ကလေးသူငယ်ဆိုင်ရာ ဥပဒေပါအချက်အချို့ကို ကန့်ကွက်နေမှု နိုင်ငံရေးအမြတ်ထုတ်နေခြင်းမဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

ကလေးသူငယ်ဆိုင်ရာ ဥပဒေပါအချက်အချို့ကို ကန့်ကွက်နေမှု နိုင်ငံရေးအမြတ်ထုတ်နေခြင်းမဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီ ဆို

ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေပါ အချက်တချို့ကို ကန့်ကွက်နေရခြင်းသည် အမျိုးသား အကျိုးစီးပွား အပါအဝင် တိုင်းပြည်နှင့်် လူမျိုးအတွက်ဖြစ်ပြီး တနည်းအားဖြင့် အမျိုးသားရေးအတွက် နိုင်ငံတော်ကို လူမျိုးခြားလွှမ်းမိုးခြင်း မခံရအောင်ဆောင်ရွက်နေခြင်းသာဖြစ် တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး ကပြောကြားလိုက်ပါတယ်။

 “နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ပြောနေသူတွေကို မေးလိုက်ချင်ပါတယ်။လူကြီးမင်းတို့ အမျိုးပျောက်မှာကို လက်ခံကြသလား။ တိုင်းတစ်ပါး သား လူမျိုးခြားလွှမ်းမိုးတာကို လူကြီးမင်းတို့ ကြိုဆိုပါသလား။ဒါ့ကြောင့် ဒီဥပဒေကို ပြဌာန်းဖို့ လူကြီးမင်းတို့ ကြိုးစားပမ်းစား ဆောင်ရွက်နေ ကြတာလား။ပြည်သူ့အတွက် တိုင်းပြည်အတွက်လား။ ဒါတွေကို ပွင့်လင်းမြင်သာစွာရှင်းပြပြီးမှဆက်လက်ဆောင်ရွက်သင့်ပါတယ်။ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ”လို့ ဦးသိန်းထွန်းဦး ကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

လက်ရှိမှာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါအကြောင်းအရာအချို့ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွေ ကို နိုင်ငံတစ်ဝှမ်းမှာပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဇူလိုင် ၁၀

(  Zawgyi  )

 ကေလးသူငယ္ အခြင့္အေရးဆိုင္ရာဥပေဒပါ အခ်က္တခ်ိဳ႕ကို ကန႔္ကြက္ေနရျခင္းသည္ အမ်ိဳးသား အက်ိဳးစီးပြား အပါအဝင္ တိုင္းျပည္ႏွင့္္ လူမ်ိဳးအတြက္ျဖစ္ၿပီး တနည္းအားျဖင့္ အမ်ိဳးသားေရးအတြက္ ႏိုင္ငံေတာ္ကို လူမ်ိဳးျခားလႊမ္းမိုးျခင္း မခံရေအာင္ေဆာင္႐ြက္ေနျခင္းသာျဖစ္ တယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦး ကေျပာၾကားလိုက္ပါတယ္။

 “ႏိုင္ငံေရးအျမတ္ထုတ္ေနတယ္လို႔ ေျပာေနသူေတြကို ေမးလိုက္ခ်င္ပါတယ္။လူႀကီးမင္းတို႔ အမ်ိဳးေပ်ာက္မွာကို လက္ခံၾကသလား။ တိုင္းတစ္ပါး သား လူမ်ိဳးျခားလႊမ္းမိုးတာကို လူႀကီးမင္းတို႔ ႀကိဳဆိုပါသလား။ဒါ့ေၾကာင့္ ဒီဥပေဒကို ျပဌာန္းဖို႔ လူႀကီးမင္းတို႔ ႀကိဳးစားပမ္းစား ေဆာင္႐ြက္ေန ၾကတာလား။ျပည္သူ႔အတြက္ တိုင္းျပည္အတြက္လား။ ဒါေတြကို ပြင့္လင္းျမင္သာစြာရွင္းျပၿပီးမွဆက္လက္ေဆာင္႐ြက္သင့္ပါတယ္။ဒါတို႔ျပည္ ဒါတို႔ေျမ တို႔ပိုင္နက္ေျမ”လို႔ ဦးသိန္းထြန္းဦး ကသူရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားခဲ့တာပါ။

လက္ရွိမွာ ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ကေလးသူငယ္အခြင့္အေရးဆိုင္ရာဥပေဒပါအေၾကာင္းအရာအခ်ိဳ႕ကို ကန႔္ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲေတြ ကို ႏိုင္ငံတစ္ဝွမ္းမွာျပဳလုပ္ေနတာလည္းျဖစ္ပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဇူလိုင္ ၁၀