ကမ္ဘာလှည့်ခရီးသည်များ အပျော်စီး စင်းလုံးငှားရေယာဉ်ဖြင့် ဧရာဝတီ မြစ်ကြောင်းတလျှောက် လည်ပတ်

ကမ္ဘာလှည့်ခရီးသည်များ အပျော်စီး စင်းလုံးငှားရေယာဉ်ဖြင့် ဧရာဝတီ မြစ်ကြောင်းတလျှောက် လည်ပတ်

ကမ္ဘာလှည့်ခရီးသည်များ အပျော်စီး စင်းလုံးငှားရေယာဉ်ဖြင့် ဧပြီလ အတွင်း ဧရာဝတီ မြစ်ကြောင်းတလျှောက် လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဉ်မှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံသားဧည့်သည် (၂) ဦးသည် ၂၀၁၉ ခုနှစ် ဧပြီလ (၆) ရက်နေ့မှ ဧပြီလ (၁၄) ရက်နေ့အထိ မြန်မာရွှေလိပ်ပြာ (၃)အပျော်စီး ရေယာဉ်ဖြင့် မန္တလေး-ဗန်းမော်-ရွှေဂူ-မိုးတား-ကသာ-တကောင်း-ကျောက်မြောင်း-စိန်ပန်းကုန်း- မင်းကွန်း-အင်းဝ-စစ်ကိုင်း-ရန္တပို-ပခုက္ကူ-ပုဂံ-ရန်ကုန် ခရီးစဉ်များ၊ ပြင်သစ်နိုင်ငံသား ဧည့်သည် (၂) ဦး သည် ၂၀၁၉ ခုနှစ် ဧပြီလ (၁၆) ရက်နေ့မှ ဧပြီလ (၂၁) ရက်နေ့ အထိ မြန်မာ ရွှေလိပ်ပြာ (၃)အပျော်စီးရေယာဉ်ဖြင့် မန္တလေး-စစ်ကိုင်း-အင်းဝ-စိန်ပန်းကုန်း-ကျောက်မြောင်း-တကောင်း-ကသာ-ဗန်းမော်-မန္တလေး ခရီးစဉ်များသို့ လည်ပတ်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ၊ ဒုတိယမြစ်ကျဉ်းသဘာဝရှုခင်းများ၊ ရေလုပ်သား တို့၏ လူနေမှုဓလေ့စရိုက်နေထိုင်ပုံများ၊ ဆင်စခန်း၊ ရိုးရာအိုးလုပ်ငန်းများအား လေ့လာရန် ဧရာဝတီမြစ်ကြောင်း နှင့် ချင်းတွင်းမြစ်ကြောင်း ခရီးစဉ်များသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် လာရောက်လည်ပတ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ သို့ လေကြောင်း၊ ရေကြောင်းများဖြင့် သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များ၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့် လာရောက် လည်ပတ် လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
နေပြည်တော်၊ မေ ၁၀

(  Zawgyi  )

 ကမာၻလွည့္ခရီးသည္မ်ား အေပ်ာ္စီး စင္းလုံးငွားေရယာဥ္ျဖင့္ ဧၿပီလ အတြင္း ဧရာဝတီ ျမစ္ေၾကာင္းတေလွ်ာက္ လာေရာက္လည္ပတ္ခဲ့တယ္လို႔ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္းဝန္ႀကီးဌာန၏ ႀကီးၾကပ္မႈ၊ Golden Myanmar Butterfly Travels & Tours Co.,Ltd ၏ စီစဥ္မႈျဖင့္ ဘယ္လ္ဂ်ီယံႏိုင္ငံသားဧည့္သည္ (၂) ဦးသည္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၆) ရက္ေန႔မွ ဧၿပီလ (၁၄) ရက္ေန႔အထိ ျမန္မာေ႐ႊလိပ္ျပာ (၃)အေပ်ာ္စီး ေရယာဥ္ျဖင့္ မႏၲေလး-ဗန္းေမာ္-ေ႐ႊဂူ-မိုးတား-ကသာ-တေကာင္း-ေက်ာက္ေျမာင္း-စိန္ပန္းကုန္း- မင္းကြန္း-အင္းဝ-စစ္ကိုင္း-ရႏၲပို-ပခုကၠဴ-ပုဂံ-ရန္ကုန္ ခရီးစဥ္မ်ား၊ ျပင္သစ္ႏိုင္ငံသား ဧည့္သည္ (၂) ဦး သည္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၁၆) ရက္ေန႔မွ ဧၿပီလ (၂၁) ရက္ေန႔ အထိ ျမန္မာ ေ႐ႊလိပ္ျပာ (၃)အေပ်ာ္စီးေရယာဥ္ျဖင့္ မႏၲေလး-စစ္ကိုင္း-အင္းဝ-စိန္ပန္းကုန္း-ေက်ာက္ေျမာင္း-တေကာင္း-ကသာ-ဗန္းေမာ္-မႏၲေလး ခရီးစဥ္မ်ားသို႔ လည္ပတ္၍ ရန္ကုန္အျပည္ျပည္ ဆိုင္ရာေလဆိပ္မွ ျပည္ပသို႔ ျပန္လည္ထြက္ခြာသြားခဲ့တယ္လို႔ ဆိုပါတယ္။

ဧရာဝတီ ျမစ္ေၾကာင္းတစ္ေလွ်ာက္ရွိ ေက်း႐ြာမ်ား၊ ဒုတိယျမစ္က်ဥ္းသဘာဝရႈခင္းမ်ား၊ ေရလုပ္သား တို႔၏ လူေနမႈဓေလ့စ႐ိုက္ေနထိုင္ပုံမ်ား၊ ဆင္စခန္း၊ ႐ိုးရာအိုးလုပ္ငန္းမ်ားအား ေလ့လာရန္ ဧရာဝတီျမစ္ေၾကာင္း ႏွင့္ ခ်င္းတြင္းျမစ္ေၾကာင္း ခရီးစဥ္မ်ားသို႔ ကမာၻလွည့္ခရီးသြားဧည့္သည္ လာေရာက္လည္ပတ္လွ်က္ရွိတယ္လို႔ ဆိုပါတယ္။

ျပည္တြင္းျပည္ပမွ ခရီးသြား ဧည့္သည္မ်ားသည္ ျမန္မာႏိုင္ငံ သို႔ ေလေၾကာင္း၊ ေရေၾကာင္းမ်ားျဖင့္ သာမက နယ္စပ္ဝင္/ထြက္ေပါက္မ်ားမွ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္မ်ား၊ ျပည္တြင္းရွိ အေပ်ာ္စီးသေဘၤာမ်ားျဖင့္ လာေရာက္ လည္ပတ္ လ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေနျပည္ေတာ္၊ ေမ ၁၀