ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပဉ္စမအများဆုံး နိုင်ငံတွင် မြန်မာနိုင်ငံ ရပ်တည်

ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပဉ္စမအများဆုံး နိုင်ငံတွင် မြန်မာနိုင်ငံ ရပ်တည်

ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ပဉ္စမအများဆုံး နိုင်ငံတွင် မြန်မာနိုင်ငံ ရပ်တည်လျှက်ရှိတယ်လို့ ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တောင်ဝင်နှင်းဆီမှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ၏ မြေမြုပ်မိုင်း နောက်ဆုံးအခြေအနေ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ဒေါက်တာယေရွာမိုဆာ ပန်စူးဝမ် က ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံများနဲ့ ယှဉ်ရင် ထိခိုက်မှုများပြားနေတာကို သတိထားမိမှာပါ။ကမ္ဘာ့ ၅ ခုမြောက် ထိခိုက်ဏ်ရာရတဲ့ စာရင်းအနေနဲ့ ၂၀၀၇ ခုနှစ်တည်းကနေ ဒီနေ့အထိ ဆက်လက်တည်ရှိနေတယ်” လို့ ဆိုပါတယ်။

၁၉၉၉ ခုနှစ်မှ စတင်ကောက်ယူခဲ့သည့် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် မိုင်းကြောင့် လူပေါင်း ၄၁၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၂၉၈ ဦး ၂၀၁၇ ခုနှစ်တွင် ၂၀၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ထိခိုက်ဒဏ်ရာရရှိသူများသည် စာရင်းကောက်ယူရရှိသည်ထက် အဆများစွာ ပိုမို များပြားနိုင်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများက မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စာရင်းများကို ထုတ်ပြန်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။

“ကောက်ယူတဲ့ စာရင်းဇယားက ဆေးဘက်ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့တွေကနေ ရတာပါ” လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းများကို လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အသုံးပြုလျှက်ရှိနေပြီး တောအုပ်များအတွင်း ဖြတ်သန်းသွားလာသည့်အခါ ရွာသားများအား ရှေ့မှသွားခိုင်းသည့် အထောက်အထားများလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။

“မိုင်းရှိမှန်းသိတယ်။အန္တရာယ်ရှိတယ်။ရှေ့ကနေ လျှေက်ခိုင်းတယ်။အချိန်မရွေး မိုင်းဒုက္ခသည် ဖြစ်နိုင်တဲ့အတွက် စေခိုင်းတဲ့ အဖွဲ့က တာဝန်အပြည့်အဝယူရမယ့် အပိုင်းတွေ ရှိလာတယ်။ကျွန်တော့်အနေနဲ့ ပြင်းထန်စွာရှုတ်ချချင်တဲ့ အချက်က မြေမြုပ်မိုင်းဒဏ်ကို ခံစားနေရတဲ့ မတရားစေခိုင်းခံရသူတွေအတွက် ဒီလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။

မြန်မာနိုင်ငံတွင် မိုင်းနှင့် ပတ်သက်သည့် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအား ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ပြုလုပ်ခဲ့သော်လည်း ထူးခြားမှုများ ရှိမလာသေးကြောင်း၊ မိုင်းအန္တရာယ်ရှိသည့် နေရာဒေသများတွင်လည်း သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားခြင်း မရှိကြောင်း၊ မိုင်းရှင်းလင်းရန်အတွက် NGO အဖွဲ့အစည်း (၃) ဖွဲ့က ရန်ကုန်တွင် အခြေစိုက် နေထိုင်လျှက်ရှိပြီး ခွင့်ပြုချက်မရရှိတဲ့အတွက် မြန်မာနိုင်ငံဟာ မိုင်းအသုံးပြုမှု ပိတ်ပင်တားဆီးရန် အားအနည်းဆုံး ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ၅ နှစ်တာ ကာလအတွင်း မိုင်းအရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ အကူအညီ ဒေါ်လာ၂၅ သန်းကျော် ထောက်ပံ့ပေးခဲ့သော်လည်း မည်သည့်နေရာတွင် အသုံးပြုမှုများ ပြုလုပ်လျှက်ရှိတာကိုတော့ မသိရှိဘူးလို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၉

( Zawgyi )

ကမာၻေပၚတြင္ ေျမျမဳပ္မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈ ပၪၥမအမ်ားဆုံး ႏိုင္ငံတြင္ ျမန္မာႏိုင္ငံ ရပ္တည္လွ်က္ရွိတယ္လို႔ ယေန႔ ဒီဇင္ဘာလ ၁၉ ရက္ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ ေတာင္ဝင္ႏွင္းဆီမွာ က်င္းပျပဳလုပ္တဲ့ ျမန္မာႏိုင္ငံ၏ ေျမျမဳပ္မိုင္း ေနာက္ဆုံးအေျခအေန အစီရင္ခံစာ ထုတ္ျပန္ျခင္း အခမ္းအနားမွာ ေဒါက္တာေယ႐ြာမိုဆာ ပန္စူးဝမ္ က ေျပာၾကားခဲ့ပါတယ္။

“ျမန္မာႏိုင္ငံက ကမာၻ႔ႏိုင္ငံမ်ားနဲ႔ ယွဥ္ရင္ ထိခိုက္မႈမ်ားျပားေနတာကို သတိထားမိမွာပါ။ကမာၻ႔ ၅ ခုေျမာက္ ထိခိုက္ဏ္ရာရတဲ့ စာရင္းအေနနဲ႔ ၂၀၀၇ ခုႏွစ္တည္းကေန ဒီေန႔အထိ ဆက္လက္တည္ရွိေနတယ္” လို႔ ဆိုပါတယ္။

၁၉၉၉ ခုႏွစ္မွ စတင္ေကာက္ယူခဲ့သည့္ စစ္တမ္းမ်ားအရ ျမန္မာႏိုင္ငံတြင္ မိုင္းေၾကာင့္ လူေပါင္း ၄၁၉၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ ၂၉၈ ဦး ၂၀၁၇ ခုႏွစ္တြင္ ၂၀၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဆိုပါတယ္။ထိခိုက္ဒဏ္ရာရရွိသူမ်ားသည္ စာရင္းေကာက္ယူရရွိသည္ထက္ အဆမ်ားစြာ ပိုမို မ်ားျပားႏိုင္ၿပီး လက္နက္ကိုင္အဖြဲ႕အစည္းမ်ားက မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူ စာရင္းမ်ားကို ထုတ္ျပန္ျခင္း မရွိဘူးလို႔လည္း ဆိုပါတယ္။

“ေကာက္ယူတဲ့ စာရင္းဇယားက ေဆးဘက္ဆိုင္ရာ အကူအညီေပးေနတဲ့ အဖြဲ႕ေတြကေန ရတာပါ” လို႔လည္း ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္ ေျမျမဳပ္မိုင္းမ်ားကို လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကလည္း အသုံးျပဳလွ်က္ရွိေနၿပီး ေတာအုပ္မ်ားအတြင္း ျဖတ္သန္းသြားလာသည့္အခါ ႐ြာသားမ်ားအား ေရွ႕မွသြားခိုင္းသည့္ အေထာက္အထားမ်ားလည္း ေတြ႕ရွိတယ္လို႔ ဆိုပါတယ္။

“မိုင္းရွိမွန္းသိတယ္။အႏၲရာယ္ရွိတယ္။ေရွ႕ကေန ေလွ်က္ခိုင္းတယ္။အခ်ိန္မေ႐ြး မိုင္းဒုကၡသည္ ျဖစ္ႏိုင္တဲ့အတြက္ ေစခိုင္းတဲ့ အဖြဲ႕က တာဝန္အျပည့္အဝယူရမယ့္ အပိုင္းေတြ ရွိလာတယ္။ကြၽန္ေတာ့္အေနနဲ႔ ျပင္းထန္စြာရႈတ္ခ်ခ်င္တဲ့ အခ်က္က ေျမျမဳပ္မိုင္းဒဏ္ကို ခံစားေနရတဲ့ မတရားေစခိုင္းခံရသူေတြအတြက္ ဒီလုပ္ရပ္ကို ျပင္းထန္စြာ ရႈတ္ခ်ပါတယ္” လို႔ ဆက္လက္ေျပာၾကားပါတယ္။

ျမန္မာႏိုင္ငံတြင္ မိုင္းႏွင့္ ပတ္သက္သည့္ ေစာင့္ၾကည့္ေလ့လာေရး အစီရင္ခံစာအား ၁၉၉၉ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ ႏွစ္ေပါင္း ၂၀ ျပဳလုပ္ခဲ့ေသာ္လည္း ထူးျခားမႈမ်ား ရွိမလာေသးေၾကာင္း၊ မိုင္းအႏၲရာယ္ရွိသည့္ ေနရာေဒသမ်ားတြင္လည္း သတိေပးဆိုင္းဘုတ္မ်ား တပ္ဆင္ထားျခင္း မရွိေၾကာင္း၊ မိုင္းရွင္းလင္းရန္အတြက္ NGO အဖြဲ႕အစည္း (၃) ဖြဲ႕က ရန္ကုန္တြင္ အေျခစိုက္ ေနထိုင္လွ်က္ရွိၿပီး ခြင့္ျပဳခ်က္မရရွိတဲ့အတြက္ ျမန္မာႏိုင္ငံဟာ မိုင္းအသုံးျပဳမႈ ပိတ္ပင္တားဆီးရန္ အားအနည္းဆုံး ပူးေပါင္းေဆာင္႐ြက္တဲ့ ႏိုင္ငံတစ္ခု ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

၂၀၁၃ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္ အထိ ၅ ႏွစ္တာ ကာလအတြင္း မိုင္းအေရး ေဆာင္႐ြက္ရန္ ျမန္မာႏိုင္ငံသို႔ ႏိုင္ငံတကာမွ အကူအညီ ေဒၚလာ၂၅ သန္းေက်ာ္ ေထာက္ပံ့ေပးခဲ့ေသာ္လည္း မည္သည့္ေနရာတြင္ အသုံးျပဳမႈမ်ား ျပဳလုပ္လွ်က္ရွိတာကိုေတာ့ မသိရွိဘူးလို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၉