ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ၉ ကြိမ်မြောက်ပွဲ မန္တလေးတွင်ကျင်းပ ကနေဒါနိုင်ငံသားဒေ့ဗ် ချန်ပီယံဆုဆွတ်ခူး

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ၉ ကြိမ်မြောက်ပွဲ မန္တလေးတွင်ကျင်းပ ကနေဒါနိုင်ငံသားဒေ့ဗ် ချန်ပီယံဆုဆွတ်ခူး

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ရဲ့ ၉ ကြိမ်မြောက် WLC 9 King of Nine Limbs ပြိုင်ပွဲကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း မိုးလုံလေလုံခန်းမမှာ မနေ့ကညပိုင်းကကျင်းပခဲ့ပါတယ်။အဓိကပွဲစဉ် Main Event အပါအဝင် ပွဲစဉ် ၇ ပွဲယှဉ်ပြိုင်ထိုးသတ်ကြတဲ့ပွဲစဉ်တွေဖြစ်ပြီး သရေမရှိအနိုင်အရှုံးယှဉ်ပြိုင်ထိုးသတ်ကြတဲ့ပွဲစဉ်တွေချည်းဖြစ်တဲ့ အတွက် ပရိသတ်အထူးနှစ်သက်ခဲ့တဲ့ လက်ဝှေ့ပြိုင်ပွဲကြီး တစ်ခုအဖြစ် အသိအမှတ်ပြုခံ ခဲ့ရပါတယ်။

ချန်ပီယံအသစ်တွေပေါ်ထွက်ခဲ့တဲ့ဒီပြိုင်ပွဲတစ်ခုလုံးမှာ ဒိုင်ပွဲရပ်အမှတ်နဲ့အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေကတော့ ပရိသတ်အကြိုက်နှစ်သက်ဆုံးဖြစ် တယ်လို့လည်း သိရပါတယ်။Main Event ခေါင်ပွဲအပါအဝင် ပွဲစဉ် ၇ ပွဲထိုးသတ်ယှဉ်ပြိုင်ကြတဲ့ဒီပြိုင်ပွဲကြီးမှာ ပွဲစဉ်(၁)ဝယ်လ်တာဝိတ်တန်း ၄ ချီပြိုင်ပွဲမှာ စောလင်းလင်းက စောအယ်ကလူ(ကညောသွီ)အားလည်းကောင်း၊ ပွဲစဉ်(၂)ဘင်တန်ဝိတ်တန်း ၄ ချီပြိုင်ပွဲမှာ အောင်ပိုင် (ထူးမေတ္တာထူး) က  ပိုင်သက်အောင် (ကညောသွီ)ကိုလည်းကောင်း၊ ပွဲစဉ်(၃)လိုက်ဝိတ်တန်း ၅ ချီပြိုင်ပွဲမှာ ဟိန်းထွန်းအောင်(ရွှေသထုံ)က လင်းထက်အောင်(တောင်ကလေး) ကိုလည်းကောင်း၊ ပွဲစဉ်(၄)လိုက်ဝိတ်တန်း ၅ ချီပြိုင်ပွဲမှာ ငုယင်ထရန်ဒူးနတ်က(ဗီယက်နမ်)က အိုင်ဇက်ဇာကီ( မလေးရှား)ကိုလည်းကောင်း၊ ပွဲစဉ်(၅) ဘင်တန်ဝိတ်တန်းအမျိုးသမီး ၃ ချီပြိုင်ပွဲမှာ ပြင်သစ်နိုင်ငံသူဆိုရိစ်မန်ဖရက်ဒီက ကမ္ဘောဒီးယားနိုင်ငံသူအဲယာနက်ကိုလည်းကောင်း၊ ပွဲစဉ်(၆)  ဒုခေါင်ပွဲ လိုက်မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ၅ ချီပြိုင်ပွဲမှာ ဆာရှာမွိုင်ဆာ(ယူကရိန်း)က အာသာဆာလာဒီးယပ်စ်(ပိုလန်)ကိုလည်းကောင်း အသီးသီးအ နိုင်ရခဲ့ပြီး ဒီပွဲစဉ်တွေကအမှတ်ပေး စနစ်နဲ့ဆုံးဖြတ် ခဲ့ တဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။

ပရိသတ်ကြိုက်နှစ်သစ်တဲ့ပွဲစဉ်တစ်ခုဖြစ်တဲ့ အမျိုးသမီးပွဲစဉ်မှာဆိုရင် ပြင်သစ်နိုင်ငံသူဆိုရိစ်မန်ဖရက်ဒီက ကမ္ဘောဒီးယားနိုင်ငံသူအဲယာနက်ကို အသာစီး ထိုးနိုင်ခဲ့ပေမယ့်လည်း အမှတ်နဲ့ပဲအနိုင်ယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ခေါင်ပွဲ ခရူဇာဝိတ်ဝိတ်တန်းသစ်အတွက် ခါးပတ်လုပွဲမှာတော့ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒုက အမေရိကန်နိုင်ငံသားဆက်သ်ဘက်ဇင်စကီးကို ဒိုင်ပွဲရပ်နဲ့အနိုင်ရရှိခဲ့တာပါ။

ခယူဇာဝိတ်တန်းရဲ့အသစ်စက်စက်ချန်ပီယံံဒေ့ဗ်လက်ဒုကတော့နောက်ထပ်လက်ဝှေ့ပွဲအဖြစ်ထိုင်းချန်ပီယံတစ်ယောက်ယောက်နဲ့ထိုးသတ်ချင်တယ်လို့လည်း ပွဲအပြီးမှာပြောသွားခဲ့ပြီး သူ့အနေနဲ့မြန်မာ့လက်ဝှေ့ကိုနှစ်သက်တာကြောင့် ထိုင်းနဲ့ယှဉ်ပြိုင်ထိုးသတ်ခွင့်သာရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံကိုယ်စားပြု ထိုးသတ်သွားချင်တယ်လို့လည်းပြောသွားပါတယ်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ရဲ့ ၁၀ ကြိမ်မြောက်ပြိုင်ပွဲကိုတော့ လာမယ့်အောက်တိုဘာလမှာကျင်းပသွားမှာပါ။

KT
မန္တလေး၊ သြဂုတ် ၃ 

(  Zawgyi  )

 ကမာၻ႔လက္ေဝွ႔ခ်န္ပီယံရွစ္ရဲ႕ ၉ ႀကိမ္ေျမာက္ WLC 9 King of Nine Limbs ၿပိဳင္ပြဲကို မႏၲေလးၿမိဳ႕ မႏၲလာသီရိအားကစားကြင္း မိုးလုံေလလုံခန္းမမွာ မေန႔ကညပိုင္းကက်င္းပခဲ့ပါတယ္။အဓိကပြဲစဥ္ Main Event အပါအဝင္ ပြဲစဥ္ ၇ ပြဲယွဥ္ၿပိဳင္ထိုးသတ္ၾကတဲ့ပြဲစဥ္ေတြျဖစ္ၿပီး သေရမရွိအႏိုင္အရႈံးယွဥ္ၿပိဳင္ထိုးသတ္ၾကတဲ့ပြဲစဥ္ေတြခ်ည္းျဖစ္တဲ့ အတြက္ ပရိသတ္အထူးႏွစ္သက္ခဲ့တဲ့ လက္ေဝွ႔ၿပိဳင္ပြဲႀကီး တစ္ခုအျဖစ္ အသိအမွတ္ျပဳခံ ခဲ့ရပါတယ္။

ခ်န္ပီယံအသစ္ေတြေပၚထြက္ခဲ့တဲ့ဒီၿပိဳင္ပြဲတစ္ခုလုံးမွာ ဒိုင္ပြဲရပ္အမွတ္နဲ႔အႏိုင္ယူခဲ့တဲ့ပြဲစဥ္ေတြကေတာ့ ပရိသတ္အႀကိဳက္ႏွစ္သက္ဆုံးျဖစ္ တယ္လို႔လည္း သိရပါတယ္။Main Event ေခါင္ပြဲအပါအဝင္ ပြဲစဥ္ ၇ ပြဲထိုးသတ္ယွဥ္ၿပိဳင္ၾကတဲ့ဒီၿပိဳင္ပြဲႀကီးမွာ ပြဲစဥ္(၁)ဝယ္လ္တာဝိတ္တန္း ၄ ခ်ီၿပိဳင္ပြဲမွာ ေစာလင္းလင္းက ေစာအယ္ကလူ(ကေညာသြီ)အားလည္းေကာင္း၊ ပြဲစဥ္(၂)ဘင္တန္ဝိတ္တန္း ၄ ခ်ီၿပိဳင္ပြဲမွာ ေအာင္ပိုင္ (ထူးေမတၱာထူး) က  ပိုင္သက္ေအာင္ (ကေညာသြီ)ကိုလည္းေကာင္း၊ ပြဲစဥ္(၃)လိုက္ဝိတ္တန္း ၅ ခ်ီၿပိဳင္ပြဲမွာ ဟိန္းထြန္းေအာင္(ေ႐ႊသထုံ)က လင္းထက္ေအာင္(ေတာင္ကေလး) ကိုလည္းေကာင္း၊ ပြဲစဥ္(၄)လိုက္ဝိတ္တန္း ၅ ခ်ီၿပိဳင္ပြဲမွာ ငုယင္ထရန္ဒူးနတ္က(ဗီယက္နမ္)က အိုင္ဇက္ဇာကီ( မေလးရွား)ကိုလည္းေကာင္း၊ ပြဲစဥ္(၅) ဘင္တန္ဝိတ္တန္းအမ်ိဳးသမီး ၃ ခ်ီၿပိဳင္ပြဲမွာ ျပင္သစ္ႏိုင္ငံသူဆိုရိစ္မန္ဖရက္ဒီက ကေမာၻဒီးယားႏိုင္ငံသူအဲယာနက္ကိုလည္းေကာင္း၊ ပြဲစဥ္(၆)  ဒုေခါင္ပြဲ လိုက္မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံလုပြဲ ၅ ခ်ီၿပိဳင္ပြဲမွာ ဆာရွာမြိဳင္ဆာ(ယူကရိန္း)က အာသာဆာလာဒီးယပ္စ္(ပိုလန္)ကိုလည္းေကာင္း အသီးသီးအ ႏိုင္ရခဲ့ၿပီး ဒီပြဲစဥ္ေတြကအမွတ္ေပး စနစ္နဲ႔ဆုံးျဖတ္ ခဲ့ တဲ့ပြဲစဥ္ေတြပဲျဖစ္ပါတယ္။

ပရိသတ္ႀကိဳက္ႏွစ္သစ္တဲ့ပြဲစဥ္တစ္ခုျဖစ္တဲ့ အမ်ိဳးသမီးပြဲစဥ္မွာဆိုရင္ ျပင္သစ္ႏိုင္ငံသူဆိုရိစ္မန္ဖရက္ဒီက ကေမာၻဒီးယားႏိုင္ငံသူအဲယာနက္ကို အသာစီး ထိုးႏိုင္ခဲ့ေပမယ့္လည္း အမွတ္နဲ႔ပဲအႏိုင္ယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ေခါင္ပြဲ ခ႐ူဇာဝိတ္ဝိတ္တန္းသစ္အတြက္ ခါးပတ္လုပြဲမွာေတာ့ ကေနဒါႏိုင္ငံသား ေဒ့ဗ္လက္ဒုက အေမရိကန္ႏိုင္ငံသားဆက္သ္ဘက္ဇင္စကီးကို ဒိုင္ပြဲရပ္နဲ႔အႏိုင္ရရွိခဲ့တာပါ။

ခယူဇာဝိတ္တန္းရဲ႕အသစ္စက္စက္ခ်န္ပီယံံေဒ့ဗ္လက္ဒုကေတာ့ေနာက္ထပ္လက္ေဝွ႔ပြဲအျဖစ္ထိုင္းခ်န္ပီယံတစ္ေယာက္ေယာက္နဲ႔ထိုးသတ္ခ်င္တယ္လို႔လည္း ပြဲအၿပီးမွာေျပာသြားခဲ့ၿပီး သူ႔အေနနဲ႔ျမန္မာ့လက္ေဝွ႔ကိုႏွစ္သက္တာေၾကာင့္ ထိုင္းနဲ႔ယွဥ္ၿပိဳင္ထိုးသတ္ခြင့္သာရခဲ့မယ္ဆိုရင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ ထိုးသတ္သြားခ်င္တယ္လို႔လည္းေျပာသြားပါတယ္။

ကမာၻ႔လက္ေဝွ႔ခ်န္ပီယံရွစ္ရဲ႕ ၁၀ ႀကိမ္ေျမာက္ၿပိဳင္ပြဲကိုေတာ့ လာမယ့္ေအာက္တိုဘာလမွာက်င္းပသြားမွာပါ။

KT
မႏၲေလး၊ ၾသဂုတ္ ၃