ကျောင်းကားများကို ယိုယွင်းပျက်စီးမှုမရှိအောင် ယာဉ်ရပ်နားကွင်းဆောက်ကာ စနစ်တကျထားရှိမည်

ကျောင်းကားများကို ယိုယွင်းပျက်စီးမှုမရှိအောင် ယာဉ်ရပ်နားကွင်းဆောက်ကာ စနစ်တကျထားရှိမည်

ရန်ကုန်မြို့က အခြေခံပညာကျောင်းတွေမှာ YRTA က တာဝန်ယူပြေးဆွဲနေတဲ့ ကျောင်းကား (School Bus) တွေကို ယိုယွင်းပျက်စီးမှုတွေမဖြစ်အောင် ယာဉ်ရပ်နားကွင်း တည်ဆောက်ပြီး စနစ်တကျထားရှိသွားဖို့ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောပါတယ်။

“လက်ရှိမှာက ကျောင်းတွေနဲ့ အနီးတစ်ဝိုက်မှာ အဆင်ပြေအောင်ထားတာတွေရှိသလို ယာဉ်ရပ်နားကွင်းနဲ့ စနစ်တကျထားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်၊ လောလောဆယ် ပုဇွန်တောင်မြို့နယ်ထဲမှာ ယာဉ်ရပ်နားကွင်းတစ်ခုကို လုပ်ဆောင်နေပါပြီ၊ လာမယ့် ပွင့်လင်းရာသီထဲတော့ ပြီးဖို့မှန်းထားတယ်၊ အဲ့ဒါပြီးရင်တော့ ကျောင်းကားတွေကို အဲ့ဒီမှာပဲထားဖို့ မှန်းထားတယ်” လို့ ဦးအောင်ညီညီမော် က ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ရန်ကုန်မြို့က အခြေခံပညာကျောင်းပေါင်း ၁၂ ကျောင်းမှာ လက်ရှိကာလအထိ ကျောင်းကားပေါင်း ၁၀၂ စီးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၉၄၆ ဦးကို ဝန်ဆောင်ကာ ပြေးဆွဲပေးနေပြီး မြေနီကုန်း ရှင်စောပုဝင်းထဲမှာ ၈၀ စီး၊ အရန် ရှစ်စီး၊ စုစုပေါင်း ၈၈ စီး၊ မြောက်ဥက္ကလာပမြို့နယ်ထဲက ကပရဝင်းမှာ ၁၈ စီး၊ YRTA ရုံးချုပ်တွင် နှစ်စီး ရပ်နားကြောင်း၊ သဘာဝဓာတ်ငွေ့ လောင်စာအတွက် လုပ်ဆောင်နေတဲ့ ကျောင်းကားပေါင်း အစီးရေ ၉၀ ကျော် ရှိနေပြီး ထပ်မံတိုးချဲ့ပြေးဆွဲဖို့ တင်ပြလာတာတွေရှိတာကြောင့် ယင်းကျောင်းကားတွေကို အစီးရေတိုးကာ ပြေးဆွဲပေးဖို့ လုပ်ဆောင်နေသလို ပြေးဆွဲမှုလမ်းကြောင်း လေ့လာတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“မြောက်ဥက္ကလာ ကပရဝင်းထဲမှာ ထားတဲ့ကားတွေက မြောက်ဥက္ကလာက ကျောင်းတွေကို အခြေပြုပြေးဆွဲဖို့ဖြစ်ပြီး YRTA ရုံးချုပ်ထဲမှာ ထားတဲ့ကားက သင်္ဃန်းကျွန်းမြို့နယ်ထဲက ကျောင်းတွေကို ပြေးဆွဲဖို့ဖြစ်ပါတယ်၊ ယာဉ်တွေ ချို့ယွင်းမှုတစ်ခုခုကြုံရင် အခက်အခဲမဖြစ်အောင် ယာဉ်တွေကို အရန်ထားတာရှိသလို အခုကာလက ရာသီဥတုကြောင့် ယာဉ်လုပ်သားတွေ ဖျားနာတာမျိုးဖြစ်တဲ့အခါ အစားထိုးလုပ်ဆောင်နိုင်ဖို့ အရန်ယာဉ်မောင်းတွေ၊ အရန်ယာဉ်မယ်တွေကို စီစဉ်ထားပါတယ်” လို့ သူက ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ စီစဉ်ပြေးဆွဲတဲ့ ကျောင်းကားတွေမှာ အဲယားကွန်းဖွင့်ပေးခြင်း၊ အဲယားကွန်းမကောင်းပါက ထွက်ခွင့်မပြုခြင်း၊ ယာဉ်မယ်တစ်ဦးစီ ပါဝင်သလို ကျောင်းကားစီးသော ကျောင်းသား၊ ကျောင်းသူတွေကို ဆင်းကာ ကြိုပို့လုပ်ပေးခြင်း၊ ထိုင်ခုံခါးပတ် ပတ်ထားမှု ရှိ၊ မရှိစ စ်ဆေးလုပ်ဆောင်ခြင်း စတဲ့ ဝန်ဆောင်မှုတွေကိုလည်း လုပ်ဆောင်ပေးနေကြောင်း၊ ယင်းကဲ့သို့ သတ်မှတ်ထားသော ဝန်ဆောင်မှုနဲ့ မလုပ်နိုင်တဲ့ ကျောင်းကားတွေကို ထွက်ခွင့်မပြုဖို့လည်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၄

( Zawgyi )

ရန္ကုန္ၿမိဳ႕က အေျခခံပညာေက်ာင္းေတြမွာ YRTA က တာဝန္ယူေျပးဆြဲေနတဲ့ ေက်ာင္းကား (School Bus) ေတြကို ယိုယြင္းပ်က္စီးမႈေတြမျဖစ္ေအာင္ ယာဥ္ရပ္နားကြင္း တည္ေဆာက္ၿပီး စနစ္တက်ထားရွိသြားဖို႔ လုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္ က ေျပာပါတယ္။

“လက္ရွိမွာက ေက်ာင္းေတြနဲ႔ အနီးတစ္ဝိုက္မွာ အဆင္ေျပေအာင္ထားတာေတြရွိသလို ယာဥ္ရပ္နားကြင္းနဲ႔ စနစ္တက်ထားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္၊ ေလာေလာဆယ္ ပုဇြန္ေတာင္ၿမိဳ႕နယ္ထဲမွာ ယာဥ္ရပ္နားကြင္းတစ္ခုကို လုပ္ေဆာင္ေနပါၿပီ၊ လာမယ့္ ပြင့္လင္းရာသီထဲေတာ့ ၿပီးဖို႔မွန္းထားတယ္၊ အဲ့ဒါၿပီးရင္ေတာ့ ေက်ာင္းကားေတြကို အဲ့ဒီမွာပဲထားဖို႔ မွန္းထားတယ္” လို႔ ဦးေအာင္ညီညီေမာ္ က ရွင္းျပပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) က ရန္ကုန္ၿမိဳ႕က အေျခခံပညာေက်ာင္းေပါင္း ၁၂ ေက်ာင္းမွာ လက္ရွိကာလအထိ ေက်ာင္းကားေပါင္း ၁၀၂ စီးျဖင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၉၄၆ ဦးကို ဝန္ေဆာင္ကာ ေျပးဆြဲေပးေနၿပီး ေျမနီကုန္း ရွင္ေစာပုဝင္းထဲမွာ ၈၀ စီး၊ အရန္ ရွစ္စီး၊ စုစုေပါင္း ၈၈ စီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ထဲက ကပရဝင္းမွာ ၁၈ စီး၊ YRTA ႐ုံးခ်ဳပ္တြင္ ႏွစ္စီး ရပ္နားေၾကာင္း၊ သဘာဝဓာတ္ေငြ႕ ေလာင္စာအတြက္ လုပ္ေဆာင္ေနတဲ့ ေက်ာင္းကားေပါင္း အစီးေရ ၉၀ ေက်ာ္ ရွိေနၿပီး ထပ္မံတိုးခ်ဲ႕ေျပးဆြဲဖို႔ တင္ျပလာတာေတြရွိတာေၾကာင့္ ယင္းေက်ာင္းကားေတြကို အစီးေရတိုးကာ ေျပးဆြဲေပးဖို႔ လုပ္ေဆာင္ေနသလို ေျပးဆြဲမႈလမ္းေၾကာင္း ေလ့လာတာေတြကိုလည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ေျမာက္ဥကၠလာ ကပရဝင္းထဲမွာ ထားတဲ့ကားေတြက ေျမာက္ဥကၠလာက ေက်ာင္းေတြကို အေျချပဳေျပးဆြဲဖို႔ျဖစ္ၿပီး YRTA ႐ုံးခ်ဳပ္ထဲမွာ ထားတဲ့ကားက သဃၤန္းကြၽန္းၿမိဳ႕နယ္ထဲက ေက်ာင္းေတြကို ေျပးဆြဲဖို႔ျဖစ္ပါတယ္၊ ယာဥ္ေတြ ခ်ိဳ႕ယြင္းမႈတစ္ခုခုႀကဳံရင္ အခက္အခဲမျဖစ္ေအာင္ ယာဥ္ေတြကို အရန္ထားတာရွိသလို အခုကာလက ရာသီဥတုေၾကာင့္ ယာဥ္လုပ္သားေတြ ဖ်ားနာတာမ်ိဳးျဖစ္တဲ့အခါ အစားထိုးလုပ္ေဆာင္ႏိုင္ဖို႔ အရန္ယာဥ္ေမာင္းေတြ၊ အရန္ယာဥ္မယ္ေတြကို စီစဥ္ထားပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ စီစဥ္ေျပးဆြဲတဲ့ ေက်ာင္းကားေတြမွာ အဲယားကြန္းဖြင့္ေပးျခင္း၊ အဲယားကြန္းမေကာင္းပါက ထြက္ခြင့္မျပဳျခင္း၊ ယာဥ္မယ္တစ္ဦးစီ ပါဝင္သလို ေက်ာင္းကားစီးေသာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဆင္းကာ ႀကိဳပို႔လုပ္ေပးျခင္း၊ ထိုင္ခုံခါးပတ္ ပတ္ထားမႈ ရွိ၊ မရွိစ စ္ေဆးလုပ္ေဆာင္ျခင္း စတဲ့ ဝန္ေဆာင္မႈေတြကိုလည္း လုပ္ေဆာင္ေပးေနေၾကာင္း၊ ယင္းကဲ့သို႔ သတ္မွတ္ထားေသာ ဝန္ေဆာင္မႈနဲ႔ မလုပ္ႏိုင္တဲ့ ေက်ာင္းကားေတြကို ထြက္ခြင့္မျပဳဖို႔လည္း သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၄