ဂျာမနီနှင့် ကုန်သွယ်မှု ဘဏ္ဍာရေးနှစ်သစ် ဖေဖေါ်ဝါရီလအထိ ကန်ဒေါ်လာ သန်း၃၀၀ ကျော်ရှိ

 ဂျာမနီနှင့် ကုန်သွယ်မှု ဘဏ္ဍာရေးနှစ်သစ် ဖေဖေါ်ဝါရီလအထိ ကန်ဒေါ်လာ သန်း၃၀၀ ကျော်ရှိ

ဘဏ္ဍာရေးကာလသစ် ဖေဖေါ်ဝါရီလအထိ ဂျာမနီနှင့် မြန်မာနိုင်ငံကြားကုန်သွယ်သည့်ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် အထိရှိလာပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ကာလတိုဘတ်ဂျက် ၆ လတာ ကုန်သွယ်မှုပမာဏထက်အနည်းငယ်သာလျော့ကြောင်း ဧပြီလအတွင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ကိန်း ဂဏန်းအချက်အလက်များအရ သိရပါတယ်။

ဂျာမနီနှင့် ကာလတိုဘတ်ဂျက်ကာလအတင်း တစ်လတာ  ပျမ်းမျှကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၆၂ သန်းကျော်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးကာလသစ် ငါးလတာအတွင်း ပျမ်းမျှပမာဏမှာ ကန်ဒေါ်လာ သန်း၆၀ ကျော်သာရှိသဖြင့် ပြီးခဲ့သည့် ၆ လတာကာလအတွင်း တစ်လပျမ်းမျှကုန်သွယ်မှုထက် နှစ်သန်းခန့် လျော့နည်းခဲ့ပါတယ်။

ထိုပမာဏမှာ မြန်မာနိုင်ငံနှင့် ပုံမှန်ကုန်သွယ်ရေးရှိသည့် အီတလီ် ၊ပြင်သစ်၊ နယ်သာလန်၊စပိန်စသည့် နိုင်ငံများထက် ပိုမိုကုန်သွယ်ခဲ့ခြင်းဖြစ်ကာ အာရှဒေသတွင်းနိုင်ငံများကုန်သွယ်မှုပမာဏထက် လျော့နည်း ကြောင်း နိုင်ငံများ၏စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်-သွင်းကုန်၊ ကုန်သွယ်မှု ပမာဏ အခြေ အနေစာရင်း အရသိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ဖေဖေါ်ဝါရီလအထိ ဂျာမနီ-မြန်မာကုန်သွယ်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၂၈ဒသမ ၉၄၅  သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၁၆၅ သန်းရှိပြီးစုစုပေါင်း အမေရိ ကန် ဒေါ်လာ ၃၀၄ ဒသမ ၁၁၈  သန်းဖိုးကုန်သွယ်ခဲ့ကာ ဖေဖေါ်ဝါရီလအတွင်း ကုန်သွယ်မှု ပိုငွေ ကန်ဒေါ်လာ ၁၅၃ သန်း ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ဂျာမနီ-မြန်မာကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ ၁၂၃ ဒသမ ၅၉၇ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၄၇ ဒသမ ၁၈၅ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၅၃ ဒသမ ၇၈၁ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အ မေရိကန် ဒေါ်လာ ၃၄၂ ဒသမ ၁၀၉ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိ ကန် ဒေါ်လာ ၅၈၄ ဒသမ ၀၁၂ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန် ဒေါ်လာ ၃၇၃ ဒသမ ၂၉၂ သန်း ထိကုန်သွယ် ခဲ့ကြောင်း သိရပါ တယ်။

PWA
ရန်ကုန်၊ ဧပြီ ၃၀ 

(  Zawgyi  )

 ဘ႑ာေရးကာလသစ္ ေဖေဖၚဝါရီလအထိ ဂ်ာမနီႏွင့္ ျမန္မာႏိုင္ငံၾကားကုန္သြယ္သည့္ပမာဏမွာ အေမရိကန္ ေဒၚလာ သန္း ၃၀၀ ေက်ာ္ အထိရွိလာၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ကာလတိုဘတ္ဂ်က္ ၆ လတာ ကုန္သြယ္မႈပမာဏထက္အနည္းငယ္သာေလ်ာ့ေၾကာင္း ဧၿပီလအတြင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ကိန္း ဂဏန္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ဂ်ာမနီႏွင့္ ကာလတိုဘတ္ဂ်က္ကာလအတင္း တစ္လတာ  ပ်မ္းမွ်ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ ၆၂ သန္းေက်ာ္ရွိၿပီး ၂၀၁၈-၂၀၁၉ ဘ႑ာေရးကာလသစ္ ငါးလတာအတြင္း ပ်မ္းမွ်ပမာဏမွာ ကန္ေဒၚလာ သန္း၆၀ ေက်ာ္သာရွိသျဖင့္ ၿပီးခဲ့သည့္ ၆ လတာကာလအတြင္း တစ္လပ်မ္းမွ်ကုန္သြယ္မႈထက္ ႏွစ္သန္းခန႔္ ေလ်ာ့နည္းခဲ့ပါတယ္။

ထိုပမာဏမွာ ျမန္မာႏိုင္ငံႏွင့္ ပုံမွန္ကုန္သြယ္ေရးရွိသည့္ အီတလီ္ ၊ျပင္သစ္၊ နယ္သာလန္၊စပိန္စသည့္ ႏိုင္ငံမ်ားထက္ ပိုမိုကုန္သြယ္ခဲ့ျခင္းျဖစ္ကာ အာရွေဒသတြင္းႏိုင္ငံမ်ားကုန္သြယ္မႈပမာဏထက္ ေလ်ာ့နည္း ေၾကာင္း ႏိုင္ငံမ်ား၏စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ကုန္သြယ္ ေရးဦးစီးဌာနက ထုတ္ျပန္တဲ့ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္-သြင္းကုန္၊ ကုန္သြယ္မႈ ပမာဏ အေျခ အေနစာရင္း အရသိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ေဖေဖၚဝါရီလအထိ ဂ်ာမနီ-ျမန္မာကုန္သြယ္မႈမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၂၂၈ဒသမ ၉၄၅  သန္း၊ သြင္းကုန္ အေမရိကန္ေဒၚလာ ၇၅ ဒသမ ၁၆၅ သန္းရွိၿပီးစုစုေပါင္း အေမရိ ကန္ ေဒၚလာ ၃၀၄ ဒသမ ၁၁၈  သန္းဖိုးကုန္သြယ္ခဲ့ကာ ေဖေဖၚဝါရီလအတြင္း ကုန္သြယ္မႈ ပိုေငြ ကန္ေဒၚလာ ၁၅၃ သန္း ေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း ဂ်ာမနီ-ျမန္မာကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ ၁၂၃ ဒသမ ၅၉၇ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၄၇ ဒသမ ၁၈၅ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၅၃ ဒသမ ၇၈၁ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အ ေမရိကန္ ေဒၚလာ ၃၄၂ ဒသမ ၁၀၉ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိ ကန္ ေဒၚလာ ၅၈၄ ဒသမ ၀၁၂ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ ေဒၚလာ ၃၇၃ ဒသမ ၂၉၂ သန္း ထိကုန္သြယ္ ခဲ့ေၾကာင္း သိရပါ တယ္။

PWA
ရန္ကုန္၊ ဧၿပီ ၃၀