ကြည့်မြင်တိုင်နဲ့ ဟံသာဝတီဘူတာကြား ရထားကြိတ်၍ လူတစ်ဦးသေဆုံး

ကြည့်မြင်တိုင်နဲ့ ဟံသာဝတီဘူတာကြား ရထားကြိတ်၍ လူတစ်ဦးသေဆုံး

ရန်ကုန်-အင်းစိန်ရထားလမ်းပေါ်က ကြည့်မြင်တိုင်ဘူတာနဲ့ ဟံသာဝတီဘူတာကြား လက်ယာရစ် လမ်းပိုင်း အခြမ်းမှာ ဒီကနေ့(မေလ ၁၀ရက်) မနက်က ရထားကြိတ်မိတဲ့ ဖြစ်စဉ်ကြောင့် လူတစ်ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ စမ်းချောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ထိုဖြစ်စဉ်ဟာ မနက် ၅နာရီအချိန်ခန့်မှာ ကြုံခဲ့သလို ကြည့်မြင်တိုင်ဘက်ခြမ်းမှ အင်းစိန်ဘက်ခြမ်းကို သွားတဲ့ သာရဝေါရထားမှ တိုက်မိခဲ့ တာဖြစ်ကြောင်း၊ မနက် ၉နာရီခွဲခန့်မှာတော့ ရထားကြိတ်မိတဲ့ Dead Body ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံသို့ မအူကုန်းလမ်းကျယ် ပရဟိတအသင်းရဲ့ နိဗ္ဗာန်ယာဉ်ဖြင့် ပို့ဆောင် ခဲ့တယ်လို့လည်း သိရပါတယ်။ သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ လောလောဆယ် စစ်ဆေးဆဲလို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၀

(  Zawgyi  )

 ရန္ကုန္-အင္းစိန္ရထားလမ္းေပၚက ၾကည့္ျမင္တိုင္ဘူတာနဲ႔ ဟံသာဝတီဘူတာၾကား လက္ယာရစ္ လမ္းပိုင္း အျခမ္းမွာ ဒီကေန႔(ေမလ ၁၀ရက္) မနက္က ရထားႀကိတ္မိတဲ့ ျဖစ္စဥ္ေၾကာင့္ လူတစ္ဦးေသဆုံးခဲ့တယ္လို႔ သြားေရာက္ကူညီကယ္ဆယ္ေရး လုပ္ေဆာင္ခဲ့တဲ့ စမ္းေခ်ာင္းၿမိဳ႕နယ္ အရန္မီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

ထိုျဖစ္စဥ္ဟာ မနက္ ၅နာရီအခ်ိန္ခန႔္မွာ ႀကဳံခဲ့သလို ၾကည့္ျမင္တိုင္ဘက္ျခမ္းမွ အင္းစိန္ဘက္ျခမ္းကို သြားတဲ့ သာရေဝါရထားမွ တိုက္မိခဲ့ တာျဖစ္ေၾကာင္း၊ မနက္ ၉နာရီခြဲခန႔္မွာေတာ့ ရထားႀကိတ္မိတဲ့ Dead Body ကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ရင္ခြဲ႐ုံသို႔ မအူကုန္းလမ္းက်ယ္ ပရဟိတအသင္းရဲ႕ နိဗၺာန္ယာဥ္ျဖင့္ ပို႔ေဆာင္ ခဲ့တယ္လို႔လည္း သိရပါတယ္။ ေသဆုံးသူဟာ ဘယ္သူဘယ္ဝါဆိုတာကိုေတာ့ ေလာေလာဆယ္ စစ္ေဆးဆဲလို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၀