ကြားကားများ လတ်တလောကြပ်မတ်မှုထက် YBS ယာဉ်များ သတ်မှတ်ချက်ပြည့် ပြေးဆွဲနိုင်ရန် လုပ်ဆောင်နေ

ကြားကားများ လတ်တလောကြပ်မတ်မှုထက် YBS ယာဉ်များ သတ်မှတ်ချက်ပြည့် ပြေးဆွဲနိုင်ရန် လုပ်ဆောင်နေ

ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးအတွက် ကြားကားတွေကို ဖမ်းဆီးကြပ်မတ်နေပေမယ့် လတ်တလော အခြေအနေအရ YBS ယာဉ်တွေကို သတ်မှတ်ထားတဲ့ ခေါက်ရေအခြေအနေတွေအရ အပြည့်အဝပြေးဆွဲနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီမှ သိရပါတယ်။

“ကြားကားကို ဖမ်းနေတာလည်းရှိပါတယ်၊ ဒါတွေကို တကယ်တမ်း ပြန်လည်သုံးသပ်ရင် YBS ယာဉ်တွေကိုသာ အပြည့်အ၀ ပြေးဆွဲပေးနိုင်တဲ့အခါကျရင် တဖြေးဖြေးနဲ့ ဒီကိစ္စကိုဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ယူဆရပါတယ်၊ ဒါကြောင့်လည်း YBS ယာဉ်တွေကို အပြည့်အဝပြေးဆွဲပေးနိုင်ဖို့ ယာဉ်လိုင်းကုမ္ပဏီတွေကို တွန်းအားပေး လုပ်ဆောင်နေတာတွေ ရှိပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ရှင်းပြပါတယ်။

ရန်ကုန်မြို့ထဲမှာ ညနေပိုင်းလောက်မှ စတင်ကာ ကြားကားတွေကို တွေ့လာရသလို သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ ယုဇန၊ ဒဂုံတောင်၊ ဒဂုံအရှေ့ စတဲ့နေရာတွေကို လည်းကောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာဘက်ကို လည်းကောင်း ပြေးဆွဲနေကြပြီး ညနေပိုင်းမှာ မြို့တော်ခန်းမရှေ့က ကားပါကင်မှာ ရပ်နားဂိတ်ထိုးရင်း ပြေးဆွဲတာတွေ၊ ည ၈ နာရီဝန်းကျင်လောက်မှာတော့ အနော်ရထာလမ်းပေါ်က လမ်း ၃၀ မှတ်တိုင်အနီးမှာ တန်းစီဂိတ်ထိုး ပြေးဆွဲတာတွေ၊ ပန်းဆိုးတန်းမှတ်တိုင်အနီးမှာ တန်းစီဂိတ်ထိုး ပြေးဆွဲတာတွေ၊ သီရိမင်္ဂလာဈေးရှေ့၊ တာမွေ သတိပဌာန် စတဲ့ နေရာတွေမှာ ဂိတ်ထိုးပြေးဆွဲလာတာတွေတဲ့အပြင် စီးနင်းတဲ့ ခရီးသည်တွေ အများအပြားရှိနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

“ဒီလိုကြားကားတွေက စီးနင်းသူ ခရီးသည်တွေ ရှိတာကြောင့်လည်း ဖြစ်ပါတယ်၊ လတ်တလောမှာ တင်းတင်းကြပ်ကြပ်နဲ့ သွားလုပ်လိုက်ရင် ဒီဘက်ကလည်း YBS ယာဉ်တွေကို အပြည့်အ၀ အသုံးမချနိုင်သေးတဲ့အခါ ခရီးသည်တွေ အခက်အခဲဖြစ်နိုင်တာတွေလည်း ရှိတာကြောင့် ပြန်လည်စဉ်းစားသုံးသပ်ပြီး လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ရန်ကုန်မြို့မှာ ညပိုင်းပြေးဆွဲတဲ့ YBS ယာဉ်တွေဟာ နည်းပါးတာကြောင့် သွားလာလုပ်ကိုင်နေသူတွေအဖို့ အိမ်အပြန်ခရီးအတွက် ကြားကားတွေကို အားကိုးနေသေးတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ယခုနောက်ပိုင်းမှာ ယာဉ်လိုင်းပြေးဆွဲစဉ် ကာလအတွင်း တစ်ရက်တာသတ်မှတ်ထားတဲ့ အခေါက်ရေမပြည့်ခင်မှာ ဂက်စ်ဖြည့်သွင်းတာတွေကြောင့် လမ်းပေါ်မှာ ခရီးသည်ပို့ဆောင်ကာ ပြေးဆွဲနေတဲ့ ယာဉ်တစ်စီးနဲ့တစ်စီး အလှမ်းဝေကွာကာ စီးနင်းမယ့် ခရီးသည်တွေအဖို့ ကြပ်ညပ်စွာစီးနင်းနေရသော အခြေအနေတွေအတွက်လည်း ယာဉ်လိုင်းကုမ္ပဏီတွေအနေနဲ့ ဂက်စ်ဖြည့်သွင်းတာတွေကို စနစ်တကျ စာရင်းပြုစုလုပ်ဆောင်ကာ ကြပ်မတ်နေတယ်လို့ သိရပါတယ်။

“အထူးသဖြင့်ကတော့ ရုံးတက်ရုံးဆင်းချိန်တွေမှာ လိုင်းဆွဲနေတဲ့ ယာဉ်တစ်စီးနဲ့တစ်စီး တအားမခြားအောင် လုပ်ဆောင်နေပါတယ်၊ ကုမ္ပဏီအသီးသီးကလည်း ကိုယ့်လိုင်းကိုယ် ကွင်းဆင်းပြီး ကြပ်မတ်ဖို့တွေ၊ YRTA က စစ်ဆေးရေးအဖွဲ့တွေကနေ ကွင်းဆင်းစီမံပေးတာတွေနဲ့လည်း လုပ်ဆောင်နေတာတွေ ရှိပါတယ်” လို့ သူက ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

ရန်ကုန်မြို့မှာ YBS စနစ်ကို ပြောင်းလဲခဲ့တာ နှစ်နှစ်ကျော်သက်တမ်း ရှိလာခဲ့သလို ယင်းသက်တမ်း ကာလထဲ ၂၄ နာရီ ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေရှိသလို ည ၁၀ နာရီအထိ ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေရှိပေမယ့် တစ်ချို့သော ယာဉ်လိုင်းတွေဟာ ည ၈ နာရီလောက်အထိသာ ပြေးဆွဲနေသေးတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ထို့ကြောင့်လည်း ယာဉ်လိုင်းအားလုံးကို ည ၁၀ နာရီအထိ ပြေးဆွဲသွားရန်လည်း တွန်းအားပေးလျက် ရှိတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် - ၁၂

( Zawgyi )

ရန္ကုန္ၿမိဳ႕တြင္း ခရီးသည္ပို႔ေဆာင္ေရးအတြက္ ၾကားကားေတြကို ဖမ္းဆီးၾကပ္မတ္ေနေပမယ့္ လတ္တေလာ အေျခအေနအရ YBS ယာဥ္ေတြကို သတ္မွတ္ထားတဲ့ ေခါက္ေရအေျခအေနေတြအရ အျပည့္အဝေျပးဆြဲႏိုင္ဖို႔ ႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ ေကာ္မတီမွ သိရပါတယ္။

“ၾကားကားကို ဖမ္းေနတာလည္းရွိပါတယ္၊ ဒါေတြကို တကယ္တမ္း ျပန္လည္သုံးသပ္ရင္ YBS ယာဥ္ေတြကိုသာ အျပည့္အ၀ ေျပးဆြဲေပးႏိုင္တဲ့အခါက်ရင္ တေျဖးေျဖးနဲ႔ ဒီကိစၥကိုေျဖရွင္းၿပီးသား ျဖစ္သြားမယ္လို႔ ယူဆရပါတယ္၊ ဒါေၾကာင့္လည္း YBS ယာဥ္ေတြကို အျပည့္အဝေျပးဆြဲေပးႏိုင္ဖို႔ ယာဥ္လိုင္းကုမၸဏီေတြကို တြန္းအားေပး လုပ္ေဆာင္ေနတာေတြ ရွိပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ ေကာ္မတီရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္ က ရွင္းျပပါတယ္။

ရန္ကုန္ၿမိဳ႕ထဲမွာ ညေနပိုင္းေလာက္မွ စတင္ကာ ၾကားကားေတြကို ေတြ႕လာရသလို သန္လ်င္၊ ဒဂုံဆိပ္ကမ္း၊ ယုဇန၊ ဒဂုံေတာင္၊ ဒဂုံအေရွ႕ စတဲ့ေနရာေတြကို လည္းေကာင္း၊ လႈိင္သာယာ၊ ေ႐ႊျပည္သာဘက္ကို လည္းေကာင္း ေျပးဆြဲေနၾကၿပီး ညေနပိုင္းမွာ ၿမိဳ႕ေတာ္ခန္းမေရွ႕က ကားပါကင္မွာ ရပ္နားဂိတ္ထိုးရင္း ေျပးဆြဲတာေတြ၊ ည ၈ နာရီဝန္းက်င္ေလာက္မွာေတာ့ အေနာ္ရထာလမ္းေပၚက လမ္း ၃၀ မွတ္တိုင္အနီးမွာ တန္းစီဂိတ္ထိုး ေျပးဆြဲတာေတြ၊ ပန္းဆိုးတန္းမွတ္တိုင္အနီးမွာ တန္းစီဂိတ္ထိုး ေျပးဆြဲတာေတြ၊ သီရိမဂၤလာေဈးေရွ႕၊ တာေမြ သတိပဌာန္ စတဲ့ ေနရာေတြမွာ ဂိတ္ထိုးေျပးဆြဲလာတာေတြတဲ့အျပင္ စီးနင္းတဲ့ ခရီးသည္ေတြ အမ်ားအျပားရွိေနတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။

“ဒီလိုၾကားကားေတြက စီးနင္းသူ ခရီးသည္ေတြ ရွိတာေၾကာင့္လည္း ျဖစ္ပါတယ္၊ လတ္တေလာမွာ တင္းတင္းၾကပ္ၾကပ္နဲ႔ သြားလုပ္လိုက္ရင္ ဒီဘက္ကလည္း YBS ယာဥ္ေတြကို အျပည့္အ၀ အသုံးမခ်ႏိုင္ေသးတဲ့အခါ ခရီးသည္ေတြ အခက္အခဲျဖစ္ႏိုင္တာေတြလည္း ရွိတာေၾကာင့္ ျပန္လည္စဥ္းစားသုံးသပ္ၿပီး လုပ္ကိုင္ေနၾကရတာ ျဖစ္ပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ညပိုင္းေျပးဆြဲတဲ့ YBS ယာဥ္ေတြဟာ နည္းပါးတာေၾကာင့္ သြားလာလုပ္ကိုင္ေနသူေတြအဖို႔ အိမ္အျပန္ခရီးအတြက္ ၾကားကားေတြကို အားကိုးေနေသးတဲ့ အေျခအေနေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။ယခုေနာက္ပိုင္းမွာ ယာဥ္လိုင္းေျပးဆြဲစဥ္ ကာလအတြင္း တစ္ရက္တာသတ္မွတ္ထားတဲ့ အေခါက္ေရမျပည့္ခင္မွာ ဂက္စ္ျဖည့္သြင္းတာေတြေၾကာင့္ လမ္းေပၚမွာ ခရီးသည္ပို႔ေဆာင္ကာ ေျပးဆြဲေနတဲ့ ယာဥ္တစ္စီးနဲ႔တစ္စီး အလွမ္းေဝကြာကာ စီးနင္းမယ့္ ခရီးသည္ေတြအဖို႔ ၾကပ္ညပ္စြာစီးနင္းေနရေသာ အေျခအေနေတြအတြက္လည္း ယာဥ္လိုင္းကုမၸဏီေတြအေနနဲ႔ ဂက္စ္ျဖည့္သြင္းတာေတြကို စနစ္တက် စာရင္းျပဳစုလုပ္ေဆာင္ကာ ၾကပ္မတ္ေနတယ္လို႔ သိရပါတယ္။

“အထူးသျဖင့္ကေတာ့ ႐ုံးတက္႐ုံးဆင္းခ်ိန္ေတြမွာ လိုင္းဆြဲေနတဲ့ ယာဥ္တစ္စီးနဲ႔တစ္စီး တအားမျခားေအာင္ လုပ္ေဆာင္ေနပါတယ္၊ ကုမၸဏီအသီးသီးကလည္း ကိုယ့္လိုင္းကိုယ္ ကြင္းဆင္းၿပီး ၾကပ္မတ္ဖို႔ေတြ၊ YRTA က စစ္ေဆးေရးအဖြဲ႕ေတြကေန ကြင္းဆင္းစီမံေပးတာေတြနဲ႔လည္း လုပ္ေဆာင္ေနတာေတြ ရွိပါတယ္” လို႔ သူက ဆက္လက္ေျပာၾကားသြားခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕မွာ YBS စနစ္ကို ေျပာင္းလဲခဲ့တာ ႏွစ္ႏွစ္ေက်ာ္သက္တမ္း ရွိလာခဲ့သလို ယင္းသက္တမ္း ကာလထဲ ၂၄ နာရီ ေျပးဆြဲတဲ့ ယာဥ္လိုင္းေတြရွိသလို ည ၁၀ နာရီအထိ ေျပးဆြဲတဲ့ ယာဥ္လိုင္းေတြရွိေပမယ့္ တစ္ခ်ိဳ႕ေသာ ယာဥ္လိုင္းေတြဟာ ည ၈ နာရီေလာက္အထိသာ ေျပးဆြဲေနေသးတဲ့ အေျခအေနေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။ထို႔ေၾကာင့္လည္း ယာဥ္လိုင္းအားလုံးကို ည ၁၀ နာရီအထိ ေျပးဆြဲသြားရန္လည္း တြန္းအားေပးလ်က္ ရွိတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ - ၁၂