ကျောက်တော် တွင် တင်ပါး ကျည်ဆံထိမှန်သူကို ငါးသောင်းကျပ်ထောက်ပံ့

 
ကျောက်တော် တွင် တင်ပါး ကျည်ဆံထိမှန်သူကို ငါးသောင်းကျပ်ထောက်ပံ့

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့တွင် တင်ပါးကျည်ဆံထိမှန်ခဲ့သူကို ငွေ ၅၀၀၀ ကျပ် ထောက်ပံ့ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့က ကျောက်တော်မြို့နယ်၊ ကျားနင်းကန်ကျေးရွာအုပ်စု၊ လိပ်မကျေးရွာ တွင် အမျိုးသမီး ၁ ဦး လက်နက်ကျည်ထိမှန်မှုကြောင့် ယာတင်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့တဲ့အတွက် ကျောက်တော်ပြည်သူ့ဆေးရုံ သို့ပို့ဆောင်ကုသပေးခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်မှ ဒဏ်ရာရရှိသူအမျိုးသမီးအတွက် ဒဏ်ရာရထောက်ပံ့ငွေ ၅၀၀၀၀ ကျပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဇူလိုင် ၃၁ ရက်နေ့တွင် သွားရောက်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ကျောက်တော်၊ သြဂုတ် ၁

(  Zawgyi  )



မင်းထွန်း(အုတ်ကျင်း)
ကျောက်တော်၊ သြဂုတ် ၁