ခြောက်ဘီးဒိုင်နာယာဉ် တစ်စီး ယာဉ်မောင်း အိပ်ငိုက်ကာ သစ်ပင်ဝင်တိုက်ကာ ညှပ်နေသဖြင့် ကယ်ထုတ်ရ

ခြောက်ဘီးဒိုင်နာယာဉ် တစ်စီး ယာဉ်မောင်း အိပ်ငိုက်ကာ သစ်ပင်ဝင်တိုက်ကာ ညှပ်နေသဖြင့်  ကယ်ထုတ်ရ

ကုန်ပစ္စည်းများတင်ဆောင်လာသည့် ခြောက်ဘီးဒိုင်နာယာဉ်တစ်စီး ယာဉ်မောင်းအိပ်ငိုက်ကာ သစ်ပင်ဝင်တိုက်မှုဖြစ်စဉ်တစ်ခု ဒီကနေ့ မေ ၉ ရက်၊နံနက်ပိုင်းအချိန်က လက်ပံတန်းမြို့နယ်အတွင်းဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့်ကားအတွင်းညပ်မိနေသည့် ယာဉ်မောင်းအား ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ထုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်၊ကျွန်းကလေးအုပ်စု ရန်ကုန် - ပြည်ကား လမ်းမကြီး၊ လက်ပံတန်းလူမှုကယ်ဆယ်ရေးရုံးရှေ့တွင်ဖြစ်ပွားခဲ့တာပါ။ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ လက်ပံတန်း၊သာယာဝတီ၊ကျွန်းကလေး အစရှိသည့် မြို့နယ်များမှမီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများက လိုအပ်သည့်ကူညီကယ်ဆယ်မှုများကို ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်း ဦးသန်းထိုက် ကိုလည်း လက်ပံတန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ အောင်လံမြို့တွင်နေ ထိုင်သူဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊မေ ၉

(  Zawgyi  )

ကုန္ပစၥည္းမ်ားတင္ေဆာင္လာသည့္ ေျခာက္ဘီးဒိုင္နာယာဥ္တစ္စီး ယာဥ္ေမာင္းအိပ္ငိုက္ကာ သစ္ပင္ဝင္တိုက္မႈျဖစ္စဥ္တစ္ခု ဒီကေန႔ ေမ ၉ ရက္၊နံနက္ပိုင္းအခ်ိန္က လက္ပံတန္းၿမိဳ႕နယ္အတြင္းျဖစ္ပြားခဲ့ၿပီး ယင္းျဖစ္စဥ္ေၾကာင့္ကားအတြင္းညပ္မိေနသည့္ ယာဥ္ေမာင္းအား ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားက ကူညီကယ္ထုတ္ေပးခဲ့ရတယ္လို႔ သိရပါတယ္။

အဆိုပါျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊သာယာဝတီခ႐ိုင္၊လက္ပံတန္းၿမိဳ႕နယ္၊ကြၽန္းကေလးအုပ္စု ရန္ကုန္ - ျပည္ကား လမ္းမႀကီး၊ လက္ပံတန္းလူမႈကယ္ဆယ္ေရး႐ုံးေရွ႕တြင္ျဖစ္ပြားခဲ့တာပါ။ယာဥ္တိုက္မႈျဖစ္ပြားရာ ေနရာသို႔ လက္ပံတန္း၊သာယာဝတီ၊ကြၽန္းကေလး အစရွိသည့္ ၿမိဳ႕နယ္မ်ားမွမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားက လိုအပ္သည့္ကူညီကယ္ဆယ္မႈမ်ားကို ေဆာင္႐ြက္ေပးခဲ့ရတယ္လို႔ သိရပါတယ္။

ထိခိုက္ဒဏ္ရာရရွိသူ ယာဥ္ေမာင္း ဦးသန္းထိုက္ ကိုလည္း လက္ပံတန္းေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူမွာ ေအာင္လံၿမိဳ႕တြင္ေန ထိုင္သူျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ေမ ၉