ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှု ကန်ဒေါ်လာသန်း ၈၀၀ ထိရှိကာကုန်သွယ်ရေးပိုငွေ သန်း ၃၀၀ ကျော်ဖြစ်ပေါ်

 ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှု ကန်ဒေါ်လာသန်း ၈၀၀ ထိရှိကာကုန်သွယ်ရေးပိုငွေ သန်း ၃၀၀ ကျော်ဖြစ်ပေါ်

ကုန်သွယ်ရေးဦးစီးဌာနက ဧပြီလအတွင်းထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပြီးခဲ့ သည့် ဖေဖေါ်ဝါရီလအတွင်း ကုန်သွယ်မှု ပမာဏမှာကန်ဒေါ်လာ သန်း ၂၀၀ကျော်ရှိပြီး ထိုပမာဏမှာ ယခု ဘဏ္ဍာရေးနှစ်သစ် ငါးလတာအတွင်း အများဆုံးကုန်သွယ်မှု ပမာဏဖြစ် တယ်လို့ သိရပါတယ်။    

အဆိုပါစာရင်းအချက်အလက်များအရ ဖေဖေါ်ဝါရီလအတွင်း ဂျပန်-မြန်မာကုန်သွယ်မှုမှာပို့ကုန် အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၂၅၃ သန်းရှိခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီလကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ၁၇၅ဒသမ၆၃ သန်းဖိုးထက် ကန်ဒေါ်လာ သန်း ၃၀ ကျော် ပိုခဲ့ကြောင်း သိရပါတယ်။

“ဂျပန်ဘက်က ဒီကနေ CMPနဲ့ တခြား ရေထွက်ကုန်တွေ၊ လယ်ယာထွက်ကုန်တွေ ယူတာရှိတယ်။ အထူးသဖြင့် သီလဝါကို ဂျပန်ကို လက်ခ စားတွေ ချပေးတာရှိတယ်။ ကားစက်ရုံတွေဘာတွေ ရှိတယ်။နောက်ဆို ဒီကေန ပြန်တင်ရမှာတွေရှိတယ်။ဟိုဘက်ကတော့ မြန်မာလိုအပ်တဲ့ ယာဉ်နဲ့စက်ကရိယာတွေ၊တခြား စက်ပစ္စည်းတွေ ပို့တာတွေရှိတယ်”လို့ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့သည့် ကာလတိုဘတ်ဂျက်ကာလအတွင်းဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားတစ်လတာကုန် သွယ်မှုမှာပျမ်းမျှပမာဏမှာကန်ဒေါ်လာသန်း ၁၈၂ ဒသမ ၆၄၀ ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘတ်ဂျက် ကာလသစ် အောက်တိုဘာလအတွင်းကန်ဒေါ်လာ ၁၅၂ ဒသမ ၅၂၀ သန်း၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၁၄၆ ဒသမ ၂၂၈ သန်း၊ဒီဇင်ဘာလအတွင်းကန်ဒေါ်လာ ၁၅၄ ဒသမ ၀၈၆ သန်း၊ဇန်နဝါရီလတွင်  ကန်ဒေါ်လာ ၁၇၅ ဒသမ ၆၃ သန်း၊ဖေဖေါ်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၂၅၃ သန်း ကုန်သွယ်မှုဖြစ်ပေါ်ခဲ့သဖြင့် တစ်လချင်း ပျမ်းမျှကုန်သွယ်မှုကိုကြည့်ပါကာ ကန်ဒေါ်လာ ၁၆၆ သန်းသာရှိသဖြင့် ၂၀၁၈ ကာလတိုဘတ်ဂျက် ကာလအတွင်း ကုန်သွယ်မှု ပမာဏထက် လျော့နည်းနေကြောင်း တွေ့ရပါတယ်။  

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းဂျပန်-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၀၉ ဒသမ ၄၈၆ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၃၀၅ ဒသမ ၀၅၈ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၈၄၅ ဒသမ ၉၇၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၀၃၁ ဒသမ ၇၉၁ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ ၁၉၂၁ ဒသမ ၉၀၄ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ် လာ၁၀၉၅ ဒသမ ၈၄ ၄ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖေါ်ဝါရီလအထိ ၅လတာကာလအတွက် ကန်ဒေါ်လာ ၈၃၄ ဒသမ ၇၁၇ သန်းထိကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ဧပြီ ၃၀

(  Zawgyi  )






PWA
ရန်ကုန်၊ဧပြီ ၃၀