ကျောင်းသား/သူများကြား စွန့်ပစ်အမှိုက်ဆိုင်ရာ ပညာပေးမှုအစီအစဉ်များ ရေးဆွဲဆောင်ရွက်နေ

ကျောင်းသား/သူများကြား စွန့်ပစ်အမှိုက်ဆိုင်ရာ ပညာပေးမှုအစီအစဉ်များ ရေးဆွဲဆောင်ရွက်နေ

ကျောင်းသား၊ ကျောင်းသူတွေရဲ့ကြားမှာ စွန့်ပစ်အမှိုက်တွေနဲ့ ပတ်သက်တဲ့ ပညာပေးမှုတွေကို အစီအစဉ်တွေ ရေးဆွဲပြီး စာသင်ကျောင်းတွေမှာ လုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရပါတယ်။

“ဒီနေ့ဆိုရင် ပညာပေးဆောင်ရွက်တဲ့ အစီအစဉ်တွေကို လှိုင်သာယာမြို့နယ်ထဲက အမှတ် ၉ အခြေခံပညာ မူလတန်းကျောင်းမှာ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်၊ အခုလို စာသင်ကျောင်းတွေ တစ်ခုစီမှာ တစ်လှည့်စီ ပညာပေးတာတွေကို လုပ်ဆောင်ဖို့ အစီအစဉ်တွေ ရေးဆွဲထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင် က ရှင်းပြပါတယ်။

ထိုသို့ ပညာပေးလုပ်ဆောင်တာကို မြို့တော်စည်ပင်မှ တာဝန်ရှိသူတွေက Clean Yangon အဖွဲ့မှ ပရဟိတစေတနာ့ဝန်ထမ်းများနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်သလို အမှိုက်လျှော့ချရေးနဲ့ စွန့်ပစ်အမှိုက်ဆိုင်ရာ ပညာပေးလုပ်ငန်းတွေအတွက် ကဗျာတွေရွတ်ဆိုတာတွေ၊ ဟောပြောဆွေးနွေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ယခုလို ပူးပေါင်းပြီး စာသင်ကျောင်းတွေမှာ ပညာပေးတဲ့အစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကနေ စတင်ပြီး အစီအစဉ်တွေ ချမှတ်လုပ်ဆောင်ခဲ့သလို စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုတွေကို ၂၀၁၇ ခုနှစ်လောက်ကတည်းက လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။                                               

ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် - ၂၅

( Zawgyi )

ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ၾကားမွာ စြန႔္ပစ္အမႈိက္ေတြနဲ႔ ပတ္သက္တဲ့ ပညာေပးမႈေတြကို အစီအစဥ္ေတြ ေရးဆြဲၿပီး စာသင္ေက်ာင္းေတြမွာ လုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာနမွ သိရပါတယ္။

“ဒီေန႔ဆိုရင္ ပညာေပးေဆာင္႐ြက္တဲ့ အစီအစဥ္ေတြကို လႈိင္သာယာၿမိဳ႕နယ္ထဲက အမွတ္ ၉ အေျခခံပညာ မူလတန္းေက်ာင္းမွာ လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္၊ အခုလို စာသင္ေက်ာင္းေတြ တစ္ခုစီမွာ တစ္လွည့္စီ ပညာေပးတာေတြကို လုပ္ေဆာင္ဖို႔ အစီအစဥ္ေတြ ေရးဆြဲထားၿပီး ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္” လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရးဌာနမွ လက္ေထာက္ဌာနမႉး ဦးေဇာ္ဝင္းႏိုင္ က ရွင္းျပပါတယ္။

ထိုသို႔ ပညာေပးလုပ္ေဆာင္တာကို ၿမိဳ႕ေတာ္စည္ပင္မွ တာဝန္ရွိသူေတြက Clean Yangon အဖြဲ႕မွ ပရဟိတေစတနာ့ဝန္ထမ္းမ်ားနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ၾကတာျဖစ္သလို အမႈိက္ေလွ်ာ့ခ်ေရးနဲ႔ စြန႔္ပစ္အမႈိက္ဆိုင္ရာ ပညာေပးလုပ္ငန္းေတြအတြက္ ကဗ်ာေတြ႐ြတ္ဆိုတာေတြ၊ ေဟာေျပာေဆြးေႏြးတာေတြကိုလည္း လုပ္ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ယခုလို ပူးေပါင္းၿပီး စာသင္ေက်ာင္းေတြမွာ ပညာေပးတဲ့အစီအစဥ္ကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လကေန စတင္ၿပီး အစီအစဥ္ေတြ ခ်မွတ္လုပ္ေဆာင္ခဲ့သလို စုေပါင္းအမႈိက္ေကာက္ လႈပ္ရွားမႈေတြကို ၂၀၁၇ ခုႏွစ္ေလာက္ကတည္းက လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။                                               

ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ - ၂၅