ကျွဲနွား ပြည်ပတင်ပို့မှု အခက်အခဲဖြေရှင်းနိုင်ရန် ကျွဲနွားတင်ပို့သူများအသင်း ဖွဲ့စည်း

ကျွဲနွား ပြည်ပတင်ပို့မှု အခက်အခဲဖြေရှင်းနိုင်ရန် ကျွဲနွားတင်ပို့သူများအသင်း ဖွဲ့စည်း

ပြည်တွင်းက ကျွဲနွားတွေကို ပြည်ပဈေးကွက် တင်ပို့တဲ့အခါမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ကျွဲနွားတင်ပို့သူများအသင်းကို ယမန်နေ့ညနေပိုင်းက မန္တလေးမြို့မှာ ဖွဲ့စည်းထူထောင်လိုက်ပြီ ဖြစ်ပါတယ်။

ပြည်ပကို ကျွဲနွားတင်ပို့တဲ့အခါမှာ၊ ဝယ်ယူတဲ့အခါမှာ အခက်အခဲတွေ ကြုံတွေ့ရလေ့ရှိတယ်၊ ဒါကို စုပေါင်းဖြေရှင်းနိုင်အောင်ရယ်၊ နောက်တစ်ခုက ဈေးကွက်ပေါ့၊ တစ်ခါတစ်ရံမှာ ဈေးကွက်မှာ သွားပြုံနေတာမျိုးရှိတယ်၊ ဒါမျိုးတွေကို စုပေါင်းပြီးဖြေရှင်းနိုင်ဖို့အတွက် အသင်းဖွဲ့စည်းတာ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောပါတယ်။

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ကျွဲနွားတင်ပို့သူများအသင်းဆိုပြီး ပထမဆုံးအကြိမ် ဖွဲ့စည်းခြင်းဖြစ်တယ်လို့ သိရပြီး ကျွဲနွားတွေကို တောင်သူတွေဆီကနေ ဝယ်ယူပြီး ပြည်ပတင်ပို့နေကြတဲ့ ကုမ္ပဏီတွေစုပေါင်းမှုနဲ့ ဖွဲ့စည်းထူထောင်လိုက်တာ ဖြစ်ပါတယ်။အဓိက ကတော့ တရုတ်နိုင်ငံကို အဓိကတင်ပို့တာပါ၊ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကိုလည်း အနည်းငယ်တင်ပို့ခဲ့ပါတယ်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လုပ်ထုံးလုပ်နည်းအရ တင်ပို့တာပါ၊ မြန်မာနိုင်ငံမှာ တောင်သူတွေ မွေးမြူထားတဲ့ ကျွဲနွားတွေရှိတယ်၊ လယ်ယာလုပ်ငန်းခွင် သုံးတာလည်းရှိတယ်၊ လုပ်ငန်းခွင်မှာ ကျွဲနွားမသုံးတော့ဘဲနဲ့ စက်ကိရိယာ အစားထိုးလာတာတွေလည်းရှိတယ်၊ ဒီအတွက် ဒါတွေကို ပြန်ရောင်းရတယ်၊ ပြန်ရောင်းမှ တောင်သူက ဝင်ငွေရမယ်လေ၊ ဒီအသင်းက ကျွဲနွားကို တောင်သူဆီကနေ ဝယ်ပြီးတော့ တင်ပို့တဲ့ ကုမ္ပဏီတွေအားလုံးစုပြီး စဖွဲ့တာပါလို့လည်း ၎င်းက ဆိုပါတယ်။

ပြည်ပသို့ ကျွဲနွားအရှင် တင်ပို့မှုကို ပြီးခဲ့တဲ့နှစ်ကစပြီး တင်ပို့ခွင့်ပြုခဲ့တာမှာ စုစုပေါင်းကောင်ရေ ၃ သိန်းကျော် တရားဝင် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊ ကျွဲနွားတင်ပို့တဲ့ ကုမ္ပဏီပေါင်း ၄၀၀ ကျော်ခန့် ရှိကြောင်း၊ ပြည်ပတင်ပို့မှုကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လုပ်ထုံးလုပ်နည်းနဲ့အညီ အသက် ၅ နှစ်ကျော် ကျန်းမာရေးစစ်ဆေးပြီးတဲ့ ကျွဲနွားအထီးတွေ တင်ပို့တာဖြစ်ကြောင်း၊ တစ်ခေါက်ကို အကောင် ၁၀၀ တင်ပို့တာဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဆီက သိရပါတယ်။

နောက်ပိုင်းမှာတော့ တစ်နိုင်ငံလုံးအနေအထားနဲ့ ဖွဲ့လို့ရအောင် အခြား တိုင်းနဲ့ ပြည်နယ်တွေပါ ဖွဲ့ပြီးတော့ မြန်မာနိုင်ငံ ကျွဲနွားတင်ပို့သူများအသင်းဆိုပြီး ဖွဲ့သွားဦးမှာပါလို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

ျပည္တြင္းက ကြၽဲႏြားေတြကို ျပည္ပေဈးကြက္ တင္ပို႔တဲ့အခါမွာ ႀကဳံေတြ႕ရတတ္တဲ့ အခက္အခဲေတြ ေျဖရွင္းႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) ကြၽဲႏြားတင္ပို႔သူမ်ားအသင္းကို ယမန္ေန႔ညေနပိုင္းက မႏၲေလးၿမိဳ႕မွာ ဖြဲ႕စည္းထူေထာင္လိုက္ၿပီ ျဖစ္ပါတယ္။

ျပည္ပကို ကြၽဲႏြားတင္ပို႔တဲ့အခါမွာ၊ ဝယ္ယူတဲ့အခါမွာ အခက္အခဲေတြ ႀကဳံေတြ႕ရေလ့ရွိတယ္၊ ဒါကို စုေပါင္းေျဖရွင္းႏိုင္ေအာင္ရယ္၊ ေနာက္တစ္ခုက ေဈးကြက္ေပါ့၊ တစ္ခါတစ္ရံမွာ ေဈးကြက္မွာ သြားၿပဳံေနတာမ်ိဳးရွိတယ္၊ ဒါမ်ိဳးေတြကို စုေပါင္းၿပီးေျဖရွင္းႏိုင္ဖို႔အတြက္ အသင္းဖြဲ႕စည္းတာ ျဖစ္ပါတယ္လို႔ ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) ဥကၠ႒ ေဒါက္တာေက်ာ္ထင္ က ေျပာပါတယ္။

ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) ကြၽဲႏြားတင္ပို႔သူမ်ားအသင္းဆိုၿပီး ပထမဆုံးအႀကိမ္ ဖြဲ႕စည္းျခင္းျဖစ္တယ္လို႔ သိရၿပီး ကြၽဲႏြားေတြကို ေတာင္သူေတြဆီကေန ဝယ္ယူၿပီး ျပည္ပတင္ပို႔ေနၾကတဲ့ ကုမၸဏီေတြစုေပါင္းမႈနဲ႔ ဖြဲ႕စည္းထူေထာင္လိုက္တာ ျဖစ္ပါတယ္။အဓိက ကေတာ့ တ႐ုတ္ႏိုင္ငံကို အဓိကတင္ပို႔တာပါ၊ ထိုင္းႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔ကိုလည္း အနည္းငယ္တင္ပို႔ခဲ့ပါတယ္၊ ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာန လုပ္ထုံးလုပ္နည္းအရ တင္ပို႔တာပါ၊ ျမန္မာႏိုင္ငံမွာ ေတာင္သူေတြ ေမြးျမဴထားတဲ့ ကြၽဲႏြားေတြရွိတယ္၊ လယ္ယာလုပ္ငန္းခြင္ သုံးတာလည္းရွိတယ္၊ လုပ္ငန္းခြင္မွာ ကြၽဲႏြားမသုံးေတာ့ဘဲနဲ႔ စက္ကိရိယာ အစားထိုးလာတာေတြလည္းရွိတယ္၊ ဒီအတြက္ ဒါေတြကို ျပန္ေရာင္းရတယ္၊ ျပန္ေရာင္းမွ ေတာင္သူက ဝင္ေငြရမယ္ေလ၊ ဒီအသင္းက ကြၽဲႏြားကို ေတာင္သူဆီကေန ဝယ္ၿပီးေတာ့ တင္ပို႔တဲ့ ကုမၸဏီေတြအားလုံးစုၿပီး စဖြဲ႕တာပါလို႔လည္း ၎က ဆိုပါတယ္။

ျပည္ပသို႔ ကြၽဲႏြားအရွင္ တင္ပို႔မႈကို ၿပီးခဲ့တဲ့ႏွစ္ကစၿပီး တင္ပို႔ခြင့္ျပဳခဲ့တာမွာ စုစုေပါင္းေကာင္ေရ ၃ သိန္းေက်ာ္ တရားဝင္ တင္ပို႔ခဲ့ၿပီးျဖစ္ေၾကာင္း၊ ကြၽဲႏြားတင္ပို႔တဲ့ ကုမၸဏီေပါင္း ၄၀၀ ေက်ာ္ခန႔္ ရွိေၾကာင္း၊ ျပည္ပတင္ပို႔မႈကို ေမြးျမဴေရးႏွင့္ ကုသေရး ဦးစီးဌာန လုပ္ထုံးလုပ္နည္းနဲ႔အညီ အသက္ ၅ ႏွစ္ေက်ာ္ က်န္းမာေရးစစ္ေဆးၿပီးတဲ့ ကြၽဲႏြားအထီးေတြ တင္ပို႔တာျဖစ္ေၾကာင္း၊ တစ္ေခါက္ကို အေကာင္ ၁၀၀ တင္ပို႔တာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) ဆီက သိရပါတယ္။

ေနာက္ပိုင္းမွာေတာ့ တစ္ႏိုင္ငံလုံးအေနအထားနဲ႔ ဖြဲ႕လို႔ရေအာင္ အျခား တိုင္းနဲ႔ ျပည္နယ္ေတြပါ ဖြဲ႕ၿပီးေတာ့ ျမန္မာႏိုင္ငံ ကြၽဲႏြားတင္ပို႔သူမ်ားအသင္းဆိုၿပီး ဖြဲ႕သြားဦးမွာပါလို႔ ျမန္မာႏိုင္ငံ ေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္ (မႏၲေလးတိုင္းေဒသႀကီး) ဥကၠ႒ ေဒါက္တာေက်ာ္ထင္ က ေျပာပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၂၁