ကုန်ထုတ်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍသို့ ဇူလိုင်လအတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု အများဆုံးဝင်ရောက်

ကုန်ထုတ်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍသို့ ဇူလိုင်လအတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု အများဆုံးဝင်ရောက်

ပြီးခဲ့သည့် ဇူလိုင်လအတွက် ထုတ်ပြန်သည့် Yearly Approved amount of Foreign investment (By Sector) စာရင်းအရ ဇူလိုင်လအတွင်း မြန်မာနိုငံသို့ ဝင်ရောက်သည့် FDI ပမာဏ ထက်ဝက်ခန့်မှာ ကုန်ထုတ်လုပ်ရေးကဏ္ဍသို့ ဝင်ရောက်ခဲ့ကာ အိမ်ခြံမြေလုပ်ငန်းသို့် ဒုတိယအများဆုံး ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က သြဂုတ် စတုတ္ထအပတ်အတွင်း ထုတ်ပြန်သည့် Yearly Approved amount of Foreign investment (By Country) စာရင်းအရ ဇူလိုင်လအတွင်း ရင်းနှီးမြုပ်နှံနိုင်သည့် ကဏ္ဍ ၆ ခုသို့ ကန်ဒေါ်လာ ၃၆၆ ဒသမ ၄၇၄ သန်း ဝင်ရောက်ခဲ့ပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၁ ဒသမ ၇၉၄ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၈၇ ဒသမ ၅ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၆၄ သန်းဖြင့် အများဆုံးဝင်ရောက်ခဲ့ပါတယ်။

ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ဇူလိုင်လအတွင်း ကန်ဒေါ်လာ ၁၅၁  ဒသမ ၇၉၄ သန်း ထပ်မံဝင်ရောက် ရင်းနှီးမြုပ်နှံခဲ့သဖြင့် ၁၀ လအတွင်း ကန်ဒေါ်လာ ၁၁၄၀ ဒသမ ၅၆၉ သန်း ရှိလာကာ ထိုပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ဝင်ရောက်ရင်းနှီးမြုပ်နှံသည့် ကန်ဒေါ်လာ ၁၁၇၉ ဒသမ ၅၁၄ သန်းနှင့် ကန်ဒေါ်လာ ၁၀၆၉ ဒသမ ၈၄၆ သန်း ဝင်ရောက်ခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်နောက်ပိုင်း အများဆုံးဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။

DICA မှ ထုတ်ပြန်ခဲ့သည့် Yearly Approved amount of Foreign investment (By Sector) စာရင်းအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆယ်လတာ ကာလအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၉ ဒသမ ၀၂၀ သန်း၊ မွေးမြူရေးနှင့် သားငါးကဏ္ဍတွင် ကန်ဒေါ်လာ ၁၀၀ ဒသမ ၂၆၄ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၁ ဒသမ ၇၉၄ သန်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကန်ဒေါ်လာ ၉၃ ဒသမ၂၈ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာ ၁၀ ဒသမ ၂၀၄ သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၅၃၈ ဒသမ ၄ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကန်ဒေါ်လာ ၆၂ ဒသမ ၆၂၂ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ၁၄၆ ဒသမ ၅၃၃ သန်း၊ စက်မှုအိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်းနှင့် အခြားကဏ္ဍတွင်  ကန်ဒေါ်လာ ၃၆၆ ဒသမ ၈၇၂ သန်း စုစုပေါင်း လာရောက်ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၅၂၆ ဒသမ ၂၁၅ သန်း ဝင်ရောက်ခဲ့ပါတယ်။

PWA
ရန်ကုန်၊ သြဂုတ် - ၂၉

( Zawgyi )

ၿပီးခဲ့သည့္ ဇူလိုင္လအတြက္ ထုတ္ျပန္သည့္ Yearly Approved amount of Foreign investment (By Sector) စာရင္းအရ ဇူလိုင္လအတြင္း ျမန္မာႏိုငံသို႔ ဝင္ေရာက္သည့္ FDI ပမာဏ ထက္ဝက္ခန႔္မွာ ကုန္ထုတ္လုပ္ေရးက႑သို႔ ဝင္ေရာက္ခဲ့ကာ အိမ္ၿခံေျမလုပ္ငန္းသို႔္ ဒုတိယအမ်ားဆုံး ဝင္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA) က ၾသဂုတ္ စတုတၳအပတ္အတြင္း ထုတ္ျပန္သည့္ Yearly Approved amount of Foreign investment (By Country) စာရင္းအရ ဇူလိုင္လအတြင္း ရင္းႏွီးျမဳပ္ႏွံႏိုင္သည့္ က႑ ၆ ခုသို႔ ကန္ေဒၚလာ ၃၆၆ ဒသမ ၄၇၄ သန္း ဝင္ေရာက္ခဲ့ၿပီး ကုန္ထုတ္လုပ္ေရးက႑တြင္ ကန္ေဒၚလာ ၁၅၁ ဒသမ ၇၉၄ သန္း၊ အိမ္ၿခံေျမက႑တြင္ ကန္ေဒၚလာ ၈၇ ဒသမ ၅ သန္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ကန္ေဒၚလာ ၆၄ သန္းျဖင့္ အမ်ားဆုံးဝင္ေရာက္ခဲ့ပါတယ္။

ကုန္ထုတ္လုပ္ေရးက႑တြင္ ဇူလိုင္လအတြင္း ကန္ေဒၚလာ ၁၅၁  ဒသမ ၇၉၄ သန္း ထပ္မံဝင္ေရာက္ ရင္းႏွီးျမဳပ္ႏွံခဲ့သျဖင့္ ၁၀ လအတြင္း ကန္ေဒၚလာ ၁၁၄၀ ဒသမ ၅၆၉ သန္း ရွိလာကာ ထိုပမာဏမွာ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္က ဝင္ေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ကန္ေဒၚလာ ၁၁၇၉ ဒသမ ၅၁၄ သန္းႏွင့္ ကန္ေဒၚလာ ၁၀၆၉ ဒသမ ၈၄၆ သန္း ဝင္ေရာက္ခဲ့သည့္ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္ေနာက္ပိုင္း အမ်ားဆုံးျဖစ္လာဖြယ္ရွိေၾကာင္း သိရပါတယ္။

DICA မွ ထုတ္ျပန္ခဲ့သည့္ Yearly Approved amount of Foreign investment (By Sector) စာရင္းအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဆယ္လတာ ကာလအတြင္း လယ္ယာစိုက္ပ်ိဳးေရးက႑တြင္ ကန္ေဒၚလာ ၁၉ ဒသမ ၀၂၀ သန္း၊ ေမြးျမဴေရးႏွင့္ သားငါးက႑တြင္ ကန္ေဒၚလာ ၁၀၀ ဒသမ ၂၆၄ သန္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ ကန္ေဒၚလာ ၁၅၁ ဒသမ ၇၉၄ သန္း၊ လွ်ပ္စစ္ဓာတ္အားက႑တြင္ ကန္ေဒၚလာ ၉၃ ဒသမ၂၈ သန္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ ကန္ေဒၚလာ ၁၀ ဒသမ ၂၀၄ သန္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ကန္ေဒၚလာ ၁၅၃၈ ဒသမ ၄ သန္း၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးက႑တြင္ ကန္ေဒၚလာ ၆၂ ဒသမ ၆၂၂ သန္း၊ အိမ္ၿခံေျမက႑တြင္ ၁၄၆ ဒသမ ၅၃၃ သန္း၊ စက္မႈအိမ္ၿခံေျမက႑တြင္ ကန္ေဒၚလာ ၄၈ ဒသမ ၄၅၁ သန္းႏွင့္ အျခားက႑တြင္  ကန္ေဒၚလာ ၃၆၆ ဒသမ ၈၇၂ သန္း စုစုေပါင္း လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ ၃၅၂၆ ဒသမ ၂၁၅ သန္း ဝင္ေရာက္ခဲ့ပါတယ္။

PWA
ရန္ကုန္၊ ၾသဂုတ္ - ၂၉