ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အထင်မြင်လွဲမှားနေသည့် သာမန်ပြည်သူများ မသိတာကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအသုံးချနေ၊ နိုင်ငံရေးအမြတ်ထုတ်တာတွေ လုပ်နေဟု ဆို

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အထင်မြင်လွဲမှားနေသည့် သာမန်ပြည်သူများ မသိတာကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအသုံးချနေ၊ နိုင်ငံရေးအမြတ်ထုတ်တာတွေ လုပ်နေဟု ဆို

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အထင်မြင်လွဲမှားနေသည့် သာမန်ပြည်သူများ မသိတာကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအသုံးချနေ၊ နိုင်ငံရေးအမြတ်ထုတ်တာတွေ လုပ်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး မှ ပြောပါတယ်။

"ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆန္ဒပြမှုပေါင်း ၂၀ ကျော် ဖြစ်နေပြီ။အဲ့ဒီ ၂၀ ကျော် ဖြစ်နေတဲ့သူတွေကိုလည်း ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။တချို့သော အဖွဲ့အစည်းတွေလည်း Statement တွေ ထုတ်တယ်။ဒီဟာကိုသေချာဖတ်ပါ။ဆိုလိုတာက ဒီပုဒ်မတွေမှာ သူတို့ပြောထားတဲ့ဟာတွေက တလွဲတွေဖြစ်နေတယ်။
ဘယ်လိုတလွဲလည်းဆိုတော့ ကျွန်တော်တို့ သတင်းစာမှာ စပြီးတော့ ပြည်သူလူထုက ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်ပေးဖို့ တောင်းခံတဲ့အချိန်မှာ သတင်းစာတွေမှာ ထုတ်ပြန်တယ်။အဲ့ဒီထုတ်ပြန်တဲ့အချိန်တုန်းက စွဲထားတဲ့ ပြဌာန်းချက်တွေက အခု ဥပဒေကြမ်းအဆင့် ရောက်လာတဲ့အချိန်မှာ ဒါမျိုးတွေမဟုတ်တော့ဘူး။ဥပမာ အရမ်းစိတ်ပူနေတဲ့ နိုင်ငံသားဖြစ်မှု ကိစ္စဆိုရင် တည်ဆဲဥပဒေဆိုတာမပါဘူး ဘာညာနဲ့ ပြောတယ်။ဒီထဲမှာ တည်ဆဲဥပဒေနဲ့အညီဆိုတာ ပါတယ်။အထူးသဖြင့် စိုးရိမ်နေတဲ့ ကလေးတွေမွေးစာရင်း ပေးလိုက်တဲ့ ကိစ္စရယ်။မွေးစားလိုက်တဲ့ ကိစ္စရယ်။အလိုအလျောက် နိုင်ငံသားတွေ ဖြစ်လာမယ်ဆိုတဲ့ စိုးရိမ်ချက်က လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောချင်တယ်။အဲ့တော့ ဒီမွေးစာရင်းရယ်၊ မွေးစားခြင်းရယ်။နိုင်ငံသားဖြစ်ခြင်းရယ်၊ ဒါကို ရှင်းလင်းအောင် လေ့လာဖို့ ဒီအဖွဲ့အစည်းတွေကို ပြောချင်တယ်။ကျန်တဲ့ ပြည်သူလူထုကိုလည်း ဒီအပေါ်မှာ စိတ်မပူဖို့ပေါ့နော်။ဒါကိုတော့ အစိုးရက တော်တော်လေး ကျွန်တော်တို့ လေ့လာသုံးသပ်ထားပါတယ်။အထူးသဖြင့် အများပြည်သူ စိုးရိမ်နေတဲ့အတိုင်းပဲ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့လည်း စိုးရိမ်ပါတယ်။အထူးသဖြင့် နိုင်ငံသားဖြစ်ခွင့် ကိစ္စပေါ့နော်။ဒီအပေါ်မှာတော့ ကျွန်တော်တို့ လုံးဝသတိထားပြီး ဆောင်ရွက်နေပါတယ်။အထူးသဖြင့် ဒီကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ပတ်သက်လို့ အထင်မြင်လွဲမှားနေတဲ့ သာမန်ပြည်သူတွေ သေချာမသိဘူး၊ မသိတာကို အခွင့်ကောင်းယူပြီးတော့ နိုင်ငံရေးအသုံးချနေတယ်။နိုင်ငံရေးအမြတ်ထုတ်တာတွေ လုပ်နေတယ်၊ အဲ့လူတွေကိုလည်း ဒီဟာကို ရှင်းရှင်းလင်းလင်းဖတ်ပါ။ဒါလေးကိုတော့ ရှင်းရှင်းလင်းလင်း ကြည့်ကြပါလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး မှ ပြောကြားခဲ့ပါတယ်။

ယမန်နေ့ညနေပိုင်း၊ နေပြည်တော်၊ သမ္မတအိမ်တော်ဝန်းအတွင်း မီဒီယာစင်တာတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ ဇူလိုင် - ၆

( Zawgyi )

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒႏွင့္ပတ္သက္၍ အထင္ျမင္လြဲမွားေနသည့္ သာမန္ျပည္သူမ်ား မသိတာကို အခြင့္ေကာင္းယူၿပီး ႏိုင္ငံေရးအသုံးခ်ေန၊ ႏိုင္ငံေရးအျမတ္ထုတ္တာေတြ လုပ္ေနေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး မွ ေျပာပါတယ္။

"ကေလးသူငယ္ အခြင့္အေရးဆိုင္ရာ ဥပေဒၾကမ္းနဲ႔ ပတ္သက္လို႔ ဆႏၵျပမႈေပါင္း ၂၀ ေက်ာ္ ျဖစ္ေနၿပီ။အဲ့ဒီ ၂၀ ေက်ာ္ ျဖစ္ေနတဲ့သူေတြကိုလည္း ကြၽန္ေတာ္တို႔ ပြင့္ပြင့္လင္းလင္း ေျပာခ်င္တယ္။တခ်ိဳ႕ေသာ အဖြဲ႕အစည္းေတြလည္း Statement ေတြ ထုတ္တယ္။ဒီဟာကိုေသခ်ာဖတ္ပါ။ဆိုလိုတာက ဒီပုဒ္မေတြမွာ သူတို႔ေျပာထားတဲ့ဟာေတြက တလြဲေတြျဖစ္ေနတယ္။
ဘယ္လိုတလြဲလည္းဆိုေတာ့ ကြၽန္ေတာ္တို႔ သတင္းစာမွာ စၿပီးေတာ့ ျပည္သူလူထုက ဥပေဒပိုင္းဆိုင္ရာ အႀကံဉာဏ္ေပးဖို႔ ေတာင္းခံတဲ့အခ်ိန္မွာ သတင္းစာေတြမွာ ထုတ္ျပန္တယ္။အဲ့ဒီထုတ္ျပန္တဲ့အခ်ိန္တုန္းက စြဲထားတဲ့ ျပဌာန္းခ်က္ေတြက အခု ဥပေဒၾကမ္းအဆင့္ ေရာက္လာတဲ့အခ်ိန္မွာ ဒါမ်ိဳးေတြမဟုတ္ေတာ့ဘူး။ဥပမာ အရမ္းစိတ္ပူေနတဲ့ ႏိုင္ငံသားျဖစ္မႈ ကိစၥဆိုရင္ တည္ဆဲဥပေဒဆိုတာမပါဘူး ဘာညာနဲ႔ ေျပာတယ္။ဒီထဲမွာ တည္ဆဲဥပေဒနဲ႔အညီဆိုတာ ပါတယ္။အထူးသျဖင့္ စိုးရိမ္ေနတဲ့ ကေလးေတြေမြးစာရင္း ေပးလိုက္တဲ့ ကိစၥရယ္။ေမြးစားလိုက္တဲ့ ကိစၥရယ္။အလိုအေလ်ာက္ ႏိုင္ငံသားေတြ ျဖစ္လာမယ္ဆိုတဲ့ စိုးရိမ္ခ်က္က လုံးဝမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ေျပာခ်င္တယ္။အဲ့ေတာ့ ဒီေမြးစာရင္းရယ္၊ ေမြးစားျခင္းရယ္။ႏိုင္ငံသားျဖစ္ျခင္းရယ္၊ ဒါကို ရွင္းလင္းေအာင္ ေလ့လာဖို႔ ဒီအဖြဲ႕အစည္းေတြကို ေျပာခ်င္တယ္။က်န္တဲ့ ျပည္သူလူထုကိုလည္း ဒီအေပၚမွာ စိတ္မပူဖို႔ေပါ့ေနာ္။ဒါကိုေတာ့ အစိုးရက ေတာ္ေတာ္ေလး ကြၽန္ေတာ္တို႔ ေလ့လာသုံးသပ္ထားပါတယ္။အထူးသျဖင့္ အမ်ားျပည္သူ စိုးရိမ္ေနတဲ့အတိုင္းပဲ ႏိုင္ငံေတာ္အႀကီးအကဲေတြအေနနဲ႔လည္း စိုးရိမ္ပါတယ္။အထူးသျဖင့္ ႏိုင္ငံသားျဖစ္ခြင့္ ကိစၥေပါ့ေနာ္။ဒီအေပၚမွာေတာ့ ကြၽန္ေတာ္တို႔ လုံးဝသတိထားၿပီး ေဆာင္႐ြက္ေနပါတယ္။အထူးသျဖင့္ ဒီကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔ပတ္သက္လို႔ အထင္ျမင္လြဲမွားေနတဲ့ သာမန္ျပည္သူေတြ ေသခ်ာမသိဘူး၊ မသိတာကို အခြင့္ေကာင္းယူၿပီးေတာ့ ႏိုင္ငံေရးအသုံးခ်ေနတယ္။ႏိုင္ငံေရးအျမတ္ထုတ္တာေတြ လုပ္ေနတယ္၊ အဲ့လူေတြကိုလည္း ဒီဟာကို ရွင္းရွင္းလင္းလင္းဖတ္ပါ။ဒါေလးကိုေတာ့ ရွင္းရွင္းလင္းလင္း ၾကည့္ၾကပါလို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး မွ ေျပာၾကားခဲ့ပါတယ္။

ယမန္ေန႔ညေနပိုင္း၊ ေနျပည္ေတာ္၊ သမၼတအိမ္ေတာ္ဝန္းအတြင္း မီဒီယာစင္တာတြင္ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ဇူလိုင္ - ၆