ကမ်းလွန်ဓာတ်ငွေ့ မောင်းနှင်စက်နှစ်လုံး အရေးပေါ်ဖြစ်ခဲ့တာကြောင့် ရန်ကုန်မြို့ဓာတ်အားဖြန့်ဝေမှု မဂ္ဂါဝပ် ၂၀၀ လျော့နည်းမည်

ကမ်းလွန်ဓာတ်ငွေ့ မောင်းနှင်စက်နှစ်လုံး အရေးပေါ်ဖြစ်ခဲ့တာကြောင့် ရန်ကုန်မြို့ဓာတ်အားဖြန့်ဝေမှု မဂ္ဂါဝပ် ၂၀၀ လျော့နည်းမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရတနာကမ်းလွန်ဓာတ်ငွေ့မောင်းနှင်နေတဲ့ ကွန်ပရက်ဆာ စက်နှစ်လုံး အရေးပေါ်ကြုံခဲ့တာကြောင့် မဂ္ဂါဝပ် ၂၀၀ လျော့နည်းခဲ့ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေဟာ ယခုထက်ပိုမိုပြီးဖြစ်လာဦးမယ့် အခြေအနေမျိုးရှိတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ Call Center ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ထိုရတနာကမ်းလွန်ဓာတ်ငွေ့ဖြင့် အသုံးပြုမောင်းနှင်နေတဲ့ GT စက်များ offshore မှာ ကွန်ပရက်ဆာနှစ်လုံး ဟာ ယနေ့(မေလ ၁၄ရက်) မနက်ပိုင်းမှာ အရေးပေါ်ကြုံခဲ့တာကြောင့် ရွှေတောင်(15)MW၊ အလုံ (42)MW ၊ ရွာမ E-guard (60)MW ၊ သီလဝါ (25)MW ၊35)MW  အစရှိတဲ့ စက်များမှ လျှပ်စစ်ဓာတ်အားများ ထွက်သွားခဲ့ပြီး မဂ္ဂါဝပ် ၂၀၀ ခန့် လျော့နည်းသွားခဲ့ကြောင်း၊ နောက်ထပ် စက်သုံးလုံးမှ မဂ္ဂါဝပ် ၂၀၀ ခန့် ထပ်ထွက်နိုင်တာကြောင့် ဓာတ်အားထုတ်လုပ်မှုဟာ မဂ္ဂါဝပ် ၄၀၀ ခန့် လျော့နည်းခဲ့ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးပေးဝေမှုကို အလှည့်ကျအဖြစ် ဝန်အားလျှော့ကာ ပေးဝေနေတဲ့ အခြေအနေကနေ Feederwise Load Shed များ ထပ်မံပြုလုပ်နိုင်တာကြောင့် ယခုထက်ပိုမိုပြီး လျှပ်စစ်မီးပြတ်တောက်မှုများ ကြုံလာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

  ဇွဲမာန်
ရန်ကုန်၊ မေ ၁၄

(   Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီးအတြင္းကို လွ်ပ္စစ္ဓာတ္အားေပးေနတဲ့ ရတနာကမ္းလြန္ဓာတ္ေငြ႕ေမာင္းႏွင္ေနတဲ့ ကြန္ပရက္ဆာ စက္ႏွစ္လုံး အေရးေပၚႀကဳံခဲ့တာေၾကာင့္ မဂၢါဝပ္ ၂၀၀ ေလ်ာ့နည္းခဲ့ကာ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈေတြဟာ ယခုထက္ပိုမိုၿပီးျဖစ္လာဦးမယ့္ အေျခအေနမ်ိဳးရွိတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးအဖြဲ႕ရဲ႕ Call Center ရဲ႕ ထုတ္ျပန္ေၾကညာခ်က္အရ သိရပါတယ္။

ထိုရတနာကမ္းလြန္ဓာတ္ေငြ႕ျဖင့္ အသုံးျပဳေမာင္းႏွင္ေနတဲ့ GT စက္မ်ား offshore မွာ ကြန္ပရက္ဆာႏွစ္လုံး ဟာ ယေန႔(ေမလ ၁၄ရက္) မနက္ပိုင္းမွာ အေရးေပၚႀကဳံခဲ့တာေၾကာင့္ ေ႐ႊေတာင္(15)MW၊ အလုံ (42)MW ၊ ႐ြာမ E-guard (60)MW ၊ သီလဝါ (25)MW ၊35)MW  အစရွိတဲ့ စက္မ်ားမွ လွ်ပ္စစ္ဓာတ္အားမ်ား ထြက္သြားခဲ့ၿပီး မဂၢါဝပ္ ၂၀၀ ခန႔္ ေလ်ာ့နည္းသြားခဲ့ေၾကာင္း၊ ေနာက္ထပ္ စက္သုံးလုံးမွ မဂၢါဝပ္ ၂၀၀ ခန႔္ ထပ္ထြက္ႏိုင္တာေၾကာင့္ ဓာတ္အားထုတ္လုပ္မႈဟာ မဂၢါဝပ္ ၄၀၀ ခန႔္ ေလ်ာ့နည္းခဲ့ရေၾကာင္း၊ ထို႔ေၾကာင့္ လွ်ပ္စစ္မီးေပးေဝမႈကို အလွည့္က်အျဖစ္ ဝန္အားေလွ်ာ့ကာ ေပးေဝေနတဲ့ အေျခအေနကေန Feederwise Load Shed မ်ား ထပ္မံျပဳလုပ္ႏိုင္တာေၾကာင့္ ယခုထက္ပိုမိုၿပီး လွ်ပ္စစ္မီးျပတ္ေတာက္မႈမ်ား ႀကဳံလာႏိုင္တာ ျဖစ္တယ္လို႔ သိရပါတယ္။

  ဇြဲမာန္
ရန္ကုန္၊ ေမ ၁၄