ကိုကိုအငယ်က ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက ဖင်ဖုကို ဆိတ်တယ်လို့ တရားရုံးတွင် ဗစ်တိုးရီးယားလေး ထွက်ဆိုခဲ့ဟု ဆို

ကိုကိုအငယ်က ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက ဖင်ဖုကို ဆိတ်တယ်လို့ တရားရုံးတွင် ဗစ်တိုးရီးယားလေး ထွက်ဆိုခဲ့ဟု ဆို

ကိုကိုအငယ်က ရင်ဘတ်ကိုထုပြီး ကိုကိုအကြီးက ဖင်ဖုကို ဆိတ်တယ်လို့ တရားရုံးတွင် ဗစ်တိုးရီးယားလေး ထွက်ဆိုခဲ့တယ်လို့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် က တရားရုံးစစ်ဆေးမှုအပြီး သတင်းသမားများကို ပြောကြားခဲ့ပါတယ်။

"ကိုကိုအငယ်က သူ့ရင်ဘတ်တွေကို ထုတယ်ပေါ့နော် အဲ့လိုပြောတယ်။ကိုကိုအကြီးကတော့ သူ့ရဲ့ ဖင်ဖုကို ဆိတ်တယ်ပေါ့ အဲ့လိုမျိုး ကလေးလေးက ထွက်သွားတယ်" လို့ ဒေါ်ရွက်နုအောင် က သတင်းသမားများကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် ဗစ်တိုးရီးယားလေး၏ အမှုနှင့် ပတ်သက်၍ ဗစ်တိုးရီးယားလေးအား (Video Conferencing) ဖြင့် သီးသန့်အခန်းအတွင်း စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

ကိုအောင်ကြီး ပါဝင်သည့် ဓာတ်ပုံကို ပြသမေးမြန်းရာ ကိုအောင်ကြီး ကို မသိရှိကြောင်း၊ အခြားသော ဓာတ်ပုံများကို ပြသရာ ဖင်ဖုဆိတ်သူရဲ့ ဓာတ်ပုံကို ရွေးထုတ်ပြသခဲ့ပြီး မကျေနပ်ဟုဆိုကာ ဗစ်တိုးရီးယားလေး က ခြေထောက်ဖြင့် ပေါက်ခဲ့ကြောင်း၊ ဆရာမနှင်းနု ကလည်း ဖင်ဖုကို ရေဆေးပေးခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

“CCTV ထဲမှာပါတဲ့ ကိုအောင်ကြီး ရဲ့ ပုံကို ပြပြီးမေးတယ်။ကလေးလေးက မသိဘူးပေါ့။ဒီလူကိုမသိဘူးပေါ့ ကျန်တဲ့သက်သေခံ (ဂ) မှာ ပါတဲ့ဟာတွေကိုတော့ ပုံတွေကိုတော့ သမီးလေးကိုပြပြီး မေးတဲ့အခါမှာ သမီးလေးက သက်သေခံ (ဂ) မှာ တင်တုန်းကလိုဘဲ သူ့ရဲ့ ဖင်ဖုကို ဆိတ်တဲ့သူတွေဟာ ဘယ်သူတွေပါဆိုပြီး ဆွဲထုတ်ပြတယ်။တစ်ခုချင်းကိုပြတယ်။ပြပြီးတော့ အဲ့ဒီမှာဘဲ မကျေနပ်ဘူးဆိုပြီးတော့ ဓာတ်ပုံတွေကို ခြေထောက်တွေနဲ့ ပေါက်တယ်” လို့ ဆိုပါတယ်။

“ဆရာမနှင်းနု က သူ့ရဲ့ ဖင်ဖုကို ရေဆေးပေးတယ်။ဘယ်နေရာဆိုတာကအစ ကလေးက လက်နဲ့ကိုင်ပြနိုင်တယ်၊ အဲ့လောက်အထိကို ကလေးက ဉာဏ်ကောင်းတယ်” လို့ ဒေါ်ရွက်နုအောင် က ဆက်လက်ပြောကြားခဲ့ပါတယ်။

အဆိုပါအမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ စက်တင်ဘာ - ၁၁

( Zawgyi )

ကိုကိုအငယ္က ရင္ဘတ္ကိုထုၿပီး ကိုကိုအႀကီးက ဖင္ဖုကို ဆိတ္တယ္လို႔ တရား႐ုံးတြင္ ဗစ္တိုးရီးယားေလး ထြက္ဆိုခဲ့တယ္လို႔ တရားလိုေရွ႕ေန ေဒၚ႐ြက္ႏုေအာင္ က တရား႐ုံးစစ္ေဆးမႈအၿပီး သတင္းသမားမ်ားကို ေျပာၾကားခဲ့ပါတယ္။

"ကိုကိုအငယ္က သူ႔ရင္ဘတ္ေတြကို ထုတယ္ေပါ့ေနာ္ အဲ့လိုေျပာတယ္။ကိုကိုအႀကီးကေတာ့ သူ႔ရဲ႕ ဖင္ဖုကို ဆိတ္တယ္ေပါ့ အဲ့လိုမ်ိဳး ကေလးေလးက ထြက္သြားတယ္" လို႔ ေဒၚ႐ြက္ႏုေအာင္ က သတင္းသမားမ်ားကို ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ယေန႔ စက္တင္ဘာလ ၁၁ ရက္ နံနက္ပိုင္းက ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးတြင္ ဗစ္တိုးရီးယားေလး၏ အမႈႏွင့္ ပတ္သက္၍ ဗစ္တိုးရီးယားေလးအား (Video Conferencing) ျဖင့္ သီးသန႔္အခန္းအတြင္း စစ္ေဆးေမးျမန္းခဲ့ျခင္း ျဖစ္ပါတယ္။

ကိုေအာင္ႀကီး ပါဝင္သည့္ ဓာတ္ပုံကို ျပသေမးျမန္းရာ ကိုေအာင္ႀကီး ကို မသိရွိေၾကာင္း၊ အျခားေသာ ဓာတ္ပုံမ်ားကို ျပသရာ ဖင္ဖုဆိတ္သူရဲ႕ ဓာတ္ပုံကို ေ႐ြးထုတ္ျပသခဲ့ၿပီး မေက်နပ္ဟုဆိုကာ ဗစ္တိုးရီးယားေလး က ေျခေထာက္ျဖင့္ ေပါက္ခဲ့ေၾကာင္း၊ ဆရာမႏွင္းႏု ကလည္း ဖင္ဖုကို ေရေဆးေပးခဲ့ေၾကာင္း ထြက္ဆိုခဲ့တယ္လို႔ ဆိုပါတယ္။

“CCTV ထဲမွာပါတဲ့ ကိုေအာင္ႀကီး ရဲ႕ ပုံကို ျပၿပီးေမးတယ္။ကေလးေလးက မသိဘူးေပါ့။ဒီလူကိုမသိဘူးေပါ့ က်န္တဲ့သက္ေသခံ (ဂ) မွာ ပါတဲ့ဟာေတြကိုေတာ့ ပုံေတြကိုေတာ့ သမီးေလးကိုျပၿပီး ေမးတဲ့အခါမွာ သမီးေလးက သက္ေသခံ (ဂ) မွာ တင္တုန္းကလိုဘဲ သူ႔ရဲ႕ ဖင္ဖုကို ဆိတ္တဲ့သူေတြဟာ ဘယ္သူေတြပါဆိုၿပီး ဆြဲထုတ္ျပတယ္။တစ္ခုခ်င္းကိုျပတယ္။ျပၿပီးေတာ့ အဲ့ဒီမွာဘဲ မေက်နပ္ဘူးဆိုၿပီးေတာ့ ဓာတ္ပုံေတြကို ေျခေထာက္ေတြနဲ႔ ေပါက္တယ္” လို႔ ဆိုပါတယ္။

“ဆရာမႏွင္းႏု က သူ႔ရဲ႕ ဖင္ဖုကို ေရေဆးေပးတယ္။ဘယ္ေနရာဆိုတာကအစ ကေလးက လက္နဲ႔ကိုင္ျပႏိုင္တယ္၊ အဲ့ေလာက္အထိကို ကေလးက ဉာဏ္ေကာင္းတယ္” လို႔ ေဒၚ႐ြက္ႏုေအာင္ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

အဆိုပါအမႈႏွင့္ ပတ္သက္၍ စက္တင္ဘာလ ၂၄ ရက္ေန႔တြင္ ဆက္လက္စစ္ေဆးမွာ ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ စက္တင္ဘာ - ၁၁