ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို နိုင်ငံတကာအဆင့်မီ ကုန်သွယ်ရေး စခန်းဖြစ်လာ စေရန ်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဆို

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကို နိုင်ငံတကာအဆင့်မီ  ကုန်သွယ်ရေး စခန်းဖြစ်လာ စေရန ်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု ဆို

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကိုနိုင်ငံတကာအဆင့်မီကုန်သွယ်ရေးစခန်းဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် ၊မဲဆန္ဒနယ်အမှတ် - ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ကပြောပါတယ်။

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဝိုင်းမော်မြို့နယ်မှာတည်ရှိတာဖြစ်ပြီး ယင်းကုန်သွယ်ရေးစခန်းကို ၂၀၀၉ ခုနှစ်၊ဇွန် ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါနယ်စပ်ကုန်သွယ်ရေးဂိတ်ဟာ တရုတ်-မြန်မာစြင်္ကန်အောက်ရှိ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုဇုန်သုံးခုအကောင်အထည်ဖော်ရန်လျာထားမှုများထဲမှတစ်ခုအပါအဝင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“လောလောဆယ် ကန်ပိုက်တီက နိုင်ငံတကာအဆင့်မဖြစ်သေးဘူးလေ။အဲ့ဒါကို Internationalဖြစ်ဖို့ အတွက်တတ်နိုင်သလောက် အစိုးရအဖွဲ့ ကိုအကြံပေးပြီးတော့ကျမတို့လည်း ကြိုးစားနေပါတယ်။ ဒါကလည်း ပြည်ထောင်စုအဆင့် နဲ့မှပြီးမယ့် ဟာဆိုတော့ပြည်နယ်မှာ အဆိုတင် လို့ပေမယ့်ပြည်နယ်အဆင့်နဲ့ ကျအဆင်မပြေဘူးလေ။ ဒါပြည်ထောင်စုအဆင့်မှာဆွေးနွေးပြီးအားလုံးအဆင်ပြေမှသာလျှင်ဒီပြည်ထောင်စုအဆင့်တောင်မှကျမတို့မြန်မာနိုင်ငံတစ်ခုတည်းအဆင်ပြေလို့မရဘူး။ဟိုဘက်နိုင်ငံနဲ့ပါညှိနှိုင်းအဖြေရှာပြီးသဘောတူမှလုပ်ရတာဖြစ်တဲ့အတွက်ပြည်ထောင်စုအဆင့်ကပိုအရေးကြီးပါတယ်။”လို့ ဆော့လော်မဲဆန္ဒနယ် - ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ကပြောကြားခဲ့ပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနအနနဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် ငါးနှစ်စီမံကိန်းလျာထားချက်တွင် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်း ခြံစည်းရိုးကာရံခြင်း လုပ်ငန်း အရှည်ဆောင်ရွက်ရန်အတွက် တန်ဖိုး ငွေကျပ်(၈၄)သန်းအား ထည့်သွင်းလျာထားပေးကြောင်းနှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှုတိုးတက်များပြားလာသည်နှင့်အမျှလက်ရှိကာလထက် ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်သောအခြေခံအဆောက်အဦများ၊ ဝန်ထမ်းအိမ်ရာများ၊ပို့ကုန်သွင်းကုန် ယာဉ်ရပ်နားစခန်းများ၊ သိုလှောင်ရုံများ၊ကုန်ပစ္စည်းစစ်ဆေးသည့် (X-Ray)စက်တို့အား လုပ်ငန်းလိုအပ် ချက်အပေါ်မူတည်၍ ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရန် စီမံထားရှိတယ်လို့လည်း စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူးက ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်၊ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့မှာ ပြောကြားခဲ့ပါသေးတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ဆောက်အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို နိုင်ငံတော်သမ္မတရုံးကဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ ပြီး ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိကာ မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ကန် ပိုက်တီတွင်မကြာမီ ကာလအတွင်းနယ် စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တစ်ခုစနစ်တကျပေါ်ထွန်းလာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြေသိမ်း၊မင်းထွန်း (အုတ်ကျင်း)
ကန်ပိုက်တီ၊ဇွန် ၁၂
ဓာတ်ပုံ  - မြဝတီ

(  Zawgyi  )

 ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးစခန္းကိုႏိုင္ငံတကာအဆင့္မီကုန္သြယ္ေရးစခန္းျဖစ္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိတယ္လို႔ ကခ်င္ျပည္နယ္၊ ေဆာ့ေလာ္ၿမိဳ႕နယ္ ၊မဲဆႏၵနယ္အမွတ္ - ၂ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာဝူ ကေျပာပါတယ္။

ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးစခန္းသည္ ဝိုင္းေမာ္ၿမိဳ႕နယ္မွာတည္ရွိတာျဖစ္ၿပီး ယင္းကုန္သြယ္ေရးစခန္းကို ၂၀၀၉ ခုႏွစ္၊ဇြန္ ၁ ရက္ေန႔မွ စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ အဆိုပါနယ္စပ္ကုန္သြယ္ေရးဂိတ္ဟာ တ႐ုတ္-ျမန္မာျစကၤန္ေအာက္ရွိ တ႐ုတ္-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ဗဟိုဇုန္သုံးခုအေကာင္အထည္ေဖာ္ရန္လ်ာထားမႈမ်ားထဲမွတစ္ခုအပါအဝင္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ေလာေလာဆယ္ ကန္ပိုက္တီက ႏိုင္ငံတကာအဆင့္မျဖစ္ေသးဘူးေလ။အဲ့ဒါကို Internationalျဖစ္ဖို႔ အတြက္တတ္ႏိုင္သေလာက္ အစိုးရအဖြဲ႕ ကိုအႀကံေပးၿပီးေတာ့က်မတို႔လည္း ႀကိဳးစားေနပါတယ္။ ဒါကလည္း ျပည္ေထာင္စုအဆင့္ နဲ႔မွၿပီးမယ့္ ဟာဆိုေတာ့ျပည္နယ္မွာ အဆိုတင္ လို႔ေပမယ့္ျပည္နယ္အဆင့္နဲ႔ က်အဆင္မေျပဘူးေလ။ ဒါျပည္ေထာင္စုအဆင့္မွာေဆြးေႏြးၿပီးအားလုံးအဆင္ေျပမွသာလွ်င္ဒီျပည္ေထာင္စုအဆင့္ေတာင္မွက်မတို႔ျမန္မာႏိုင္ငံတစ္ခုတည္းအဆင္ေျပလို႔မရဘူး။ဟိုဘက္ႏိုင္ငံနဲ႔ပါညႇိႏႈိင္းအေျဖရွာၿပီးသေဘာတူမွလုပ္ရတာျဖစ္တဲ့အတြက္ျပည္ေထာင္စုအဆင့္ကပိုအေရးႀကီးပါတယ္။”လို႔ ေဆာ့ေလာ္မဲဆႏၵနယ္ - ၂ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေခၚမာဝူ ကေျပာၾကားခဲ့ပါတယ္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ကုန္သြယ္ေရးဦးစီးဌာနအနနဲ႔ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္မွ ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္အထိ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ ငါးႏွစ္စီမံကိန္းလ်ာထားခ်က္တြင္ ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးစခန္း ၿခံစည္း႐ိုးကာရံျခင္း လုပ္ငန္း အရွည္ေဆာင္႐ြက္ရန္အတြက္ တန္ဖိုး ေငြက်ပ္(၈၄)သန္းအား ထည့္သြင္းလ်ာထားေပးေၾကာင္းႏွင့္ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးစခန္းမွာ ကုန္သြယ္မႈတိုးတက္မ်ားျပားလာသည္ႏွင့္အမွ်လက္ရွိကာလထက္ ပိုမိုဝန္ေဆာင္မႈေပးႏိုင္ရန္ လိုအပ္ေသာအေျခခံအေဆာက္အဦမ်ား၊ ဝန္ထမ္းအိမ္ရာမ်ား၊ပို႔ကုန္သြင္းကုန္ ယာဥ္ရပ္နားစခန္းမ်ား၊ သိုေလွာင္႐ုံမ်ား၊ကုန္ပစၥည္းစစ္ေဆးသည့္ (X-Ray)စက္တို႔အား လုပ္ငန္းလိုအပ္ ခ်က္အေပၚမူတည္၍ ျဖည့္ဆည္းေဆာင္႐ြက္သြားႏိုင္ရန္ စီမံထားရွိတယ္လို႔လည္း စီးပြား/ကူးသန္း ဒုဝန္ႀကီး ဦးေအာင္ထူးက ဒုတိယအႀကိမ္၊ ျပည္သူ႔လႊတ္ေတာ္(၁၂)ႀကိမ္ေျမာက္၊ပုံမွန္အစည္းအေဝး ဆ႒မေန႔မွာ ေျပာၾကားခဲ့ပါေသးတယ္။

ဒါ့အျပင္ ျမန္မာ-တ႐ုတ္ နယ္စပ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဇုန္တည္ေဆာက္အေကာင္အထည္ေဖာ္ေရးႏွင့္ပတ္သက္၍ ဗဟိုေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီတို႔ကို ႏိုင္ငံေတာ္သမၼတ႐ုံးကဖြဲ႕စည္းတာဝန္ေပးအပ္ခဲ့ ၿပီး ညႇိႏႈိင္းမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိကာ ျမန္မာ-တ႐ုတ္နယ္စပ္ ကခ်င္ျပည္နယ္၊ကန္ ပိုက္တီတြင္မၾကာမီ ကာလအတြင္းနယ္ စပ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈဇုန္တစ္ခုစနစ္တက်ေပၚထြန္းလာမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ေျပသိမ္း၊မင္းထြန္း (အုတ္က်င္း)
ကန္ပိုက္တီ၊ဇြန္ ၁၂
ဓာတ္ပုံ  - ျမဝတီ