ခရီးသွားလုပ်ငန်း ကျဆင်းလာသည့် အတွက် ပြည်နယ်တည်ငြိမ်အေးချမ်းမှုကို ပိုပြီးထိန်းသိမ်းရန် တိုက်ရိုက်တာဝန် ရှိသူများကို ရခိုင်ဝန်ကြီးချုပ် ပြောကြား

ခရီးသွားလုပ်ငန်း ကျဆင်းလာသည့် အတွက် ပြည်နယ်တည်ငြိမ်အေးချမ်းမှုကို ပိုပြီးထိန်းသိမ်းရန် တိုက်ရိုက်တာဝန် ရှိသူများကို ရခိုင်ဝန်ကြီးချုပ် ပြောကြား

ရခိုင်ပြည်နယ်တွင်လုံခြုံတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့်ခရီးသွားလုပ်ငန်းများလည်းကျဆင်းလာသည့်အတွက်တိုက်ရိုက်တာဝန်ရှိသူများ၊ဆက်စပ်နေသူများအနေဖြင့်တည်ငြိမ်မှုကိုပိုပြီးထိန်းသိမ်းရန်လိုအပ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဇူလိုင် ၃၁ ရက်နေ့က ရခိုင်ပြည်နယ်၊အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏(၂/၂၀၁၉)ကြိမ် မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ယင်းညှိနှုင်း အစည်းအဝေးတွင်ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက “ခရီးသွား လာရေးလုပ်ငန်းကရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့အဓိက စီမံကိန်းလုပ်ငန်းမှာ ပါဝင်ပါတယ်။ ပြည်နယ်၏ဒေသအခြေအနေ၊သဘာဝအရင်းအ မြစ်များသည်ခရီးသွားလုပ်ငန်းအတွက် အခွင့်အ လမ်းကောင်းများရှိနေတာဟာလည်း အားသာချက် တစ်ခုဖြစ်ပြီးအောင်မြင်နိုင်သည့် လုပ်ငန်း တစ်ခုဖြစ်ပါတယ်။

 အားလုံးသိထားကြသည့်အတိုင်း ရခိုင်ပြည်နယ်တွင်ငပလီကမ်းခြေနှင့် မြောက်ဦးရှေးဟောင်းနေမြေတို့ရှိသလို မာန်အောင်ကျွန်းကိုကိုလည်း ခရီးသွားလုပ်ငန်းအဖြစ်အကောင်အထည်ဖော်နေပြီလို့ ပြောလို့ရပါတယ်။ တခြားခရီးသွားလုပ်ငန်း အသစ်များဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းက အစအခွင့်အလမ်း ကောင်းများရှိနေပါ တယ်။ ထိုလုပ်ငန်းများကိုတိုးချဲ့ဆောင်ရွက်သွားရန်အစီအစဉ်များရှိပါတယ်။ရင်းနှီးမြှုပ်နှံမည့်ပုဂ္ဂိုလ်များကိုလည်းဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်သည်ဖြစ်စေ၊ ခရီးသွားလာရေးကို ဆောင်ရွက်သည်ဖြစ်စေ လုံခြုံ တည်ငြိမ်အေးချမ်းရေးသည်အဓိကကျပါတယ်။လုံခြုံတည်ငြိမ်မှုမရှိလျှင်ဖွံ့ဖြိုးရေးအပါအဝင် အုပ်ချုပ်ရေးပါ အခက်အခဲဖြစ်နိုင်ပါတယ်။

လုံခြုံတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့်ခရီးသွားလုပ်ငန်းများလည်း ကျဆင်းလာသည်ကိုတွေ့ရှိရပါ တယ်။ဒါကြောင့်တိုက်ရိုက် တာဝန်ရှိ သူတွေဆက်စပ်နေသူများအနေဖြင့်တည်ငြိမ်မှုကိုပိုပြီးထိန်းသိမ်းရန်လိုပါတယ်။သို့မှသာဖွံ့ဖြိုးတိုးတက်ရေးကိုပိုမိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”လို့ ပြော ကြားခဲ့တာပါ။

ဒါ့အပြင်ဝန်ကြီးချုပ်ဦးညီပုကနိုင်ငံတော်အပိုင်းမှလည်းခရီးသွားလုပ်ငန်းအပိုင်းကိုအောင်မြင်အောင်ပံ့ပိုးပေးလျှက်ရှိသလိုခရီးသွားလုပ်ငန်းအပေါ်တွင်သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လုပ်ငန်း ရှင်များ၊ ရင်းနှီးမြှုပ်နှံနိုင်သည့် ပုဂ္ဂိုလ်များကလည်း စိတ်ဝင်စား လျှက် ရှိနေကြတယ် လို့လည်း ဆက်လက် ပြောကြားခဲ့ ပါသေးတယ်။

အဆိုပါ ရခိုင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန် ကြီး များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ အပါအဝင်ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
(ဓာတ်ပုံ - ရခိုင်ပြည်နယ်အစိုးရအဖွဲ့)
ရန်ကုန်၊သြဂုတ် ၁ 

(  Zawgyi  )

 ရခိုင္ျပည္နယ္တြင္လုံၿခဳံတည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္းေၾကာင့္ခရီးသြားလုပ္ငန္းမ်ားလည္းက်ဆင္းလာသည့္အတြက္တိုက္႐ိုက္တာဝန္ရွိသူမ်ား၊ဆက္စပ္ေနသူမ်ားအေနျဖင့္တည္ၿငိမ္မႈကိုပိုၿပီးထိန္းသိမ္းရန္လိုအပ္တယ္လို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပု က ေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဇူလိုင္ ၃၁ ရက္ေန႔က ရခိုင္ျပည္နယ္၊အစိုးရအဖြဲ႕႐ုံးအစည္းအေဝးခန္းမတြင္ ျပဳလုပ္ခဲ့တဲ့ ရခိုင္ျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီ၏(၂/၂၀၁၉)ႀကိမ္ ေျမာက္လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမွာ ၎ကအထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ယင္းညႇိႏႈင္း အစည္းအေဝးတြင္ရခိုင္ျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီဥကၠ႒ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုက “ခရီးသြား လာေရးလုပ္ငန္းကရခိုင္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕အဓိက စီမံကိန္းလုပ္ငန္းမွာ ပါဝင္ပါတယ္။ ျပည္နယ္၏ေဒသအေျခအေန၊သဘာဝအရင္းအ ျမစ္မ်ားသည္ခရီးသြားလုပ္ငန္းအတြက္ အခြင့္အ လမ္းေကာင္းမ်ားရွိေနတာဟာလည္း အားသာခ်က္ တစ္ခုျဖစ္ၿပီးေအာင္ျမင္ႏိုင္သည့္ လုပ္ငန္း တစ္ခုျဖစ္ပါတယ္။

 အားလုံးသိထားၾကသည့္အတိုင္း ရခိုင္ျပည္နယ္တြင္ငပလီကမ္းေျခႏွင့္ ေျမာက္ဦးေရွးေဟာင္းေနေျမတို႔ရွိသလို မာန္ေအာင္ကြၽန္းကိုကိုလည္း ခရီးသြားလုပ္ငန္းအျဖစ္အေကာင္အထည္ေဖာ္ေနၿပီလို႔ ေျပာလို႔ရပါတယ္။ တျခားခရီးသြားလုပ္ငန္း အသစ္မ်ားျဖစ္သည့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ ေတာင္ပိုင္းက အစအခြင့္အလမ္း ေကာင္းမ်ားရွိေနပါ တယ္။ ထိုလုပ္ငန္းမ်ားကိုတိုးခ်ဲ႕ေဆာင္႐ြက္သြားရန္အစီအစဥ္မ်ားရွိပါတယ္။ရင္းႏွီးျမႇဳပ္ႏွံမည့္ပုဂၢိဳလ္မ်ားကိုလည္းဖိတ္ေခၚသြားမွာျဖစ္ပါတယ္။ေဒသဖြံ႕ၿဖိဳးေရးကို ေဆာင္႐ြက္သည္ျဖစ္ေစ၊ ခရီးသြားလာေရးကို ေဆာင္႐ြက္သည္ျဖစ္ေစ လုံၿခဳံ တည္ၿငိမ္ေအးခ်မ္းေရးသည္အဓိကက်ပါတယ္။လုံၿခဳံတည္ၿငိမ္မႈမရွိလွ်င္ဖြံ႕ၿဖိဳးေရးအပါအဝင္ အုပ္ခ်ဳပ္ေရးပါ အခက္အခဲျဖစ္ႏိုင္ပါတယ္။

လုံၿခဳံတည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္းေၾကာင့္ခရီးသြားလုပ္ငန္းမ်ားလည္း က်ဆင္းလာသည္ကိုေတြ႕ရွိရပါ တယ္။ဒါေၾကာင့္တိုက္႐ိုက္ တာဝန္ရွိ သူေတြဆက္စပ္ေနသူမ်ားအေနျဖင့္တည္ၿငိမ္မႈကိုပိုၿပီးထိန္းသိမ္းရန္လိုပါတယ္။သို႔မွသာဖြံ႕ၿဖိဳးတိုးတက္ေရးကိုပိုမိုလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္”လို႔ ေျပာ ၾကားခဲ့တာပါ။

ဒါ့အျပင္ဝန္ႀကီးခ်ဳပ္ဦးညီပုကႏိုင္ငံေတာ္အပိုင္းမွလည္းခရီးသြားလုပ္ငန္းအပိုင္းကိုေအာင္ျမင္ေအာင္ပံ့ပိုးေပးလွ်က္ရွိသလိုခရီးသြားလုပ္ငန္းအေပၚတြင္သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ပူးေပါင္းၿပီး လုပ္ငန္း ရွင္မ်ား၊ ရင္းႏွီးျမႇဳပ္ႏွံႏိုင္သည့္ ပုဂၢိဳလ္မ်ားကလည္း စိတ္ဝင္စား လွ်က္ ရွိေနၾကတယ္ လို႔လည္း ဆက္လက္ ေျပာၾကားခဲ့ ပါေသးတယ္။

အဆိုပါ ရခိုင္ျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီ ညႇိႏႈိင္းအစည္းအေဝးသို႔ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္အစိုးရအဖြဲ႕ဝန္ ႀကီး မ်ားႏွင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား အပါအဝင္ဟိုတယ္ႏွင့္ တည္းခိုရိပ္သာ လုပ္ငန္းရွင္မ်ားတက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
(ဓာတ္ပုံ - ရခိုင္ျပည္နယ္အစိုးရအဖြဲ႕)
ရန္ကုန္၊ၾသဂုတ္ ၁