ခုနှစ်လအတွင်း တရားမဝင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူ သုံးထောင်ကျော်နှင့် လိုင်စင်စည်းကမ်းဖောက်သူ သုံးရာ့ငါးဆယ်ကျော်ကို အမှုဖွင့် တရားစွဲဆိုခဲ့

ခုနှစ်လအတွင်း တရားမဝင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူ သုံးထောင်ကျော်နှင့် လိုင်စင်စည်းကမ်းဖောက်သူ သုံးရာ့ငါးဆယ်ကျော်ကို အမှုဖွင့် တရားစွဲဆိုခဲ့

၂၀၁၉ ခုနှစ်၊ ဇန်နနဝါရီလမှ ဇူလိုင်လအထိ တရားမဝင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူ (၃၁၁၅) ဦးကို အမှု (၃၀၆၄) မှု၊ ယစ်မျိုးလိုင်စင် စည်းကမ်းဖောက်ဖျက်သူ (၃၇၀) ဦးကို အမှု (၃၆၈) မှု အမှုဖွင့် တရားစွဲဆိုအရေးယူနိုင်ခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များ အပြည့်အဝရရှိစေရန် တရားမဝင် ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ စနစ်တကျ အရေးယူနိုင်ရေးအတွက် ယစ်မျိုးလိုင်စင်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Force) များကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဖွဲ့စည်းထားရှိပြီး၊ ယစ်မျိုးသက်ဝင်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်၊ ဖြန့်ဖြူး၊ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လည်းကောင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းကို တရားရုံးအဆင့်ဆင့်မှ လည်းကောင်း၊ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အရေးယူဆောင်ရွက်မှုအနေဖြင့် ၂၀၁၈-ခုနှစ်အတွင်း တရားမဝင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူ (၅၂၀၂) ဦးကို အမှု (၅၁၈၄) မှု၊ ယစ်မျုးိလိုင်စင်ဖောက်ဖျက်သူ (၅၇၅) ဦးကို အမှု (၇၅၄) မှု အမှုဖွင့်တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဇန်နနဝါရီလမှ ဇူလိုင်လအထိ တရားမဝင် ယစ်မျိုးလုပ်ငန်းလုပ်ကိုင်သူ (၃၁၁၅) ဦးကို အမှု (၃၀၆၄) မှု၊ ယစ်မျိုးလိုင်စင် စည်းကမ်းဖောက်ဖျက်သူ (၃၇၀) ဦးကို အမှု (၃၆၈) မှု အမှုဖွင့်တရားစွဲဆို အရေးယူနိုင်ခဲ့ကြောင်း” ဒုတိယဝန်ကြီး ဦးတင်မြင့် က ပြောကြားခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ (၆) လပတ်အတွင်း ယစ်မျိုးခွန် ကောက်ခံရရှိရန်အတွက် ကျပ် ၄၉၀ ဒသမ ၂၇၅ သန်း လျာထားခဲ့ရာ ကျပ် ၇၀၇.၄၅၃ သန်း ကောက်ခံရရှိခဲ့ကြောင်း ယစ်မျိုးခွန်များကို ယခင်က လိုင်စင်သက်တမ်းမှာ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း သက်မှတ်ခဲ့ပြီး ထပ်မံ၍ ဘဏ္ဍာရေးနှစ်နှင့် ကိုက်ညီစေရန် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကောက်ခံခဲ့ကြောင်း လက်ရှိတွင် ဘဏ္ဍာရေးနှစ်နှင့် ကိုက်ညှိ၍ အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ ယစ်မျိုးလိုင်စင်များအား ဘဏ္ဍာရေးနှစ်အလိုက် လေလံတင်ရောင်းချပြီးနောက် အခွန်ငွေအား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်း အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၄ ကြိမ်အထိ အရစ်ကျပေးသွင်းခွင့်ပြုထားရာ အချို့သော ယစ်မျိုးလေလံလိုင်စင်များမှ ပထမ ၆ လပတ်အတွင်း အခွန်ငွေများအား အပြေအကြေ ပေးသွင်းခဲ့ခြင်းကြောင့် ပိုမိုကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးမှ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ပထမ (၆) လပတ် အခွန်ရငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၂/၂၀၁၉) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၂၆

( Zawgyi )

၂၀၁၉ ခုႏွစ္၊ ဇန္နနဝါရီလမွ ဇူလိုင္လအထိ တရားမဝင္ ယစ္မ်ိဳးလုပ္ငန္းလုပ္ကိုင္သူ (၃၁၁၅) ဦးကို အမႈ (၃၀၆၄) မႈ၊ ယစ္မ်ိဳးလိုင္စင္ စည္းကမ္းေဖာက္ဖ်က္သူ (၃၇၀) ဦးကို အမႈ (၃၆၈) မႈ အမႈဖြင့္ တရားစြဲဆိုအေရးယူႏိုင္ခဲ့ေၾကာင္း ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးတင္ျမင့္ က ယေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

“ယစ္မ်ိဳးဆိုင္ရာ စီမံခန႔္ခြဲမႈမ်ားတြင္ ႏိုင္ငံေတာ္အတြက္ ရသင့္ရထိုက္သည့္ အခြန္မ်ား အျပည့္အဝရရွိေစရန္ တရားမဝင္ ေဆာင္႐ြက္မႈမ်ားအား ဥပေဒႏွင့္အညီ စနစ္တက် အေရးယူႏိုင္ေရးအတြက္ ယစ္မ်ိဳးလိုင္စင္မ်ား တိုးျမႇင့္ေကာက္ခံေရးႏွင့္ စိစစ္ၾကပ္မတ္ေရးအဖြဲ႕ (Task Force) မ်ားကို ဗဟိုအဆင့္၊ တိုင္းေဒသႀကီး ျပည္နယ္အဆင့္၊ ခ႐ိုင္အဆင့္ႏွင့္ ၿမိဳ႕နယ္အဆင့္အလိုက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဦးေဆာင္၍ ဖြဲ႕စည္းထားရွိၿပီး၊ ယစ္မ်ိဳးသက္ဝင္ပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ ေရာင္းဝယ္၊ ျဖန႔္ျဖဴး၊ ထုတ္လုပ္ျခင္းႏွင့္ ပတ္သက္၍ ဖမ္းဆီးအေရးယူျခင္းမ်ားကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ လည္းေကာင္း၊ ျပစ္ဒဏ္ခ်မွတ္ျခင္းကို တရား႐ုံးအဆင့္ဆင့္မွ လည္းေကာင္း၊ တာဝန္ယူေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အေရးယူေဆာင္႐ြက္မႈအေနျဖင့္ ၂၀၁၈-ခုႏွစ္အတြင္း တရားမဝင္ ယစ္မ်ိဳးလုပ္ငန္းလုပ္ကိုင္သူ (၅၂၀၂) ဦးကို အမႈ (၅၁၈၄) မႈ၊ ယစ္မ်ဳးိလိုင္စင္ေဖာက္ဖ်က္သူ (၅၇၅) ဦးကို အမႈ (၇၅၄) မႈ အမႈဖြင့္တရားစြဲဆို အေရးယူႏိုင္ခဲ့ၿပီး၊ ၂၀၁၉ ခုႏွစ္၊ ဇန္နနဝါရီလမွ ဇူလိုင္လအထိ တရားမဝင္ ယစ္မ်ိဳးလုပ္ငန္းလုပ္ကိုင္သူ (၃၁၁၅) ဦးကို အမႈ (၃၀၆၄) မႈ၊ ယစ္မ်ိဳးလိုင္စင္ စည္းကမ္းေဖာက္ဖ်က္သူ (၃၇၀) ဦးကို အမႈ (၃၆၈) မႈ အမႈဖြင့္တရားစြဲဆို အေရးယူႏိုင္ခဲ့ေၾကာင္း” ဒုတိယဝန္ႀကီး ဦးတင္ျမင့္ က ေျပာၾကားခဲ့ပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ပထမ (၆) လပတ္အတြင္း ယစ္မ်ိဳးခြန္ ေကာက္ခံရရွိရန္အတြက္ က်ပ္ ၄၉၀ ဒသမ ၂၇၅ သန္း လ်ာထားခဲ့ရာ က်ပ္ ၇၀၇.၄၅၃ သန္း ေကာက္ခံရရွိခဲ့ေၾကာင္း ယစ္မ်ိဳးခြန္မ်ားကို ယခင္က လိုင္စင္သက္တမ္းမွာ ဇန္နဝါရီလမွ ဒီဇင္ဘာလအတြင္း သက္မွတ္ခဲ့ၿပီး ထပ္မံ၍ ဘ႑ာေရးႏွစ္ႏွင့္ ကိုက္ညီေစရန္ ဧၿပီလ ၁ ရက္ေန႔မွ မတ္လ ၃၁ ရက္ေန႔အထိ သတ္မွတ္ေကာက္ခံခဲ့ေၾကာင္း လက္ရွိတြင္ ဘ႑ာေရးႏွစ္ႏွင့္ ကိုက္ညႇိ၍ ေအာက္တိုဘာလ ၁ ရက္ေန႔မွ စက္တင္ဘာလ ၃၀ ရက္ေန႔အထိ ေျပာင္းလဲသတ္မွတ္ခဲ့ေၾကာင္း၊ ယစ္မ်ိဳးလိုင္စင္မ်ားအား ဘ႑ာေရးႏွစ္အလိုက္ ေလလံတင္ေရာင္းခ်ၿပီးေနာက္ အခြန္ေငြအား သက္ဆိုင္ရာ ဘ႑ာေရးႏွစ္အတြင္း အနည္းဆုံး ၂ ႀကိမ္မွ အမ်ားဆုံး ၄ ႀကိမ္အထိ အရစ္က်ေပးသြင္းခြင့္ျပဳထားရာ အခ်ိဳ႕ေသာ ယစ္မ်ိဳးေလလံလိုင္စင္မ်ားမွ ပထမ ၆ လပတ္အတြင္း အခြန္ေငြမ်ားအား အေျပအေၾက ေပးသြင္းခဲ့ျခင္းေၾကာင့္ ပိုမိုေကာက္ခံရရွိခဲ့ျခင္းျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးမွ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ယေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၆) ရက္ေျမာက္ေန႔ အစီအစဥ္တြင္ ျပည္ေထာင္စုအစိုးရအဖြဲ႕မွ ေပးပို႔ေသာ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုဝန္ႀကီးဌာန အဖြဲ႕အစည္းမ်ား၏ ပထမ (၆) လပတ္ အခြန္ရေငြစာရင္းမ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္သူ႔ေငြစာရင္း ပူးေပါင္းေကာ္မတီ၏ ေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာ (၁၂/၂၀၁၉) အပါအဝင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခ်က္မ်ားအေပၚ ျပန္လည္ရွင္းလင္းရာတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၂၆