ကျောက်ဖြူ နှင့် ဟုမ္မလင်း မြို့အနီးတွင် ငလျင်များ လှုပ်ခတ်

  ကျောက်ဖြူ နှင့် ဟုမ္မလင်း မြို့အနီးတွင် ငလျင်များ လှုပ်ခတ်                                                               

 ကျောက်ဖြူ နှင့် ဟုမ္မလင်း မြို့အနီးတွင် ယနေ့ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက ငလျင်များ လှုပ်ခတ်ခဲ့တယ်လို့ မိုး/ဇလ မှ သတင်းထုတ်ပြန် ခဲ့ပါတယ်။

ယနေ့ ဇူလိုင်လ (၅)ရက် နံနက် ၅နာရီ ၁၁မိနစ် အချိန်တွင် ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၈) မိုင် ခန့် အကွာတွင် မြေအောင် အနက် ၇၆ ကီလိုမီတာ၌ အင်အားရစ်(ခ်)တာစကေး(၄.၂)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ် အလားတူ ဇူလိုင်လ (၅)ရက် နံနက် ၈ နာရီ ၄၂ မိနစ်အချိန်တွင် ကျောက်ဖြူမြို့၏ အရှေ့တောင်ဘက် (၁၁)မိုင် ခန့်အကွာ မြေအောက်အနက် ၃၅ ကီလိုမီတာတွင် အင်အားရစ်(ခ်) တာစကေး (၄.၁)အဆင့်ရှိ ငလျင်လှုပ် ခတ်ခဲ့ ပါတယ်။

မြန်မာနိုင်ငံတွင် မြောက်ပိုင်း ပူတာအို မှ မုတ္တမ ပင်လယ်ထဲ အထိ မိုင်ပေါင်း ၆၀၀ကျော်ရှည်လျှားသည့်စစ်ကိုင်းပြတ်ရွှေ့ကြောသည်အင်အားပြင်း ငလျင်များ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွှေ့ အပြင် အခြားသော ပြတ်ရွှေများ မှလည်း ငလျင်များ လှုပ်ခတ်လေ့ ရှိပါတယ်။

မြန်မာနိုင်ငံတွင် ပြတ်ရွှေ့ကြောများအပြင် ပုဂံဘုရားများ ပြိုကျပျက်စီးခဲ့သည့် ထိုးစိုက်ဇုန်သည် လည်း ငလျင် ကြီးများ အကြိမ်ကြိမ် လှုပ်ခတ်လေ့ ရှိပြီး အဆိုပါ ထိုးစိုက်ဇုန်သည် အိန္ဒိယ- မြန်မာနယ်စပ်မှ အင်ဒိုနီးရှား ကျွန်းများအထိ ရှည်လျားရှိပြီး ငလျင်ကြီးများ အကြိမ်ကြိမ် လှုပ်ခတ်လေ့ ရှိပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် ၅ 

Photo Credit:China.org.cn

(   Zawgyi  )

 ေက်ာက္ျဖဴ ႏွင့္ ဟုမၼလင္း ၿမိဳ႕အနီးတြင္ ယေန႔ ဇူလိုင္လ ၅ ရက္ နံနက္ပိုင္းက ငလ်င္မ်ား လႈပ္ခတ္ခဲ့တယ္လို႔ မိုး/ဇလ မွ သတင္းထုတ္ျပန္ ခဲ့ပါတယ္။

ယေန႔ ဇူလိုင္လ (၅)ရက္ နံနက္ ၅နာရီ ၁၁မိနစ္ အခ်ိန္တြင္ ဟုမၼလင္းၿမိဳ႕၏ အေရွ႕-အေရွ႕ေတာင္ဘက္ (၂၈) မိုင္ ခန႔္ အကြာတြင္ ေျမေအာင္ အနက္ ၇၆ ကီလိုမီတာ၌ အင္အားရစ္(ခ္)တာစေကး(၄.၂)အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ပါတယ္ အလားတူ ဇူလိုင္လ (၅)ရက္ နံနက္ ၈ နာရီ ၄၂ မိနစ္အခ်ိန္တြင္ ေက်ာက္ျဖဴၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၁၁)မိုင္ ခန႔္အကြာ ေျမေအာက္အနက္ ၃၅ ကီလိုမီတာတြင္ အင္အားရစ္(ခ္) တာစေကး (၄.၁)အဆင့္ရွိ ငလ်င္လႈပ္ ခတ္ခဲ့ ပါတယ္။

ျမန္မာႏိုင္ငံတြင္ ေျမာက္ပိုင္း ပူတာအို မွ မုတၱမ ပင္လယ္ထဲ အထိ မိုင္ေပါင္း ၆၀၀ေက်ာ္ရွည္လွ်ားသည့္စစ္ကိုင္းျပတ္ေ႐ႊ႕ေၾကာသည္အင္အားျပင္း ငလ်င္မ်ား အႀကိမ္ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး စစ္ကိုင္းျပတ္ေ႐ႊ႕ အျပင္ အျခားေသာ ျပတ္ေ႐ႊမ်ား မွလည္း ငလ်င္မ်ား လႈပ္ခတ္ေလ့ ရွိပါတယ္။

ျမန္မာႏိုင္ငံတြင္ ျပတ္ေ႐ႊ႕ေၾကာမ်ားအျပင္ ပုဂံဘုရားမ်ား ၿပိဳက်ပ်က္စီးခဲ့သည့္ ထိုးစိုက္ဇုန္သည္ လည္း ငလ်င္ ႀကီးမ်ား အႀကိမ္ႀကိမ္ လႈပ္ခတ္ေလ့ ရွိၿပီး အဆိုပါ ထိုးစိုက္ဇုန္သည္ အိႏၵိယ- ျမန္မာနယ္စပ္မွ အင္ဒိုနီးရွား ကြၽန္းမ်ားအထိ ရွည္လ်ားရွိၿပီး ငလ်င္ႀကီးမ်ား အႀကိမ္ႀကိမ္ လႈပ္ခတ္ေလ့ ရွိပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ ၅

Photo Credit:China.org.cn