုပြီးနီးနီးကပ်ကပ် အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ် “ဟုပြောကြားခဲ့ပါတယ်။

ဆက်လက်၍ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့(KNPP)ခေါင်းဆောင်ခူဦးရယ်မှအမှာစကားပြောကြားရာတွင် “ ယခင်က ဆွေးနွေးပွဲများ ပြီးစီးသည့်အခါတိုင်း ယေဘုယျ သဘောတူညီချက် (Principle agreed) ဆိုသည့် အဖြေ မျိုးသာ ရရှိခဲ့ကြောင်း။ ထိုအဖြေမျိုးတွင် ရပ်တံ့ မနေ သင့် တော့ကြောင်း၊ ယေဘုယျ သဘောတူသည်ဟူသော ဝေါဟာရကို သုံးလိုက်ခြင်း အားဖြင့် အဆုံး၌ မည်သို့ ပင် ကောက်ချက်ချ သည် ဖြစ်စေ သဘောမတူ သကဲ့သို့ပင် ဖြစ်သည်ဟု မိမိ ခံစားရကြောင်း၊ ထို့ကြောင့် အများ ကြားကောင်းရုံ ယေဘုယျ သဘောတူသည် ဟူသည့် အဆင့်ကို ကျော်လွန်ပြီး ခိုင်မာ တိကျသည့် အကောင်အထည် လက်ဆုပ် လက်ကိုင်ပြုပြီး တကယ် တမ်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်မျိုးကို သွားသင့်သည်ဟု မိမိ ထင်မြင်ပါကြောင်း၊ မိမိတို့ အနေဖြင့် ငြိမ်းချမ်း ရေး ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းသွားမှာဖြစ်ပြီး လျှောက်လှမ်းလာသည့် ခရီးစဉ်ကို နောက်ပြန်ဆုတ် မည်မဟုတ် ကြောင်း” လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ ကျင်းပပြုလုပ်သည့်ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အဖွဲ့ဝင်များ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နိုင်ငံတော်သမ္မတရုံးမှအကြံပေးပုဂ္ဂိုလ်နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များတက်ရောက်ကြောင်းသိရှိရပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၇

(  Zawgyi  )

 အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟို(NRPC)ႏွင့္ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ၊ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးေရးကိုယ္စားလွယ္အဖြဲ႕(KNPP)တို႔ယေန႔နံနက္ပိုင္းကေနျပည္ေတာ္၊အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC)တြင္ေတြ႕ဆုံေဆြးေႏြး ခဲ့ၾကပါတယ္။

ယေန႔ေတြ႕ဆုံေဆြးေႏြးပြဲတြင္အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC)ဒုတိယဥကၠ႒ဦးထြန္းထြန္းဦးတက္ေရာက္အဖြင့္အမွာစကားေျပာၾကားရာမွာ “KNPP အပါအဝင္ NCA လက္မွတ္မေရးထိုး ရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြအားလုံး NCA ေအာက္မွာ ၿငိမ္းခ်မ္းေရးခရီးကို အတူေလွ်ာက္လွမ္းၿပီးေတာ့ ေဒသအက်ိဳးစီးပြားေတြကို ထိထိေရာက္ေရာက္ေဖာ္ေဆာင္ႏိုင္ဖို႔ အားလုံးရည္မွန္း ထားတဲ့ အနာဂတ္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို အတူတကြ ေဖာ္ေဆာင္ႏိုင္ဖို႔အတြက္ အစိုးရအေနနဲ႔ လမ္းဖြင့္ထားသလို ေဆြးေႏြး ညႇိႏႈိင္းမႈေတြကိုလည္းစဥ္ဆက္မျပတ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ တိုင္းရင္းသာလက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြး ရာမွာ KNPP အဖြဲ႕ဟာျဖင့္ရင္ ယခင္အစိုးရ လက္ထက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ အစမွာပင္ ပါဝင္ခဲ့တဲ့ အဖြဲ႕ျဖစ္တဲ့အတြက္ ဒီ NCA စာခ်ဳပ္ ျဖစ္တည္မႈမွာလည္း KNPP အဖြဲ႕ဟာ အဓိက ေနရာက ပါဝင္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

 UNFC ရဲ႕ ႏိုင္ငံေရး ေဆြးေႏြးေရးအဖြဲ႕ျဖစ္တဲ့ DPM မွာ KNPP ဒုတိယဥကၠ႒ ခူဦးရယ္က အဖြဲ႕ေခါင္းေဆာင္အျဖစ္ပါဝင္ၿပီး အစိုးရနဲ႔ NCA ေရးထိုးႏိုင္ဖို႔အတြက္ UNFC အဆိုျပဳခ်က္ ၉ ခ်က္ကို ညႇိႏႈိင္းရာမွာလည္း အားလုံးနီးပါး သေဘာတူ ႏိုင္မယ့္ အေျခအေနအထိ ဒါအေျခအေနေ ကာင္းေတြ ရရွိခဲ့ပါတယ္။ သို႔ေသာ္လည္းပဲ UNFC က မြန္အမ်ိဳးသား ပါတီ NLSP နဲ႔ လားဟူ အမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ LDU အဖြဲ႕တို႔ NCA မွာ ပါဝင္ လက္မွတ္ ေရးထိုးခဲ့ ၾကၿပီး ေတာ့ KNPP အေနနဲ႔ေတာ့ NCA လမ္းေၾကာင္းမွာ မပါဝင္ႏိုင္ေသးပဲနဲ႔ အခု အစိုးရနဲ႔ ဒါ ဆက္လက္ ညႇိႏႈိင္းေနတဲ့ အေျခအေနျဖစ္ပါတယ္။ လက္ရွိ အစိုးရလက္ထက္မွာ KNPP အေနနဲ႔ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးရာမွာ DPM ကာလ အပါအဝင္ ေတြ႕ဆုံမႈေပါင္း ကြၽန္ေတာ္တို႔ဒါ ၂၄ ႀကိမ္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး ျဖစ္ပါတယ္။

 ေတြ႕ဆုံမႈတိုင္းမွာလည္း ရလာဒ္ေကာင္းေတြ အျပန္အလွန္ နားလည္ယုံၾကည္မႈေတြ တိုးတက္ ရရွိခဲ့ၿပီးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ KNPP အေနနဲ႔ အခု အစိုးရနဲ႔ယခုထက္ပိုမိုၿပီးေတာ့ နီးကပ္တဲ့ ဆက္ဆံေရးနဲ႔ ေရွ႕တစ္လွမ္းတိုးၿပီးေတာ့ လက္ရွိ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အျပည့္အဝ ပါဝင္ဖို႔ကိုလည္း ကြၽန္ေတာ္တို႔ အေလးအနက္ထားတိုက္တြန္းလိုပါတယ္။ ဒီကေန႔ ေဆြးေႏြးပြဲမွာ NCA ေရးထိုးေရး ကိစၥ၊ ေဒသတြင္း ဖြံ႕ၿဖိဳးေရးနဲ႔စီးပြားေရးကိစၥေတြ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ရာမွာ ဘယ္လို ေဆာင္႐ြက္ၾကမယ္ဆိုတာေတြကို ဒီကေန႔ အေလးေပးၿပီး ေဆြးေႏြးၾက မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ KNPP အေနနဲ႔ NCA မွာ ပါဝင္လာၿပီဆိုရင္ ေဒသတြင္းတည္ၿငိမ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း အစိုးရနဲ႔ ယခင္ကထက္ ပိုမိုၿပီးနီးနီးကပ္ကပ္ အေကာင္အထည္ေဖာ္ႏိုင္မွာျဖစ္ပါတယ္ “ဟုေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ၊ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးေရးကိုယ္စားလွယ္အဖြဲ႕(KNPP)ေခါင္းေဆာင္ခူဦးရယ္မွအမွာစကားေျပာၾကားရာတြင္ “ ယခင္က ေဆြးေႏြးပြဲမ်ား ၿပီးစီးသည့္အခါတိုင္း ေယဘုယ် သေဘာတူညီခ်က္ (Principle agreed) ဆိုသည့္ အေျဖ မ်ိဳးသာ ရရွိခဲ့ေၾကာင္း။ ထိုအေျဖမ်ိဳးတြင္ ရပ္တံ့ မေန သင့္ ေတာ့ေၾကာင္း၊ ေယဘုယ် သေဘာတူသည္ဟူေသာ ေဝါဟာရကို သုံးလိုက္ျခင္း အားျဖင့္ အဆုံး၌ မည္သို႔ ပင္ ေကာက္ခ်က္ခ် သည္ ျဖစ္ေစ သေဘာမတူ သကဲ့သို႔ပင္ ျဖစ္သည္ဟု မိမိ ခံစားရေၾကာင္း၊ ထို႔ေၾကာင့္ အမ်ား ၾကားေကာင္း႐ုံ ေယဘုယ် သေဘာတူသည္ ဟူသည့္ အဆင့္ကို ေက်ာ္လြန္ၿပီး ခိုင္မာ တိက်သည့္ အေကာင္အထည္ လက္ဆုပ္ လက္ကိုင္ျပဳၿပီး တကယ္ တမ္းေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ိဳးကို သြားသင့္သည္ဟု မိမိ ထင္ျမင္ပါေၾကာင္း၊ မိမိတို႔ အေနျဖင့္ ၿငိမ္းခ်မ္း ေရး ခရီးစဥ္ကို ဆက္လက္ ေလွ်ာက္လွမ္းသြားမွာျဖစ္ၿပီး ေလွ်ာက္လွမ္းလာသည့္ ခရီးစဥ္ကို ေနာက္ျပန္ဆုတ္ မည္မဟုတ္ ေၾကာင္း” လို႔ ေျပာၾကားခဲ့ပါတယ္။

ယေန႔ က်င္းပျပဳလုပ္သည့္ေဆြးေႏြးပြဲကို တက္ေရာက္လာၾကတဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန အဖြဲ႕ဝင္မ်ား ၿငိမ္းခ်မ္းေရး ေကာ္မရွင္အဖြဲ႕ဝင္မ်ားႏွင့္ ကယားျပည္နယ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား ႏိုင္ငံေတာ္သမၼတ႐ုံးမွအႀကံေပးပုဂၢိဳလ္ႏွင့္ ကရင္နီ အမ်ိဳးသားတိုးတက္ေရးပါတီ KNPP ေခါင္းေဆာင္မ်ားတက္ေရာက္ေၾကာင္းသိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၁၇