ကန်ဒေါ်လာ ၁ဝ သန်းကျော် ပမာဏရှိ နိုင်ငံခြားလုပ်ငန်း ၁ဝ ခု ရင်းနှီးမြှုပ်နှံှံရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြု

ကန်ဒေါ်လာ ၁ဝ သန်းကျော် ပမာဏရှိ နိုင်ငံခြားလုပ်ငန်း ၁ဝ ခု ရင်းနှီးမြှုပ်နှံှံရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ခွင့်ပြု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်နဲ့ British Virgin Islands တို့ကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၁ဝ ခု လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သြဂုတ်လ ၂၈ ရက်နေ့မှာ ခွင့်ပြုပေးလိုက်ပါတယ်။

သြဂုတ်လ ၂၈ ရက် နံနက်ပိုင်း ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးမှာ ကော်မတီရဲ့ (၁၄/၂ဝ၁၉) ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ဝ ခုကို ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီအစည်းအဝေးကိုတော့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

"ဒီနေ့ခွင့်ပြုပေးလိုက်တာကတော့ CMP စနစ်နဲ့ အဝတ်အထည်ချုပ်လုပ်တဲ့ လုပ်ငန်းက ၃ ခုဖြစ်ပါတယ်။အိတ်ချုပ်တဲ့လုပ်ငန်းက ၂ ခုဖြစ်ပါတယ်။ဦးထုပ်ချုပ်တဲ့လုပ်ငန်းက တစ်ခုဖြစ်ပါတယ်။နောက် ဖိုက်ဘာ glass ထုတ်တဲ့ လုပ်ငန်းက တစ်ခုဖြစ်ပါတယ်။CMP စနစ်နဲ့ ပြည်ပကိုပို့မယ့် အဝတ်အထည်တွေပေါ်မှာ ပန်းထိုး၊ ပန်းကပ်ရိုက်မယ့် လုပ်ငန်းတစ်ခု ကျွန်တော်တို့ ခွင့်ပြုပေးပါတယ်။နောက် ထုပ်ပိုးပစ္စည်းတွေထုတ်တဲ့ လုပ်ငန်းတစ်ခု၊ အားကစားပစ္စည်းတွေထုတ်တဲ့ လုပ်ငန်းတစ်ခုကို ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ပါတယ်။အားလုံးပေါင်း လုပ်ငန်း ၁ဝ ခု ဖြစ်ပါတယ်" လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးမျိုးခိုင်ဦး က ပြောပါတယ်။

ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်း ၁ဝ ခု ခွင့်ပြုပေးလိုက်တဲ့အကြောင်းကို ဒီကနေ့ ညနေပိုင်း ၄ နာရီမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အသိပေးခဲ့တာဖြစ်ပါတယ်။

အခုခွင့်ပြုပေးလိုက်တဲ့ လုပ်ငန်း ၁ဝ ခုကိုတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ၆၅၅ သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၂၆၈ ဦးအတွက် ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

၂ဝ၁၈- ၁၉ ဘဏ္ဍာနှစ်အနေနဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ လက်ရှိ သြဂုတ်လ ၂၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကနေ လုပ်ငန်းပေါင်း ၁၄၂ ခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ရင်းနှီးမြှုပ်နှံမှု ပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ ၃ဝ၄ သန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေနဲ့ကတော့ လုပ်ငန်းပေါင်း ၁၈ ခုကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏက မြန်မာကျပ် ၃၅ ဒသမ ၆၅၃ ဘီလီယံ ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ - Phyo Min Thein (FB)
ရန်ကုန်၊ သြဂုတ် - ၂၉

( Zawgyi )

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ေဟာင္ေကာင္နဲ႔ British Virgin Islands တို႔ကို ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္း ၁ဝ ခု လုပ္ေဆာင္ရန္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ခြင့္ျပဳေပးလိုက္ပါတယ္။

ၾသဂုတ္လ ၂၈ ရက္ နံနက္ပိုင္း ၁ဝ နာရီက ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ႐ုံးမွာ ေကာ္မတီရဲ႕ (၁၄/၂ဝ၁၉) ႀကိမ္ေျမာက္ အစည္းအေဝးျပဳလုပ္ခဲ့ၿပီးေနာက္ အခုလို ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း ၁ဝ ခုကို ေပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။အဲ့ဒီအစည္းအေဝးကိုေတာ့ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠ႒၊ ရန္ကုန္ေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း နဲ႔ ေကာ္မတီအဖြဲ႕ဝင္ေတြ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

"ဒီေန႔ခြင့္ျပဳေပးလိုက္တာကေတာ့ CMP စနစ္နဲ႔ အဝတ္အထည္ခ်ဳပ္လုပ္တဲ့ လုပ္ငန္းက ၃ ခုျဖစ္ပါတယ္။အိတ္ခ်ဳပ္တဲ့လုပ္ငန္းက ၂ ခုျဖစ္ပါတယ္။ဦးထုပ္ခ်ဳပ္တဲ့လုပ္ငန္းက တစ္ခုျဖစ္ပါတယ္။ေနာက္ ဖိုက္ဘာ glass ထုတ္တဲ့ လုပ္ငန္းက တစ္ခုျဖစ္ပါတယ္။CMP စနစ္နဲ႔ ျပည္ပကိုပို႔မယ့္ အဝတ္အထည္ေတြေပၚမွာ ပန္းထိုး၊ ပန္းကပ္႐ိုက္မယ့္ လုပ္ငန္းတစ္ခု ကြၽန္ေတာ္တို႔ ခြင့္ျပဳေပးပါတယ္။ေနာက္ ထုပ္ပိုးပစၥည္းေတြထုတ္တဲ့ လုပ္ငန္းတစ္ခု၊ အားကစားပစၥည္းေတြထုတ္တဲ့ လုပ္ငန္းတစ္ခုကို ကြၽန္ေတာ္တို႔ ခြင့္ျပဳေပးခဲ့ပါတယ္။အားလုံးေပါင္း လုပ္ငန္း ၁ဝ ခု ျဖစ္ပါတယ္" လို႔ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ အတြင္းေရးမႉး ဦးမ်ိဳးခိုင္ဦး က ေျပာပါတယ္။

ဒီလိုမ်ိဳး ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္း ၁ဝ ခု ခြင့္ျပဳေပးလိုက္တဲ့အေၾကာင္းကို ဒီကေန႔ ညေနပိုင္း ၄ နာရီမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ၿပီး အသိေပးခဲ့တာျဖစ္ပါတယ္။

အခုခြင့္ျပဳေပးလိုက္တဲ့ လုပ္ငန္း ၁ဝ ခုကိုေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏကေတာ့ အေမရိကန္ေဒၚလာ ၁ဝ ဒသမ ၆၅၅ သန္း ျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္း ၄၂၆၈ ဦးအတြက္ ဖန္တီးေပးႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

၂ဝ၁၈- ၁၉ ဘ႑ာႏွစ္အေနနဲ႔ ေအာက္တိုဘာ ၁ ရက္ေန႔ကေန လက္ရွိ ၾသဂုတ္လ ၂၈ ရက္ေန႔အထိ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီကေန လုပ္ငန္းေပါင္း ၁၄၂ ခုကို ခြင့္ျပဳေပးခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏကေတာ့ အေမရိကန္ေဒၚလာ ၂၃၉ ဒသမ ၃ဝ၄ သန္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈအေနနဲ႔ကေတာ့ လုပ္ငန္းေပါင္း ၁၈ ခုကို ခြင့္ျပဳေပးခဲ့ၿပီးျဖစ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏက ျမန္မာက်ပ္ ၃၅ ဒသမ ၆၅၃ ဘီလီယံ ျဖစ္တယ္လို႔ သတင္းစာရွင္းလင္းပြဲက သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ဓာတ္ပုံ - Phyo Min Thein (FB)
ရန္ကုန္၊ ၾသဂုတ္ - ၂၉